လစဉ်ဓမ္မတာမှန်စေဖို့အတွက် အမျိုးသမီးတိုင်းလုပ်ပေးသင့်သော သဘာဝနည်းလမ်းကောင်းများ

မိန်းကလေးတိုင်းလစဉ်ဓမ္မတာမှန်စေဖို့ လုပ်ပေးသင့်သောသဘာဝနည်းလမ်းကောင်းများ

မိန်းကလေးတစ်ယောက် ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တွေ အများကြီးရှိပေမယ့်အရေးကြီးဆုံးလို့ပြောရမယ့်အရာကဓမ္မတာပုံမှန်လာဖို့ဖြစ်ပါတယ်။ဓမ္မတာပုံမှန်မလာရင်

နောက်ဆက်တွဲအနေနဲ့ တခြားကျန်းမာရေးပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက်အရေးကြီးတဲ့ လစဉ်ဓမ္မတာပုံမှန်လာအောင် လုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုနည်းအောင်နေပါ

စိတ်ဖိစီးခြင်း၊ စိတ်ပင်ပန်းခြင်းက ဓမ္မတာစက်ဝန်းကို ပြောင်းလဲမှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ဖိစီးစေမယ့်အတွေးတွေတတ်နိုင်သလောက် မတွေးပါနဲ့။ စိတ်ကြည်လင်ပေါ့ပါးအောင် ကြိုးစားပြီးနေပါ။

စိတ်ဖိစီးမှုတွေပြေပျောက်စေမယ့်အရာလေးတွေ ( သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ စသဖြင့် ..) လုပ်ပေးပါ။

၂။ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ

ခန္ဓာကိုယ်က မလန်းဆန်းဘူးဆိုရင်လည်း ဓမ္မတာပုံမှန်မလာတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာမျိုးလေးတွေကို နေ့တိုင်းလုပ်ပေးသင့်ပါတယ်။

တစ်နေရာတည်းမှာ အချိန်အကြာကြီးထိုင်နေတာမျိုး၊ လဲှအိပ်နေတာမျိုးမလုပ်ပါနဲ့၊ မကြာခဏလမ်းထလျှောက်ပေးပါ။သီချင်းဖွင့်ပြီး ကတာမျိုးလုပ်ရင် ပိုတောင်ကောင်းပါသေးတယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

၃။ ကြက်ဆူဆီလိမ်းပြီးနှိပ်နယ်ပေးပါ

ကြက်ဆူဆီကို နွေးတယ်ဆိုရုံအပူပေးပြီး ဝမ်းဗိုက်နားတဝိုက်မှာလိမ်းပြီး နှိပ်နယ်ပေးတာကို ပုံမှန်လုပ်သွားပေးမယ်ဆိုရင် ဓမ္မတာပုံမှန်လာစေပြီး ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။

၄။ သင့်တော်တဲ့အစားအစာ

ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝ မရှိဘူးဆိုရင်လည်း ဓမ္မတာမမှန်တတ်ပါဘူး။ဒါကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရပြည့်ဝအောင် စားပေးပါ။

အဓိက သံဓာတ်အားပြည့်စေတဲ့ အစားအစာတွေဖြစ်တဲ့ အမဲသား၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ တိုဖူး စတာတွေကို စားပေးပါ။ သင်္ဘောသီးမှည့် မကြာခဏစားပေးပါ။

Credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *