သင့်ခန္ဓာကိုယ်အတွက် သောက်ပေးသင့်တဲ့စံပယ်ပန်းရေနွေးကြမ်း

သင့်ခန္ဓာကိုယ်အတွက် သောက်ပေးသင့်တဲ့စံပယ်ပန်းရေနွေးကြမ်း

စံပယ်ရေနွေးကြမ်းရဲ့အံ့သြဖွယ်ရာအကျိုးကျေးဇူးများစံပယ်ရေနွေးကြမ်းကသင့်စိတ်နဲ့ ခန္ဓာကိုယ်ကိုကျန်းမာအေးငြိမ်းစေပါတယ်။ စံပယ်ပန်းပွင့်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းကအရသာလည်းကောင်းသလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်။

ဘက်တီးရီယားတွေကိုတိုက်ဖျက်ပေးနိုင်စံပယ်ရေနွေးကြမ်းကဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ဓာတ်တွေကဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဒီဓာတ်တွေပါဝင်တာကြောင့်စံပယ်ကိုခေါင်းလျှော်ရည်တွေနဲ့ Conditioners တွေမှာထည့်သုံးကြတာပါ။အမာရွတ်တွေကို ပျောက်ကင်းစေ စံပယ် ရေနွေးကြမ်းကအမာရွတ်တွေ၊ဝက်ခြံတွေ၊ဒဏ်ရာတွေစတာတွေကို မြန်မြန်ဆန်ဆန်ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

အသားအရေကို စိုစွတ်စေပြီး ရေဓာတ်ပြည့်ဝအောင်လည်းကူညီပေးနိုင်ပါတယ်။ သွေးဖိအားကိုထိန်းညှိပေးစံပယ်လက်ဖက်ရည်ကကိုလက်စထရောဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အပြင်သွေးဖိအားကိုလည်း ထိန်းညှိပေးတာကြောင့်သွေးတိုးတာကိုကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် Catechin ကွန်ပေါင်း၊ Epidallocatechin Gallate ၊ Epicatechin Gallate ဓာတ်တွေပါဝင်တာကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။စိတ်ကို တည်ငြိမ်စေစံပယ်အနံ့က စိတ်ကို တည်ငြိမ်စေပြီး နှလုံးခုန်နှုန်းကို ကျဆင်းစေပါတယ်။

ခန္ဓာကိုယ်ရဲ့ စိတ်ကိုလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်။ စံပယ် ရေနွေးကြမ်းက ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေပါတယ်။

Antioxidants ဓာတ်ကြွယ်ဝတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေကာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

Credit….Aung lay

Facebook Comments Box