ငွေတစ်ရာထဲဖြင့် လေဖြတ်ခြင်းနှင့် အဝလွန်ခြင်းကို ကာကွယ်ပေးမည့် နည်းလမ်း
ဒီတစ်ပတ်မှာတော့ငွေ ၁၀၀ ကျပ်လောက်ရှိရုံနဲ့ အလွယ်အကူဝယ်ယူလို့ရပြီး အင်မတန်မှဆေးဘက်ဝင်အကျိုးများတဲ့ ရှောက်ရွက်အကြောင်းလေးတင်ပြချင်ပါတယ်။

ရှောက်ရွက်ဟာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အနံံ့ရှိပြီး မြန်မာတွေအနေနဲ့ တို့စရာနဲ့အသုတ်တွေမှာ ထည့်သုံးစားသောက်တတ်ကြပါတယ်။
ဘာတွေအကျိုးများတာလဲ? မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။

ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်။
ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။
ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင်ရင်တော.့ လွယ်ပါတယ်။

ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ရက်လောက်နေလှန်းလိုက်ပါ။
ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံးတစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လနှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေးဘော်ဒီလေးရသွားပါလိမ့်မယ်။

ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီးခပ်သောက်ကြပါ။
အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံးလှပကျော့ရှင်း၊ ကျန်းမာခြင်းတွေပြည့်ဝကြပါစေ။

Source by ဖိုးဝဇီ