နေပြည်တော်တွင်ဖြစ်ပွားခဲသော ကျည်ဆန်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ လက်ရှိအခြေအနေအား အစ်မဖြစ်သူမှ ပြောကြားလာ

ဖေဖော်ဝါရီလ ၉ရက်နေ့က နေပြည်တော်တွင်ဖြစ်ပွားခဲ့သောရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်စဉ်တွင်ဦးခေါင်းသို့ကျည်ဆန်ထိမှန်ခဲ့သော မမြသွဲ့သွဲ့ခိုင်အနေဖြင့် အသက်ရှင်ရန် ၁၀၀ တွင် ၅ ရာခိုင်နှုန်းသာရှိကြောင်း၎င်း၏အမဒေါ်မြသတိုးနွယ်ကပြောကြားလိုက်တယ်လို့သိရှိရပါတယ်။

ဒေါ်မြသတိုးနွယ်ပြောကြားချက်အရ”အပစ်အခတ်သံတွေ ဖုံးဖုံးနဲ့ကြားတော့မိုးပေါ်ထောင်ပစ်နေတယ်လို့ပဲထင်တာ။ ကြားတဲ့အချိန်လာသွားရအောင်ဆိုပြီးပြန်လှည့်တဲ့အလှည့်မှာချက်ချင်းအပစ်ခံလိုက်ရတာ။ကိုယ့်ကိုယ်ကိုလည်းပစ်တာလို့မထင်ပါဘူး။
ညီမလေး ဒေါသထွက်ပြီးလဲသွားတယ်လို့ပဲထင်တာပါ။ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်တော့မှခေါင်းအနောက်မှာသွေးတွေပန်းလာတော့မှမှန်မှန်းသိတာပါ”ဟု ဖြစ်စဉ်ကို ပြန်ပြောပြသည်။

ဖေဖော်ဝါရီ ၉ရက်နေ့ မွန်းလွဲ ၁နာရီကျော်တွင် နေပြည်တော်သပြေကုန်းအဝိုင်းအနီးဆန္ဒပြနေသူများနှင့် ရဲတပ်ဖွဲ့အကြားအထိကရုဏ်းဖြစ်ပွားပြီး ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၂၀ကျော်ရှိပြီး အသက် ၁၉နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်အနေဖြင့်အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေဖြင့်ရင်ဆိုင်နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်မတို့မှာ ဒီညီမလေးတယောက်တည်းရှိတာ ကျွန်မတို့မခံစားနိုင်ဘူး။အရမ်း ပြောလို့မတတ်အောင်ပါပဲ”ဟု ဒေါ်မြသတိုးနွယ်ကပြောပါတယ်။
မမြသွဲ့သွဲ့ခိုင်အနေဖြင့်လက်ရှိတွင် နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံတွင်တက်ရောက်ကုသနေပြီး ခွဲစိတ်ကုသနိုင်သည့်အခြေအနေမဟုတ်ကြောင်းလည်းသိရသည်။
source:internet