အိမ်တွင်းသုံးပစ္စည်းများနဲ့ သင့်ဘဝကိုလုံး၀ ပြောင်းလဲလှပစေမည့်နည်းလမ်းများ
(၁) အမဲစက်အတွက် သံပုရာ

သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် မှဲ့ခြောက်နဲ့ မျကိနှာအမဲစက်တွေ သက်သာစေတယ်။ သံပုရာသီးလတ်လတ်ဆတ်ဆတ်ယူပြီး အရည်ညှစ်ပါ။ ရလာတဲ့ သံပုရာရည်ကို အမဲစက်နေရာမှာ ၁၅ မိနစ်ကြာ လိမ်းပါ။ ပြီးရင်ရေနဲ့ မျကိနှာပြန်သစ်ပါ။ အာနိသင်ပိုကောင်းချင်သေးရင် ကြက်ဥအကာတဇွန်း၊ သံပုရာရည်တဇွန်း၊ နွားနို့ ဇွန်းတဝက်လောက်ရောပြီးသမအောင်မွှေပြီးမှလိမ်းသင့်တယ်။ ၁၅မိနစ်ကြာရင်ရေအေးနဲ့ ပြန်ဆေးပါ။အသက်ကြီးပြီးတွန့်ကျတဲ့အသားအရေကို ပြန်လည်ပြုပြင်ဖို့အတွက်ပျားရည်နဲ့ သံပုရာရည်ရောပြီး မျက်နှာကိုလိမ်းပေးသင့်တယ်။ မိနစ်(၂၀)ထားပြီးရင်ရေနွေးနဲ့ ပြန်သစ်ရမယ်။
(၂) အသားအရေ ခြောက်သွေ့သူအတွက် coconut milk

coconut အုန်းရည်မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါတယ်။ကိုကိုးနက်က အစိုဓာတ်ထိန်းပြီးအသားအရေနူးညံ့စေတယ်။ အုန်းသီးစိမ်းကု် ခြစ်ပြီး အရည်ညှစ်ပါ။ coconut milk အုန်းနို့ရလာတယ်။ ခြောက်သွေ့တဲ့မျက်နှာမှာမိနစ်(၂၀)ကြာထားပြီး ရေပြန်ဆေးချပါ။အသားအရေခြောက်သွေ့သူကို ပြန်လည်စိုပြေလာစေပြီး sensitive skin အတွက်လည်း အသုံးဝင်ပါတယ်။
(၃) အသားတင်းရင်းစေတဲ့ သင်္ဘောသီး

အဝါရောင်သဘောင်္သီးဟာဗီတာမင်အေကြွယ်ဝတယ်။ မျက်ကွင်းညိုတာ၊ အသားအရည် မွဲခြောက်တာအတွက် ကောင်းတယ်။ သဘောင်္သီးမှာ papain ဆိုတဲ့ အင်ဇိုင်းဓာတ်တမျိုးပါတယ်။ သူက ဆဲလ်သေတွေကု် ချေဖျက်ပြီး elastin ထုတ်လုပ်မှုကို များစေတယ်။ ဒါ့ကြောင့် အသားအရေတင်းရင်းစေတဲ့ အာနိသင်ရှိတယ်။ မှဲ့နေတဲ့သင်္ဘောသီးကိုသေးသေးလေးတွေလှီးပြီးအနှစ်ဖြစ်တဲ့ထိ ခြေပါ။ ရလာတဲ့အနှစ်တွေကိုမျက်နှာအနှံ့(ကုတ်ပါမကျန်)လိမ်းပေးသင့်တယ်။ ၁၅ မိနစ်ထားပြီးရေပြန်ဆေးချရင်နုပျိုတောက်ပတဲ့မျက်နှာကိုချက်ချင်းမြင်တွေ့ရမှာဖြစ်တယ်။
(၄) ခြှေးပေါကျကြဉ်းစတေဲ့ နှငျးဆီရညျ

နှငွးဆီရညဟွာခှှေးပေါကကွှဉြးရုံမကမကှနွှာအဆီနဲ့အညဈအကှေးတှကေုပွါဖယရွှားနိုငတွဲ့အာနိသငရွှိတယွ။ နှငွးဆီရညဖွှနွးပှီးတာနဲ့ မကှနွှာကသန့စွငကွှညလွငသွှားတယွ။ဒါ့ပှငွ မကှနွှာရဲတာ၊ဖောတာ၊ ရောငတွာတှအတှကေလွညွး အသုံးဝငတွယွ။ နှငွးဆီရညွ၂ ဇှနွး၊ သံပုရာရညဇွှနွးတဝကနွဲ့ အလှဆီ(၅)စကရွောပှီး ညစဉမြအိပခွငပွှတလွိမွးပေးပါလေ။ ခှှေးပေါကကွဉွှးပှီး ကှညလွငနွတေဲ့မကှနွှာပှငကွိုမနကအွိပရွာထမှာပိုငဆွိုငနွိုငမွယွ။ ငှကပွှောသီးမှည့ကွုွ နှငွးဆီရညနွဲ့ ရောကှိတပွှီးအနှဈကိုမကှနွှာလိမွးပေးရငဝွငွးပပှီးအဆီပှနခွှငွးကငွးတဲ့မကှနွှာကို ပိုငဆွိုငစွမယွေ။
(၅) မျက်ကွင်းအတွက် သခွားသီးနဲ့ ဒိန်ချဉ်

မျက်ခွံဖောတာ၊ရောင်တာ၊ မျက်ကွင်းညိုတာအတွက် အိမ်သုံးနည်းကသခွားသီးကို ခြစ်ပြီး၂ ဇွန်းစာယူပါ။ ဒိန်ချဉ်ခွက်တဝက်သာထဲကို သခွားသီးအနှစ်ထည့်ပြီး ရောစပ်ကာ မျက်နှာလိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုတာ၊ မျက်ခွံဖောရောင်တာတွေ သက်သာစေတယ်။ ဒိန်ချဉ်မှာ lactic acidပါလို့ အမဲစက်နဲ့ ဆဲလ်သေတွေဖယ်ရှားပေးပြီး ငယ်ရုပ်ဆင်နိုင်တဲ့ အာနိသင်ရှိတယ်။ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ အစေ့အဆန်၊ အခွံမာသီးနဲ့ ငါးကြီးဆီတွေက အသားအရေ နုပျိုစေပြီး ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။
မူရင်း ဒေါက်တာအေးမင်းထူး