ပျားရည်ဆမ်းကြက်ကင်နည်း

ပျားရည်ဆမ်းကြက်ကင်

ပါဝင်ပစ္စည်းများ-

ပျားရည် စားပွဲတင်ဇွန်း ၇ဇွန်းဆားနဲနဲ၊ ကြက်သားမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းအရောင်တင်မှုန့် ဇွန်းတဝက်၊သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းပဲငံပြာရည်အနောက် ၁ ဇွန်းfive spice powderတစ်ဇွန်း၊

ငရုတ်ကောင်း ဇွန်းတဝက်၊ dried basil ဇွန်းတဝက်အထက်ပါတို့ကို ခွက်ထဲတွင် ရောမွှေထားပါကြက်တစ်ကောင်မုန်လာဥအသေးလေး ၅ဥ၊ parsnip သုံးလုံး ထက်ခြမ်းခွဲ ခရမ်းချဉ်သီး ၂လုံး ထက်ခြမ်းခွဲ။

ကြက်သားကိုရေစင်စင်ဆေးပြီး ပထမဆုံး ကျောရိုးကခွဲချလိုက်ပါ၊ ရင်ပုံ နဲ့ ပေါင်သား တွေကိုဓားနဲ့ မွှန်းလိုက်ပါ၊ ခွက်ထဲတွင် ရောမွှေထားသော အရသာအရည်များကို အနည်းငယ်ချန်၍ ကြက်တကောင်လုံးကိုနယ်ပြီ ၁၅ မိနစ်ခန့် နှပ်ထားပါ။

ပြီးရင် oven tray ထဲ ထဲ့ပါ၊ ခွက်ထဲတွင်ကျန်သော အရသာအရည်များကိုအသီးအနှံများကိုသုတ်လိမ်းပေးပြီးဗန်းထဲသို့ ထဲ့ပါ၊ကြက်သား တဖက်စီကို လေးဆယ် မိနစ်ခန့် အပူချိန် ၂၀၀ အပေါ်မီး အောက်မီး နဲ့ ကင်ပေးပါ။

ပြီးရင် အလွန်မွှေးသော အရသာရှိသော ပျားရည်ဆမ်းကြက်ကင် လေးရပါပြီ။ အာလူးချောင်း ကြော်လေးတွေ၊ salad mix ၊ olive ၊ cheese တို့နဲ့ တွဲစားရင် အလွန်ကောင်းပါတယ်။

Credit:

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *