ရင်သားကင်ဆာနှင့်ဝမ်းတွင်းအမှုံအမှုန့်နှင့်ဆံပင်မွှေးများအတွက် သပြေသီး၏အစွမ်းပကားများ

ရင်သားကင်ဆာနှင့်ဝမ်းတွင်းအမှုံအမှုန့်နှင့်ဆံပင်မွှေးများအတွက် သပြေသီး၏အစွမ်းပကားများ

ရင်သားကင်ဆာဝေဒနာအတွက်သပြေသီး ဝမ်းတွင်းသို့ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့ဝင်ရောက်၍ဝမ်းဗိုက်အောင့်ခြင်းထိုးခြင်းဖြစ်ပါကသပြေသီးကိုသတိရကြပါ။

(၁)သပြေသီးမှည့်ချိန်တွင်သပြေသီးမှည့်(၁၀)လုံးကိုဆားဖြင့် တို့စားခြင်းအား(၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့်လျှင်မန်ကျည်းဖျော်ရည်သောက်ပေးရသည်။ဝမ်းတွင်းရှိ အမှုန့်၊အမွှားများ၊ဆံပင်ထွေးများအညစ်အကြေးနှင့်အတူပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီးဝမ်းနုတ်ပေး၍လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။

ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာကဝမ်း တွင်းသို့ ဆံပင်စများဝင်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသောနည်းဖြစ်ပါသည်။

ဆံပင်ညှပ်ခြင်းဖြင့်အသက်မွေးဝမ်းပြုရာကဝမ်းတွင်းသို့ဆံပင်စများဝင်သည်များလာကာဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့်အညစ်အကြေးနှင့်အတူဆံပင်ထွေးများကျသွားသည်ဟုဆိုပါသည်။နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသောဆေးနည်းဖြစ်သည်ဟုဆိုပါသည်။

သပြေသီး၂၀၀၇ခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင်၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှသပြေသီးကိုဓာတ်ခွဲစမ်းသပ်ခဲ့ရာသပြေသီးသည်ရင်သားကင်ဆာမဖြစ်ပွားအောင်ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်းအဖြေထွက်ရှိပါသည်။ဦးရေပြားဘောက်ထခြင်းသပြေသီးသတ္တုရည်ကိုလိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီးသပြေသီးတွင် ချိုဖန်သောအရသာရှိသည်။သပြေသီးချိန်တွင်သပြေသီးမှည့်ကိုစားပေးခြင်း။သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်းနံနက်ညသောက်ပေးပါကဆီးချိုတကယ်ပျောက်သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊ တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။ (အစာမကြေသူများ၊ကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါဆေးဖက်ဝင်သည်ဆိုသော်လည်း လွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။)

Credit..Aung lay

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *