လက်သည်းခွံပေါ်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

လက်သည်းခွံပေါ်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံ အရင်းနေရာ ကနေ ထွက်လာတဲ့ အဖြူရောင်လခြမ်းသဏ္ဍာန်လေးတွေကိုသတိပြုမိပါသလား။တကယ်တော့ဒီလခြမ်းလေးတွေကလက်သည်းရဲ့အရမ်းကိုအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေ ကတဆင့်သင့်ရဲ့ကျန်းမာရေးအခြေအနေကိုအများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်။

တရုတ်ဆေးပညာမှာလက်သည်းပေါ်ကလခြမ်းလေးတွေကိုလေဖိအားတိုင်းကိရိယာလိုပဲ ကျန်းမာရေးကိုတိုင်းတဲ့ကိရိယာတစ်ခုအနေနဲ့ မှတ်ယူပါတယ်။ လခြမ်းရဲ့ အခြေအနေက သင့်ကျန်းမာရေး သင်္ကေတပါ။

ကျန်းမာရေးချွတ်ယွင်း လာတဲ့အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ကျန်းမာ ရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာတတ်ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်းအားလုံးပေါ်မှာအထိ လခြမ်းတွေ ရှိနေမယ် ဆိုရင် ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေတာကို ပြပါတယ်။

လခြမ်းက ပိုဖြူလေ ကျန်းမာရေး ပိုကောင်းလေပဲ ဖြစ်ပါတယ်။ လခြမ်းတွေကို ၈ ချောင်းအောက် ပိုနည်းပြီးတွေ့ရမယ် ဆိုရင် စွမ်းအင် ပိုနည်းသွားပြီး ခုခံအားစနစ်လည်း အားနည်းနေတာကို ပြတာဖြစ် ပါတယ်။လက်မ နှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေ ရှိတယ် ဆိုရင်တော့ အလွယ်တကူ နာမကျန်းဖြစ် နိုင်တယ် ဆိုတာကို သိထားရပါမယ်။

လေ့လာမှု တစ်ခုအရ လက်သည်းခွံ အားလုံးမှာ လခြမ်းတွေလုံးဝမရှိဘူးဆိုရင်တော့ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေအများကြီးဖြစ်နေတာကို ပြတာပဲဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း၊ သံဓာတ် အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ် တတ်ပါ တယ်။

သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေးကြည့်သင့် ပါတယ်။ သိုင်းရိုွက် အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

Credit:

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *