အကယ်ဒမီသရုပ်ဆောင်ဇင်မာဦး ၏ နောက်ဆုံးခရီး မြင်ကွင်းပုံရိပ်များ

ကွယ်လွန်သူ အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး (အသက် ၅၁) နှစ် ၏ ဈာပန ကို ဒီကနေ့ ၊ မတ်လ (၁၂) ရက်နေ့တွင် ရန်ကုန် ၊ ရေဝေး သုဿန်မှာ ကျင်းပ ခဲ့ပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာ သီဟတင်စိုး ရဲ့ ဇနီး ၊ သရုပ်ဆောင် ဇင်မာဦး ဟာ အဆုတ်ကင်ဆာ ရောဂါ ဝေဒနာကို (၂) နှစ်ကျော် ခံစားခဲ့ရပြီး၊

မတ်လ (၁၁) ရက်နေ့ ၊ နေ့လည်ပိုင်းက ရန်ကုန် ၊ အောင်ရတနာ ဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သီဟတင်စိုး နဲ့ ဇင်မာဦး တို့ဟာ သားတစ်ဦး ၊ သမီးတစ်ဦး ထွန်းကား ခဲ့ပါတယ်။
အကယ်ဒမီဆုရှင် မင်းသမီး မမဇင်မာဦး တစ်ယောက် ကောင်းရာသုဂတိကိုလားပါစေကြောင်း မင်မင်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…



