အားလုံးငြိမ်းချမ်းပြီးသာယာတဲ့နေ့အမြန်ရောက်ချင်ပါပြီဆိုပြီးပြောပြလာတဲ့မိုးယုစံ

အားလုံးငြိမ်းချမ်းပြီးသာယာတဲ့နေ့အမြန်ရောက်ချင်ပါပြီဆိုပြီးပြောပြလာတဲ့မိုးယုစံ

သရုပ်ဆောင် မင်းသမီးချောလေးမိုးယုစံကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့သူပဲဖြစ်ပါတယ်။

မိုးယုရဲ့အနုပညာလှုပ်ရှားမှုတွေကပရိသတ်တွေရင်ထဲထိရောက်စေတာဖြစ်လို့ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတွေတိုင်းကအောင်မြင်တာလည်း ဖြစ်ပါတယ်။

မိုးယုကအိမ်ထောင်ပြုပြီးအချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် သာလုပ်ကိုင်နေတာပါနော်။

အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ သားသားလေး Austin ကို မိုးယုက မွေးဖွားထားတာဖြစ်ပြီး နောက်ထပ်ရင်သွေးလေးကိုလည်းလွယ်ထားရပါသေးတယ်။

မိုးယုရဲ့ လှုပ်ရှားမှုတိုင်းကို စောင့် ကြည့်အားပေးကြတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ မိသားစုအမှတ် တရလေးတွေနဲ့ စိတ်ခံစားချက်တစ်ချို့ကို ဝေမျှလေ့ရှိတာပါ။

မိုးယုက ယနေ့မှာလည်း မတည်ငြိမ်တဲ့ နိုင်ငံရေးကြောင့် စိတ်ထိခိုက်နေရတဲ့ စာသားလေးကို ရေးသားလာတာပါ။

ဒါကတော့ မိုးယုက သူမရဲ့ ဖေ့ဘွတ်အကောင့်ထက်မှာ ” အားလုံး ငြိမ်းချမ်းပီး သာယာတဲ့နေ့ လေးတွေအမြန်ရောက်ချင်ပါပြီ ကိုဗစ်ကြောင့် ၁နှစ်လောက်စိတ်ညစ်ရပြီးပြီ နောက်ထပ်ဘာမှမဖြစ်ပါစေနဲ့ ကလေးတွေလည်းကျောင်းအမြန်တက်ရပါစေ ” ဆိုပြီး ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

(၁.၂.၂၀၂၁)ရက်နေ့ နံနက်မှာ ဖြစ်ပေါ်သွားတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် စိတ်ထိခိုက် သွားရလို့ ထင်မြင်ချက်ကို ရေးသားလာတဲ့ မိုးယုရဲ့ ပုံလေးတွေနဲ့ စာသားလေးကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Source by – Moe Yu San’s FB account

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *