သင်တို့မသိသေးတဲ့ ကြောက်စရာကောင်းတဲ့ အမြစ်တိုနဲ့ပဲပင်ပေါက်

သင်တို့မသိသေးတဲ့ ကြောက်စရာကောင်းတဲ့ အမြစ်တိုနဲ့ပဲပင်ပေါက်

ကြောက်စရာကောင်းပါတယ် ပဲပင်ပေါက် စားသူတိုင်းသိ ဖို့ မျှဝေပေးပါ.. (အမြစ်လည်းတို အသက်လည်းတို)

မိ တ်ဆွေတစ်ယောက်က ပဲပင်ပေါက်လုပ်ငန်း လုပ်ဖို့အကြံတောင်းတဲ့အခါ လုပ်နည်းစနစ်လေးတွေ ပြောပြဖြစ်တယ်ပေါ့။ နောက်ရက်အနည်းငယ်ကြာတော့ သူကဖုန်းဆက်တယ် ” ကိုကြမ်းရေ ” ပဲပင်ပေါက်လုပ်တဲ့နည်းမှာ ဆေးသုံးကြတယ်ဗျ။

အဲ့ဒိဆေးသုံးရင် ပဲပင်ပေါက်အမြစ်တွေ မပါသလောက်ကို တိုတယ် အဲ့ဆေးအမည်သိလား”ကိုကြမ်း”ဟာ ငါသိတဲ့နည်းက ပေါက်လာတဲ့ အပင်တွေကို အမြစ်ကနေဓားနဲ့ဖြတ် ရောင်းတာပဲသိတာ အမြစ်တိုဆေးသုံးတာ မသိသလို အဲ့ဆေးအမည်လည်း မသိဘူးဟ စုံစမ်းကြည့်အုံးမယ်။

ငါပြန်ပြောမယ် ခဏတော့စောင့်။အဲ့ဒိအဖြေပေးပြီး မှတ်ဉာဏ်ထဲ သိမ်းဆည်းထားတဲ့ ပဲပင်ပေါက် လုပ်ငန်းလုပ်နေတဲ့ မိတ်ဆွေတွေကို လိုက်စုံစမ်းတော့ အဖြေက * ဟုတ်တယ်ဗျ ကိုလူကြမ်းရ အမြစ်တိုဆေး သုံးကြတယ်။

ဒါတင်မကဘူးဗျ အချို့တွေက ချွတ်ဆေးတွေပါ သုံးကြသေးတယ်။** ဟာ ခင်ဗျားဟာ နောက်ဆေးတစ်မျိုးတောင် တိုးလာပါလား..သိသလောက်လေး ရှင်းပြပါအုံး။ဘာဖြစ်လို့သုံးကြတာလည်း ?ဘာတွေထူးခြားလို့ သုံးတာလည်း

ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ အမြစ်တိုဆေးသုံးတာက တိုနေတဲ့အမြစ်လေးပါ ချက်စားလို့ရသလို အမြင်လည်းကောင်းတာ ပါမယ်ဗျ။ နောက်တစ်ချက်က ဖောက်ပြီးရောင်းတဲ့အခါ အမြစ်ပါထည့်ပေးလိုက်တော့ ရေရှည်ခံတယ်လေ။

ချွတ်ဆေးသုံးတာကတော့ ပဲပင်ပေါက်တွေက ရက်ကြာတဲ့အခါ အရောင်ပြောင်းပြီး ဈေးကွက်မှာမလှတော့ အရောင်ဖြူအောင် ချွတ်ဆေးသုံးကြတာ ဖြစ်နိုင်တယ်ဗျ။* * အဲ့ဒိအမြစ်တိုဆေးဆိုတာ ဘယ်ကထုတ်တာလည်း ?သူ့စွမ်းအားဘယ်လောက်ရှိလည်း ?ဓာတ်ကြွင်းအာနိသင်ကာလ ?အဲ့ဒါလေးတွေ သိလားဗျ သိသလောက်လေး ပြောပြပါလား ?

ထိုင်းစာတွေနဲ့မို့ ထိုင်းကထုတ်တာတော့ သိတယ် ဒီလောက်ပဲ ကျန်တာတွေကတော့ ပဲတပိသာဖောက်ရင် ဒီဆေးကိုဒီလောက်ထည့်ရတယ်ဆိုတဲ့ တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး လုပ်နေကြတာ။ ဈေးကွက်ကလည်း လက်ခံ စားသုံးသူကလည်း နှစ်သက်နေလေတော့ အမှားကြာ အမှန်ဖြစ်ထုံးစံအတိုင်းပဲပေါ့ ကိုလူကြမ်းရေ။

* * အဲ့ဒိတိုဆေးဗူးပုံလေး ပို့ပေးပါလား ?* ဗူးကြီးဝယ်မသုံးတာကြာပြီ တခါသုံး (တခါသုံး အုန်းဆီဗူးလို)ဗူးလေးတွေပဲ သုံးနေကြတော့တယ်။အဲ့ဒါနဲ့ပဲ ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ ထောက်ကြန့်ဈေးထဲသွား တိုဆေး အကြောင်း စနည်းနာကြည့်တော့” အံမယ် ဟုတ်သားလား

ပဲပင်ပေါက်လေးတွေ အမြစ်ငေါက်တောက်လေးတွေနဲ့ ကိုယ့်ထက်တောင် တိုနေသေး။(ကျွန်တော်အရပ်က တိုတယ် ပုတယ် ပြောတာပါ )တပိသာ တခြင်းကိုလက်လီဈေး တစ်ထောင်ကျပ်။ ဖောက်သည်ဈေး ကိုးရာကျပ်။ကိုယ်ကသွင်းမယ်ဆို ရှစ်ရာကျပ်။* အစ်ကို ဖောက်မယ်ဆို ဒီပုံစံအတိုင်းနော် အမြစ်တိုရမယ် အရောင်ဖြူရမယ်။

** ဟာ အေးပါကွာ ခုတစ်ခြင်းပေး ရော့ တစ်ထောင်။ကဲ ပဲပင်ပေါက်တော့ရပြီ (တိုဆေးသုံးထားတဲ့ ပဲပင်ပေါက်လေး ချွတ်ဆေးပါ မပါတော့ မမြင်ရတော့ မသိ) သူနဲ့ လိုက်ဖက်တာက ” ပဲပြား ”ကဲ ပဲပြားလေးပါထည့်(ပဲပြားကရော ဖော်မလင် သုံးလား မသုံးလား သေချာမမြင်ရလေတော့)ကဲ လိုက်ဖက်ညီသော ဟင်းတစ်ပွဲ”

အာဂပါးစပ် လူဖြစ်ကျိုးနပ်ပဟဲ့ ” စာသားအတိုင်း ခုချက်ခြင်းတော့ မသေနိုင်ပါဘူးကွာ သေနေ့စေ့သေရမပေါ့ ဆိုသော လူတိုင်းတွေးတဲ့အတွေးကို ကျွန်တော် လူကြမ်းရင်ဝယ်ပိုက်လို့ ဆီရွှဲရွှဲလေးနဲ့ ကြော်စားလိုက်ပါတော့ သတည်း။

မပြီးသေးဘူးဗျ ကျန်သေးတယ် ထမင်းဝိုင်းမှာလေ ပဲပင်ပေါက်ပဲပြားကြော်လေးကို ထမင်းနဲ့ရောနယ် တလုပ်စားလိုက်ပြောလိုက် စားလိုက် ပြောလိုက်* ဒီမှာ တို့စားနေတဲ့ ပဲပင်ပေါက်ကို အစိမ်းအတိုင်းလက်နဲ့ဖြစ်ကြည့်လိုက်စမ်း အထဲမှာ အခေါင်းပေါက်ကြီးဟ သူတို့သုံးတဲ့ အမြစ်တိုဆေးက အဲ့အခေါင်းထဲ ဝင်နေမှာကျိမ်းသေပဲ။

နောက်ပြီး ပဲစေ့ကနေ ပဲပင်ပေါက်ဖြစ်ဖို့ ကာလက သုံးရက် ဟောအခုတို့တွေ စားနေပြီ ဓာတုဆေးတွေရဲ့ ဓာတ်ကြွင်းက ဒီလောက်ရက်တိုတိုလေးနဲ့တော့ မကုန်နိုင်တာ ကျိမ်းသေတယ်။

ဘယ်လိုလည်း အရသာရှိရဲ့လား ?(ငါ့ကိုတစွန်းလောက်ထည့်ပါအုံးဟ)ပဲပြားလည်းကြည့်အုံး အသားကပွပွကြီး ဖော်မလင် သုံးထားတဲ့ဟာဆို အဲ့ဒိအတွင်းသားထဲ ရှိနေအုံးမှာဟ ဘယ်နှယ့် စားလို့ကောင်းလား အေး စားကြ စားကြ

ဆေးသုံးရမဲ့ အချိုးအစားမသိ(သူများပြော ရမ်းထည့်)ဆေးတွေရဲ့ အကျိုးအပစ်တွေမသိ(သူများပြော မှန်းထည့်) စီးပွားရေးကလည်း တွက်ချေကိုက်(ဝယ်သူကလည်းကြိုက်တာကိုး)ကဲ ဘာများပြောခြင်ကြသေးလည်းဗျ ပြောစရာရှိရင် ပြောသွားကြဗျာ

Crd Lu Gyan Gyi

9-9-2019

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *