ထောက်ပံ့ကြေး (၂၀၀၀၀)ကျပ်နှင့်ပတ်သက်၍ ကျေနပ်မှု မရှိပါက သက်သေအထောက်အထားမလို တိုင်ကြားနိုင်သောဌာနများ မြဝတီမြို့နှင့် စစ်ကိုင်းမြို့တွင်ဖွင့်လှစ်ထားရှိလိုက်ပြီဖြစ်

ထောက်ပံ့ကြေး (၂၀၀၀၀)ကျပ်နှင့်ပတ်သက်၍ ကျေနပ်မှု မရှိပါက သက်သေအထောက်အထားမလို တိုင်ကြားနိုင်သောဌာနများ မြဝတီမြို့နှင့် စစ်ကိုင်းမြို့တွင်ဖွင့်လှစ်ထားရှိလိုက်ပြီဖြစ်

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် Stay at Home သတ်မှတ်ထားသော မြို့နယ်များအတွင်းရှိ အိမ်ထောင်စုတစ်စုလျှင်

ငွေကျပ် (၄၀၀၀၀)နှုန်း၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော ပြင်ပမြို့နယ်များရှိ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် နိုင်ငံတော်မှ ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။မြဝတီမြို့နယ်သည် Stay at Home

သတ်မှတ်ထားသည့်မြို့နယ်မဟုတ်သဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။

”တိုင်ကြားရင် သက်သေအထောက်အထားမလိုပါဘူး။ မရရင် မရတဲ့အကြောင်းကို စာရေးတိုင်တာကို ကျွန်တော်တို့က အုပ်ချုပ်ရေးမှုးတွေကို စစ်တာပေါ့။ကျွန်တော်တို့ဘက်က အရေးယူလို့မရဘူး။ ကျွန်တော်တို့က စိစစ်ပြီး အထက်ကိုတင်ပေးတာ တိုင်းအထိတင်ပေးတာ။ ကျွန်တော်တို့နဲ့တင် မဖြတ်ပါဘူးလို့ စစ်ကိုင်းမြို့ တိုင်ကြားစာဖြေရှင်းရေး ဌာနမှ ပြောကြားလိုက်ပါတယ်။

အမှန်တကယ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်းမရရှိပါက တိုင်ကြားနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်း

ဆောင်အဖြစ် တာဝန်ယူ၍ တိုင်ကြားစာ ဖြေရှင်းရေးဌာနကို (16.11.2020)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ ကာယကံရှင်ကိုယ်တိုင် လာရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုများကို စနစ်တကျ လက်ခံဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် မိမိ၏တိုင်ကြားစာ ရောက်ရှိခြင်း ရှိ/မရှိ၊

မိမိတိုင်ကြားစာအပေါ် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းလိုပါက (၀၅၈-၂၀၅၀၀၀၃)သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါတယ်ခင်ဗျာ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *