ကိုဗစ်ကြောင့် အမျိုးသားများသန္ဓေအောင်နိုင်စွမ်းလျော့ကျနိုင်သုတေသနတွေ့ရှိ
Covid19 ကြောင့် ယောက်ျားတွေသန္ဓေအောင်နိုင်စွမ်းလျော့နိုင်တယ်လို့သုသေသနတစ်ခုမှာတွေ့ရပါတယ်။

?? ဂျာမနီနိုင်ငံ JustusLiebigUniversityရှိBehzadHajozadehMaleki နဲ့Bakhtyar Tartibianတို့ဟာကိုဗစ်နဲ့အမျိုးသားတွေသန္ဓေအောင်နိုင်စွမ်းတို့ဆက်စပ်မှုကို သုသေသနလုပ်ခဲ့ပါတယ်။
ကိုဗစ်ဖြစ်နေသူ အမျိုးသားပေါင်း ၈၄ယောက်ကို ၁၀ ရက်တစ်ဖြတ်စီရက်၆၀ကြာအောင်ကျန်းမာတဲ့အမျိုးသား၁၀၅ယောက်နဲ့ယှဉ်ပြီးလေ့လာခဲ့ပါတယ်။

အဲ့လိုလေ့လာရာမှာbiological markersဇီဝမာကာတွေနဲ့ sperm သုက်တွေ့ရဲ့အခြေအနေကိုလေ့လာခဲ့ပါတယ်။ကိုဗစ်လူနာအမျိုးသားတွေရဲ့ သုက် spermဟာ ရောင်ရမ်းမှု၊ ဓာတ်တိုးဖိစီးမှုနဲ့ ဓာတုမညီမျှမှုတွေပိုတွေ့ရတယ်။

အကယ်လို့ ကိုဗစ်ရောဂါပိုပြင်းထန်လေ အဲ့ဒီအပြောင်းအလဲတွေပိုများများတွေ့ရလေလို့ ဆိုပါတယ်။သုက်ပုံပြောင်းသွားတာ ၄၀၀%သုက်ပမာဏလျော့တာ ၅၁၆%ရောင်ရမ်းပြီး ဓာတ်တိုးဖိစီးမှုဖြစ်တာ ၁၀၀ %သုက်ရွေ့လျားနိုင်မှုလျော့ကျတာ ၂၀၉ % တွေ့ရပါသတဲ့။

အဲ့ဒီလို inflammation oxidative stress chemical imbalance တွေတိုးလာခြင်းဟာ ကိုယ်ခန္ဓာရဲ့ DNA နဲ့ ပရိုတိန်းတွေကို ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။အဲ့ဒီအကျိုးဆက်အနေနဲ့ သုက်ရဲ့အရည်အသွေးနဲ့ မျိုးအောင်နိုင်မှုကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားမျိုးပွားအင်္ဂါဟာ ကိုဗစ်ကူးစက်ရာလမ်းကြောင်းဖြစ်နိုင်ပြီး WHO ကကြေညာထားတဲ့ highriskorgan ထဲမှာပါတယ်လို့ Malekiကဆိုပါတယ်။

အခြားပညာရှင်တွေကဘယ်လိုမြင်ကြသလဲအခုတွေ့ရှိချက်ဟာ ပထမဦးဆုံးသော လက်တွေ့သုသေသနတွေ့ရှိချက် experimental evidenceဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက အခုသုသေသနကို ကြိုဆိုခဲ့ပေမယ့် ယတိပြတ်ကောက်ချက်ဆွဲဖို့ သတိထားဖို့ဆိုကြပါတယ်။

?? ဗြိတိန်ရှိ CARE Fertility Group ရဲ့ ဒါရိုက်တာဖြစ်သူ Alison Campbell က ယောက်ျားတွေအလန့်တကြားမဖြစ်ကြနဲ့လို့ ဆိုလိုလိုက်ပါတယ်။သူမပြောတာကတော့ ကိုဗစ်ကြောင့် ရေရှည်ထိခိုက်တာဖြစ်စေတဲ့ သက်သေအခုထိမတွေ့သေးဘူးလို့ဆိုပါတယ်။

ဘာပဲပြောပြော အမျိုးသားတွေအနေနဲ့ ဖွားဖက်တော်မထိခိုက်စေဖို့ Mask တပ်ဖို့၊ လက်ဆေးဖို့ ခပ်ခွာခွာနေကြဖို့ စည်းကမ်းလိုက်နာကြဖို့လိုကြောင်း အသိပေးလိုက်ပါတယ်။
Credit Top10News