စီးပွားလာဘ်လာဘပွင့်စေရန် ဒီအချက်တွေကိုရှောင်ရှားပါ
စီးပွားလာဘ်လာဘ ပွင့်လန်းဖို့ လာဘ်မပိတ်အောင် ဒါတွေကိုရှောင်ပါ။ကလေး လူကြီး လူတိုင်းသိထားသင့်တဲ့အရာတွေပါ။ “လူ့ဘဝမှာ စီးပွားလာဘ်လာဘ ပွင့်လန်းဖို့ အရေးကြီးပါတယ်။

အိမ်တစ်အိမ်မှာ စီးပွားလာဘ်လာတွေ ပိတ်ဆို့နေမယ်ဆိုရင် အဲ့ဒီ့အိမ်ဟာ သီရိမင်္ဂလာမရှိတော့ပါဘူး။ အမင်္ဂလာအိမ်ပဲ ဖြစ်တော့မယ်။ဒီတော့ ဒါတွေရှောင်ပါ –
ရဟန်းသံဃာတို့နှင့်သက်ဆိုင်သော ကျောင်းပစ္စည်းများကို အိမ်သို့ ယူဆောင်အသုံးမပြုရပါ။ဥပုဒ်နေ့တွင်ခေါင်းမလျှော်ရပါ။ ဘုရားညောင်ရေအိုး အရေအတွက်ကို စုံဂဏန်းမထားကောင်းပါ။

လင်ယောက်ျား၏လက်ယာဘက်၌ ဇနီးသည်ကိုမအိပ်စေရပါ။ မိမိထက် အသက် ပညာ အရွယ် ဂုဏ်ကြီးမြင့်သူ၏အမြင့် တစ်နေရထက်၌ မထိုင်ရပါ။ ဝါတွင်း၌အိမ်ထောင်မပြုရပါ။
ဝါတွင်း၌ အိမ်မပြောင်းရသလို ခေါင်းအုံးလည်း မချုပ်ရပါ။ ဈေးဆိုင်၏ စားပွဲများ ကောင်းတာများ၌ လက်ထောက် မေးထောက်ခြင်းများမပြုရပါ။ ပြာသိုလနှင့်တပေါင်းလတို့တွင် အိမ်မပြောင်းရပါ။

ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်၍ မဝတ်ရပါ။မျက်ရည်ခံမှဲ့ပါသူကို အိမ်ထောင်မပြုရပါ။ မီးဖိုခန်းအတွင်း နှင့် ထမင်းစားပွဲ၌ အိပ်မက်အကြောင်းမပြောရပါ။မင်္ဂလာဆောင်အခမ်းနားအား မုဆိုးမ တစ်ခုလပ်တို့ မပြင်ဆင်ရပါ။
နှစ်ဆန်းတစ်ရက်နေ့၌ ငွေအထွက်မခံရပါ။အိမ်ရှေ့၌ အသုဘချသွားနေစဉ် အိပ်မနေရပါ။ ကတ်ကြေး ကွမ်းညှပ် စသည်တို့ကို ဘာပစ္စည်းမှမပါပဲ မညှပ်ရပါ။ဒီ့ထက်ရှောင်ရတာတွေလည်းရှိပါသေးတယ်။

ယခုခေတ်တွင် မရှောင်ကြတာများသောကြောင့် စေတနာဖြင့် ရေးသားပေးခြင်းဖြစ်ပါသည်။ ခုနှစ်သားသမီးများ စီးပွားလာဘ်ပွင့်ပြီး အောင်မြင်ကြပါစေ။
ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသုခ (မန်းလေး)