သမီးဖြစ်သူမှစုထားတဲ့ပိုက်ဆံနဲ့ မွေးနေ့မှာကန်တော့တာကြောင့်ဝမ်းသာပီတိဖြစ်နေတဲ့အကြောင်းပြောပြ
သမီးဖြစ်သူမှ စုထားတဲ့ပိုက်ဆံနဲ့ မွေးနေ့မှာ လှမ်းကန်တော့တာ ကြောင့် ပီတိဖြစ်နေတဲ့ သရုပ်ဆောင်ညီနန္ဒ
အနုပညာရှင်တွေကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတဲ့အထဲမှာ သရုပ်ဆောင် ညီနန္ဒလည်းပါဝင်ခဲ့ပါတယ်။
အခုချိန်မှာတော့ ညီနန္ဒဟာ ဝရမ်းပြေးအနေနဲ့အဝေးရောက်နေချိန်မှာ သမီး ဖြစ်သူက စုထားတဲ့ပိုက်ဆံနဲ့ သူရဲ့မွေးနေမှာ လက်ဆောင်အဖြစ် လှမ်းကန်တော့တာကြောင့် ပီတိဖြစ် နေတဲ့ အကြောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာ ကနေ ရေးသားလာခဲ့ ပါတယ်။
ညီနန္ဒကတော့ ၂ ငါးလုံး သမိုင်းဝင် အထွေထွေသပိတ် မှာပဲ အသက် ၄၄ နှစ်ပြည့်ခဲ့တာဖြစ်တယ် လို့ လည်း သိရပါတယ်။ “သမီးလေးက သူ့မုန့်ဖိုးလေးနဲ့ ကျွန်တော့်ကိုမွေးနေ့ လှမ်းကန်တော့တာ ရင်ထဲ အသဲထဲက ပြောမပြနိုင်အောင် ချစ်တယ်။
ဖေ့ အသဲလေးရေ။ အရေးတော်ပုံကြီး အောင်တာနဲ့ ဖေဖေ ပြန်လာမယ်နော်” လို့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာပါ။ညီနန္ဒရဲ့ သမီးဖြစ်သူကတော့ “ Happy birthday ပါဖေဖေရေ သမီးဖေဖေ့ကို အရမ်းချစ်တယ်နော်။
I Love You so much daddy” ဆိုတဲ့ စာသားလေးနဲ့အတူ စုထားတဲ့ မုန့်ဖိုးတွေကို လှမ်းကန်တော့ခဲ့ တာဖြစ်ပါတယ်။
သိမ့်
သိမ့်
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *