ဆီးချိုအတွက် ဥသျှစ်သီ

ဆီးချိုအတွက် ဥသျှစ်သီး

ဆီးချိုဖြစ်တာ နှစ်၂၀ ရှိပြီဖြစ်တဲ့ အမေပျောက်တဲ့အတွက် ဆေးနည်းဒါနပြုတာပါ။ဤဆေးနည်းကိုဖြန့်ဝေပါတယ်..


လိုအပ်သော ပစ္စည်းမှာ- ရဲယိုရွက် နှင့် ဥသျှစ်သီးပါ ။

ပြုလုပ်ပုံ

ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံး ကို ရေနှင့်ပွက်ပွက်ဆူအောင် ကျိုပါ ။

ရေ ၆ ပုလင်း သို့ ၁၀ ပုလင်း ခန့် နှင့်ထည့်ကျိုပါ။

ပွက်ပွက်ဆူပြီး အရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင် ရပါပြီ ။

တရက် လက်ဖက်ရည်သောက်ခွက်၂ခွက်ခန့်သောက်ပါ။

မနက်တခွက် ညတခွက်သောက်ရပါမယ် ။

အမေ ပျောက်တဲ့အတွက်ဆေးနည်း ဒါနပြုတာပါ။

ဥသျှစ်သီး အစိုဖြစ်စေ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။

ဆီးချိုအတွက်သောက်သုံးရန်ဖြစ်ပါတယ် ။

ပိုစ့်တင်သူရဲ့မိခင်နှစ်၂၀ကျော်ဆီးချိုရောဂါဖြစ်နေတာ

ရဲယိုရွက်နဲ့ဥသျှစ်သီးခြောက်နှစ်မျိုး ကျိုချက်ပြီး မနက်တခွက် ညအိပ်ရာဝင်တခွက် သောက်ရပါတယ် ။

တခါချက်လျင် ၃ရက်၄ရက်စာ ချက်ရပါတယ် ။

ဥသျှစ်သီး နှင့် ရဲယိုရွက် ကို အစိုရရ အခြောက်ရရ အာနိသင်ရှိတာ တူပါတယ် ။ ။

ဥသျှစ်သီး၏ ကျန်းမာရေး စွမ်းပကား

ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဥသျှစ်သီးက မှည့်သွားတဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။

ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့အာနိသင်ရှိပါတယ်။

ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။

အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့့လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။

ဝမ်းမှန်မှန် သွားစေပါတယ် ။

ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။

အ ကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ဝမ်းကိုက်တာကို သက်သာစေပါတယ်။

မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။

အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကို သုံးသင့်ပါတယ်။

အစာအိမ်အနာကို သက်သာစေပါတယ် ။

ဥသျှစ်ရွက်ကို အစာအိမ်အနာကုသဆေးအဖြစ် သုံးကြပါတယ်။

အကြောင်းကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။

နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ် ။

ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြ
ပါတယ်။

အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်ကို တမာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက် သာစေပါတယ်။

အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့အစွမ်း ရှိလို့ပါ။

အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာတွေကို သက်သာစေပါတယ် ။

ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူပေးရင် မကြာခဏ အအေးမိတာ၊အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။

ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိဝေဒနာကိုလည်း လျော့ပါးစေပါတယ်။

ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်းနည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း
ဝေဒနာတွေကို သက်သာစေပါတယ်။

အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ် ပါတယ်။

ဒါကြောင့် အစာမကြေတာနဲ့ အူမကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။

Credit : မြန်မာ့တိုင်းရင်းဆေးဗဟုသုတ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *