စိုင်းစိုင်းခမ်းလှိုင်အား Brand Ambassador ခန့်ထားခြင်းများအပေါ် ဝေဖန် ကန့်ကွက်မှုများထွက်ပေါ်
စိုင်းစိုင်းနှင့်ပတ်သက်ပြီး Brand Ambassador ခန့်ထားခြင်းများအပေါ် ဝေဖန် ကန့်ကွက်မှုများထွက်ပေါ်စိုင်းစိုင်းခမ်းလှိုင်နှင့်ပတ်သက်ပြီး Brand Ambassador ခန့်ထားခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်နေကြပြီး

စိုင်းစိုင်းခမ်းလှိုင်နှင့် ကြေငြာဖူးသော Brands များဆီသို့ ပြည်သူများမှ ဆက်သွယ်ပြီးစိုင်းစိုင်းအား Ambassador ဖြုတ်ချပေးရန် တောင်းဆိုနေကြတဲ့အတွက် G-SHOCK, NESCAFÉ, Decolgen စတဲ့ Brands များမှသူတို့နှင့် ပတ်သတ်မှုမရှိနေကြောင်း

အသီးသီးထုတ်ပြန်ကြေငြာထားကြတာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်က ပရိသတ်တစ်ဦးဖြစ်ခဲ့တဲ့ ဝတ်ရည်က “ကျမအရင်က ကိုစိုင်းကို အရမ်းအားပေးခဲ့တယ်.. အခု နဲနဲလေးမှ အားမရနေဘူး.. ပြည်သူတွေက အသတ်ခံနေရတာရှင့်..သူ့ရဲ့အရှိန်နဲ့ဆို လုပ်လို့ရတာတွေ အများကြီးပဲလေ..

စဖြစ်ထဲက ကျမကိုစိုင်းအသံကြားချင်ခဲ့တာပါ..အဲ့ထဲက ငြိမ်နေပြီး နောက်မှ သံဗုံးလေးတီးလိုက် မုန့်လေးထွက်လှူလိုက်က မဖြစ်သင့်ဘူး..
ကိုစိုင်းဖြစ်ဖြစ် ဘယ်ဆယ်လီဖြစ်ဖြစ်နော်..အခုအာဏာရှင်တော်လှန်ရေးမှာ ကျမတို့ ပြည်သူတွေနဲ့ တသားထဲ မားမား မတ်မတ် မရပ်တည်နေတဲ့ သူတွေ၊ ဟန်ဆောင်ရပ်တည်နေတဲ့ သူတွေနဲ့

လုံးဝ အသံတိတ်ပြီးနဲနဲလေးမှ မရပ်တည်ပေးနေတဲ့အနုပညာရှင်တွေအားလုံးကိုကျမတို့ Social Punishment တွေ လုပ်ပြီး ခါးခါးသီးသီး ဆန့်ကျင်သွားမယ်” လို့ ဆိုပါတယ်။
တခြားကျန်သေးတဲ့ စိုင်းစိုင်းရဲ့ လက်တွဲထားတဲ့ Brands တွေ ဖြစ်တဲ့ Gatsby, Samsung စတဲ့ Brands တွေကိုလဲဆက်သွယ်သွားမယ်၊ မဖြုတ်ပေးဘူးဆိုရင် အဲ့ Brands တွေကိုပါ Boycott လုပ်ဖို့ လုပ်ဆောင်သွားမယ်လို့လဲသူမကဆိုထားပါတယ်။

Source:Internet