ပိုက်ဆံချေးထားပြီး မိမိပိုက်ဆံပြန်တောင်းတဲ့အခါ ပြန်မဆပ်ဘူးပြောရင် ဒီစာလေးဖတ်ပြီး တောင်းလိုက်တော့နော်
ပိုက်ဆံချေးထားမိလို့ဆပ်မယ့်သူကမဆပ်နိုင်ဘူးကြိုက်တဲ့နေရာတိုင်လို့ပြောလာရင်ဒီစာကိုဖတ်ပြီးရဲရဲတောင်းလို့ရပါပြီ။မဆပ်နိုင်ဘူးကြိုက်တဲ့နေရာတိုင်ခညားတို့ငွေတိုးချေးစားထားတာထောင်ထဲ၅နှစ်ရောက်သွားမယ်။

ဒီလိုစကားတွေခဏခဏကြားနေရပါတယ်။ဘယ်သူကစလိုက်တယ်မသိ။ဒီစကားလေးကငွေချေးသူတွေရဲ့လက်သုံးစကားလက်နက်ကြီးဖြစ်လို့။ဒီတော့ငွေရှင်ခမျာလည်းအတိုးလေးရလို့ချေးမိတာ။
အခုပြန်တောင်းတော့တချိန်ကမျက်နာငယ်လေးနဲ့ကိုယ့်ဆီကငွေချေးခဲ့တဲ့သူကအခုတော့မျက်နာထားကြီးတင်းပြီးကိုယ်ကပဲ သူဆီကပြန်ချေးနေသလိုလို။

ဒီလိုတောင်းလို့မရရင်တရားစွဲတောင်းမယ်လို့စိတ်ထဲကပြင်ထားပေမယ့် တစ်ဖက်ကအတိုးပါတဲ့အတွက်ထောင်၅နှစ် ချလို့ရတယ်လို့ပြောလာတော့စိတ်ထဲမှာချေးထားမိတဲ့ငွေကူညီပေးထားတဲ့ငွေလေးပြန်မရနိုင်တော့ဘူးလားဆိုပီးသောကအပူတွေဖြစ်။
အတိုးပါရင်ထောင်၅ နှစ်ထိချလို့ရတယ်ဆိုတာဥပဒေမှာမရှိဘူးလားဆိုရင်ရှိပါတယ်။ဒါပေမယ့်ဒါကိုခုတုံးလုပ် ပီးငွေချေးသူတွေကခြိမ်းခြောက်နေတာ တွေ့ရတော့ကိုယ့်ဆီမှာရှိစုမယ့်လစာလေးနဲ့ငွေလေးနဲ့ခင်လို့ဖြစ်စေအတိုးနည်းနည်းရရင်လည်းမဆိုးပါဘူးဆိုပီးထုတ်ချေးမိတဲ့ငွေရှင်တွေခမျာဖွတ်မရဓားမဆုံးဖြစ်မိတာတွေကိုတွေ့ရလို့ဒီစာလေးရေး ရခြင်းဖြစ်ပါတယ်။

ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာကတစ်ဖက်ငွေချေးသူကဒီလိုပြောလာရင်လုံးဝစိတ်မပူပါနဲ့။မကြောက်ပါနဲ့။မိမိချေးထားတဲ့ငွေတွေကိုရဲရဲဝံ့ဝံ့သာပြန်တောင်းပါ။ပေးထားတဲ့ငွေရဲ့အတိုးသာမရရင်နေပါမယ်။
အရင်းကတော့သေချာပေါက်ပြန်ရပါတယ်။ထောင်၅နှစ်ချလို့ရတယ်ဆိုတာကမိမိသည်ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက်ငွေတိုးချေးစားခြင်းကိုလုပ်ငန်းတစ်ခုအနေနဲ့လုပ်ကိုင်သူကိုသာဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေကိုကူညီသည့်အနေဖြင့်တခါတရံငွေချေးပေးတဲ့သူမပါဝင်ပါ။ဒါကြောင့်ငွေချေးပေးထားတာရှိရင်ရဲရဲသာတောင်းကြပါ။

ခရက်ဒ်စ်(စာချုပ်ရှေ့နေ)