ရေချိုးပြီး မျက်လုံးနီနေတယ်ဆိုသတိထားပါ

ရေချိုးပြီး မျက်လုံးနီနေတယ်ဆိုသတိထားပါ

ရေချိုးပြီးလျှင်မျက်စိနီခြင်းသည် လေဖြတ်မည့်ရှေ့ပြေးလက္ခဏာတွင်ပါဝင်သည်။အထူးသဖြင့်မျက်စိနီခြင်းသည်ဘယ်ခြမ်း သို့မဟုတ် ညာခြမ်းတစ်ဘက်ဘက်တွင်ဖြစ်လေ့ရှိသည်။

ထိုအခြမ်းတွင်ပင်လေဖြတ်သည်ကိုတွေ့ရသည်။စာရေးသူ၏သုတေသန လေဖြတ်မည့်လက္ခဏာ(၉)ချက်တွင်ဤအချက်သည် နောက်ဆုံးမှဖြစ်သော်လည်း ထိပ်ဆုံးမှအရေးကြီးသည်။

သွေးတိုးရှိနေသူများ၊သွေးတိုးရှိနေသည်ကိုသတိမထားမိသူများသည် ရေချိုးပြီးလျှင် သတိထားကြည့်ကြပါ။ သွေးတိုးကြောင့်ဦးနှောက်သွေးကြောမပြတ်မီဤလက္ခဏာကအရင်ပြပါသည်။

လေဖြတ်မည့်ရှေ့ပြေးလက္ခဏာများ

မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း၊ လေးလံခြင်း၊ မျက်နှာရွဲ့ခြင်း၊ရုတ်တရက်စကားပြောမရခြင်း၊ ပြောသောစကားကိုနားမလည်ခြင်း၊စကားဗလုံးဗထွေး ဖြစ်ခြင်း၊ရုတ်တရက်အမြင်အာရုံဝေဝါးခြင်း၊

နှစ်ထပ်မြင်ခြင်း၊ ရုတ်တရက်လမ်းမလျှောက်နိုင်တော့ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊လက်မမြှောက်နိုင် တော့ခြင်း၊ရုတ်တရက်မူးဝေခြင်း၊ ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ လေဖြတ်ရောဂါလက္ခဏာများပေါ်လာချိန်မှ အချိန် (၄) နာရီခွဲအတွင်း ကုသမှုခံယူရန် လိုအပ်ပါသည်။

လေဖြတ်ရောဂါကိုစောစီးစွာသိ၍ အချိန်မီထိရောက်စွာကုသနိုင်လျှင် အသက်ကယ်နိုင်ပါသည်။ လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ပါ။ဖြစ်မှကုသလျှင် မည်သူမျှ ပကတိပြန်လည်ကောင်းမလာပါ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *