B သွေးပိုင်ရှင်လေးတွေမှာ ရှိကြတဲ့ သဘောသဘာဝနဲ့ အချစ်ရေး

B သွေးပိုင်ရှင်လေးတွေမှာ ရှိကြတဲ့ သဘောသဘာဝနဲ့ အချစ်ရေးအကြောင်းများ လူတွေဟာ သူတို့ရဲ့ သွေးအမျိုးအစားကို လိုက်ပြီးတော့သူတို့ရဲ့ စိတ်နေစိတ်ထားတွေနဲ့ အကျင့်စရိုက်တွေ ကွဲပြားသွားကြပါတယ်။

သွေးအမျိုးအစားကြောင့် ရောဂါခုခံနိုင်စွမ်းတွေ မတူညီကြသလို၊ အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေလည်း ကွဲပြားကြပါတယ်။ အခုတော့ B သွေးလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝလေးတွေကို ပြောပြပေးချင်ပါတယ်။

အားသာချက်

B သွေးလေးတွေဟာ သူများကို အားကိုးရတာကို မကြိုက်တတ်ကြပဲ ဘဝကို အမှီအခိုကင်းကင်းနဲ့ ရပ်တည်တတ်တဲ့သူတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ဘဝကို ဘယ်လိုဘက်မျှအောင် နေထိုင်ရမယ်ဆိုတာ ကောင်းကောင်းတွေးခေါ် တတ်ပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။

သူတို့တွေဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အလွယ်တကူပဲ မြင်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်ကြပါတယ်။ ပေါင်းသင်း ဆက်ဆံရေးမှာတော့ သူတို့တွေဟာ တကယ့်ကို ထူးချွန်ပြောင်မြောက်ကြပြီးတော့ မိတ်ဆွေသူငယ်ချင်းကောင်း စိတ်ဓာတ်ရှိသူတွေပါ။

B သွေးလေးတွေဟာ ပျော်ပျော်နေတတ်ပြီး ခေါင်းဆောင်နိုင်စွမ်း မြင့်မားတဲ့ သူတွေဖြစ်ကြပါတယ်။

အားနည်းချက်

ဒါပေမယ့်လို့ သူတို့တွေဟာ အရမ်းကို ထိခိုက်ခံစားလွယ်ပြီး အစွဲလန်းကြီးသူတွေ ဖြစ်ကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့ အပြုအမူတွေက overreaction ဘက်ကို ရောက်သွားတတ်ကြပါတယ်။ ပြင်ဆင်ရမယ့် အချက်က အတွေးများတဲ့ အကျင့်တစ်ခုပါပဲ။

အချစ်ရေး

သူတို့တွေဟာ အရမ်းကို ချစ်တတ်တဲ့သူတွေဖြစ်ပြီး ကြင်နာ သနားလွယ်တတ်သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့တွေရဲ့ အပြင်ပန်းက မာကျောတယ်၊ မာနကြီးတယ်လို့ ထင်ရတတ်ပေမယ့် တကယ်တမ်းမှာတော့ တကယ့်ကို စိတ်ထားနူးညံတဲ့ နှလုံးသား ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ အရမ်းကို အပြောကောင်းတဲ့ သူတွေဖြစ်ကြပြီး အဲဒီ့အချက်ကပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံကြရပါတယ်။ ပုရိသတွေကတော့ သူတို့ရဲ့ အပြောတွေအောက်မှာ ကြွေဆင်း သွားကြရ စမြဲပါတဲ့။သူတို့တွေဟာ လူတွေကို ဟန်ဆောင်မှုမရှိပဲ ရိုးသား ပွင့်လင်းစွာပဲ ပြောဆိုတတ် ကြပါတယ်။

ဒါပေမယ့် တစ်ခု သတိထားရမှာက သူတို့တွေဟာ အရမ်းချစ်တတ်သလိုပဲ အရမ်းလည်း ရက်စက်တတ်ကြပါသေးတယ်။သူတို့အပေါ် သစ္စာမရှိတဲ့ သူတွေကို ရက်စက်ဖို့ လုံးဝ ဝန်မလေးတတ်ကြပါဘူး။ အချစ်ကြီးသလို အမျက်ကြီးတတ်ကြတဲ့ B သွေးလေးတွေပါ။

Credit AUNTY MAY

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *