ထီလက်မှတ်အရောင်းနှေးတဲ့အတွက် မတ်လ၁ရက်နေ့မှာထွက်မယ့်ထီဖွင့်ရက်ကိုနောက်ဆုတ်ပေးရန်ထီလုပ်ငန်းရှင်များ တောင်းဆိုနေကြ

ထီလက်မှတ်အရောင်းနှေးတဲ့အတွက် မတ်လ၁ရက်နေ့မှာထွက်မယ့်ထီဖွင့်ရက်ကိုနောက်ဆုတ်ပေးရန်ထီလုပ်ငန်းရှင်များ တောင်းဆိုနေကြ

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေနေတွေ ကြောင့် အောင်ဘာလေထီဖွင့်ပွဲရက် နောက်ဆုတ်ပေးဖို့ထီလုပ်ငန်းရှင်တွေကတောင်းဆိုနေကြပါတယ်။

တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးနောက်ပိုင်းထီထုတ်တဲ့သူတွေဟာလက်ရှိအချိန်ထိ သူတို့လက်ထဲမှာ ထီစာအုပ်တွေ ရှိနေပြီးထိုးသားတွေ လက်ထဲကိုမ ရောက်ရှိသေးကြပါဘူး။

ဒါကြောင့် ဒီလမှာ ထီဖွင့်ပွဲကို နောက်မ ဆုတ်ပေးဘဲ ဖွင့်ခဲ့မယ်ဆိုရင် နောက်လတွေမှာ ရောင်းမယ့် သူမရှိဘဲ ရပ်တန့်သွားဖို့ ရှိတယ်လို့ထီအရောင်း ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်နိုင်ငံရေးဖြစ်နေတဲ့အချိန်မှာ

ပြည်သူတွေ ဟာ ထီဘက်ကို စိတ်ဝင်စားမှု မရှိတော့ဘဲ ထီထိုးသူတွေ အရမ်းနည်း ပါးသွားတဲ့ အတွက် ထီလုပ် ငန်းရှင်တွေဟာ သူတို့ရင်းနှီးထားတဲ့ အရင်းအနှီးတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြ တယ်လို့ဆိုလာပါတယ်။

ထီအရောင်း အဝယ်ဆို တာသက်တမ်းနဲ့ ရောင်းနေရတဲ့ လုပ်ငန်းဖြစ်တဲ့တွက်သတ်မှတ်ထားတဲ့သပ်တမ်းကာလမှာရောင်းမကုန်ဘူးဆိုရင် ဆုံးရှုံးမှုတွေ ကြီးလာနိုင် လာပါတယ်။လက်ရှိအချိန် ပြည်သူတွေကလည်းစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ဘယ်လိုလုပ်ငန်းမျိုးမဆို

သပိတ်မှောက် ကန့်ကွက်မှု တွေရှိနေတာပါ ပြည်သူတွေ အနေနဲ့ အစိုးရထီ ကိုထိုးပြီး ထီပေါ က်ခဲ့မယ်ဆိုရင်တောင်ဘယ်လိုထုတ်ယူရမလဲဆိုတဲ့ မသေချာမှုတွေကြောင့် ထီးထိုးတဲ့ သူတွကလည်း စိုးရိမ်ပူပန် တွေရှိနေကြတာပါ။

အခုဆိုရင် နိုင်ငံတဝန် လုံးမှာရှိနေတဲ့ အစိုးရဌာန အလသီးသီးပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေကလည်း တပ်မတော်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ CDM ပါဝင်လှုပ်ရှား မှုမှာ ပါဝင်နေကြတာပါ။

အကောက်ခွန် ဦးစီးဌာနက ဝန်းထ မ်းတော်တော် များများကတော့ CDM လှုပ်ရှား မှုမှာ မပါဝင်သေးတာ တွေလည်း ရှိနေကြပါတယ်။ DVB

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *