ပရိတ်သတ်အချစ်တော် အဆိုတော်နီနီခင်ဇော်မှ ဆေးရုံပြဖို့ခက်ခဲနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကိုကိုယ်တိုင်စမ်းသပ်ပြီးကုသပေး

အဆိုတော် နီနီခင်ဇော် ကတော့ ဆေးပညာကို သင်ယူတတ်မြောက် ထားတဲ့ ဆရာဝန် တယောက် ဖြစ်ပေမယ့်အနုပညာလမ်းကြောင်း ပေါ်ကိုသာ လျှောက်လှမ်း လာခဲ့တာ ဖြစ်ပါတယ်။
နီနီခင်ဇော်ရဲ့အသံပါဝါ အားကလည်း နားထဲစွဲ နေရလောက်အောင် နားထောင်လို့ ကောင်းတာ ကြောင့် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကထည်းကပရိသတ် အများအပြားကို ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ဆိုရင် နီနီခင်ဇော်က ပိုပိုအောင်မြင်လာပြီး သီချင်းကောင်း များစွာလည်း ထွက်ရှိထားသလို ဆုတွေလည်း မကြာခဏရရှိနေတာဖြစ်ပါတယ်နော်။ နီနီခင်ဇော်က လက်ရှိအချိန်မှာဆိုရင်တတ်မြောက်ထားတဲ့ ဆေးပညာကိုအခုလိုအရေးကြီးလိုအပ်တဲ့ ချိန်မှာ ပြည်သူတွေအတွက်အကျိုးပြု ပေးနေတာဖြစ်ပါတယ်။

နီနီခင်ဇော် ဟာဆိုရင်လည်းပဲ ပြည်သူတွေ ထဲက ပြည်သူ တစ်ယောက် ဖြစ်တာကြောင့် လမ်းမပေါ် ထွက်ပြီး လူထု လှုပ်ရှားမှု တွေမှာတစ်ခဲနက်ပါဝင်နေတာဖြစ်ပါ တယ်နော်။ နီနီခင်ဇော်ရဲ့စိတ် ဓာတ်ကတော့ ရဲရင့်ပြတ်သားပြီး ပြည်သူ လူထုနဲ့အတူ တစ်သားတည်း နေထိုင်နေ တာဖြစ်ပါတယ်။

လတ်တလောအခြေနေ တွေကြောင့် ဆေးရုံပြဖို့ ခက်ခဲနေတဲ့ လူနာတွေ အတွက်လည်း နီနီခင်ဇော်တို့ ဆရာဝန် သူငယ်ချင်း တွေက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေ တာဖြစ်ပါ တယ်နော်။
နီနီခင်ဇော်က သူငယ်ချင်းရဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ညနေတိုင်း သွားထိုင်ပေးပြီး တစ်ခါ တလေ ညအိပ် စောင့်ပေးတာ ဖြစ်ပါတယ် လူနာအများအပြားကလည်း နီနီတို့ရဲ ဆေးခန်းမှာ လာရောက်ကုသကြပြီး ကိုယ်ဝန်ဆောင် မိခင်တွေကလည်း ကလေးလေး တွေကို လွယ်ကူ ချောမွေ့စွာ မွေးဖွားနိုင်ကြတာ ဖြစ်ပါတယ်နော်။

နီနီခင်ဇော်ကလည်း ကိုယ်ဝန်ဆောင် မိခင်တွေကို စေတနာအပြည့်နဲ့ သေချာစမ်း သပ်ပေးပြီး ကျန်းမာရေးစောင့်ရှောက် မှုတွေပြုလုပ် ပေးနေတာ ဖြစ်လို့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါရ စေနော်။