နောက် ၂၄ နာရီအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းငယ် (Depression) အခြေအနေ
နိုင်ဝင်ဘာ ၂၀၊ ၂၀၂၀
ဘင်္ဂလားပင်လယိအော်တောင်ပိုင်းတွင် နောက် ၂၄နာရီအတွင်း လေဖိအားနည်းလေဝဲတစ်ခုဖြစ်လာနိုင်ပါတယ်။ ၂၃ရက်နေ့မှာ Depression မုန်တိုင်းငယ်အဆင့်ရောက်ရှိနိုင်ပါတယ်။ သိရိလင်္ကါ တမိနာဒုသို့ ဦးတည်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်

သိရိလင်္ကါနိုင်ငံကို ၂၅ရက် ၂၆ရက်နေ့တွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။ အဆိုပါမုန်တိုင်းမှ မြန်မာနိုင်ငံကို မိုးတစ်ပေါက်တောင်ကျမှာမဟုတ်ပါဘူး။ ၂၁ရက်နေ့ ၂၂ရက်နေ့ တနင်္သာရီတိုင်း မိုးရွာနိုင်တာကတောလ မလက္ကာရေလက်ကြားမှအထက်

လေးစီးမိုးတွေဖြစ်ပြီး ၂၂ရက်နေ့ ကချင်ပြည်နယ်မိုးနှင်းမိုးရွာမှာကတော့ ဟိမဝန္တာလေစီးပါ နာဂလန်းဖက်ကဝင်ရောက်လာမှာပါ။ ဧရာဝတီတိုင်းက မိုးစိုးရိမ်နေကြတဲ့သူတွေ လတ်တလော မိုးရွာဖို့အစီအစဥ်မရှိသေးပါဘူး စိတ်အေးလက်အေး

စိုက်ပျိုးခြင်း ရိတ်သိမ်းခြင်းပြုလုပ်ကြပါလို့ မိုးလေဝသဆရာမလေး Su Su San ကပြောကြားလိုက်ပါတယ်။
20/11/2020 at 3:27pm (MMT) Su SuSan