အင်္ဂါဂြိုဟ်အတွက် ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ယာဉ်ကို ဦးဆောင်တီထွင်တဲ့ မြန်မာအမျိုးသမီး

အင်္ဂါဂြိုဟ်အတွက် ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ယာဉ်ကို ဦးဆောင်တီထွင်တဲ့ မြန်မာအမျိုးသမီး

မောင်းသူမဲ့လေယာဉ်ကိုအင်္ဂါဂြိုဟ်အတွက် ဦးဆောင်တီထွင်ခဲ့တဲ့ မြန်မာအမျိုးသမီးအင်္ဂါဂြိုဟ်ပေါ်မှာနာဆာအဖွဲ့ဟာလှည့်ပတ်ပျံဝဲမယ့် မောင်းသူမဲ့ရဟတ်ယာဉ်ကို ဦးဆောင်တီထွင်ခဲ့သူဟာ မြန်မာလူမျိုးမိဘနှစ်ပါးကနေမွေးဖွားလာခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ၁၀ နှစ်ကျော်နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်(Dr Mi Mi Aung)ပါ။

ဒေါက်တာမိမိအောင်ကို ၁၉၆၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီးတော့အသက် ၂ နှစ်ခွဲအရွယ်မှာမိဘတွေရဲ့ဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို ပြောင်းရွှေ့လာခဲတာပါ။ဒေါက်တာမိမိအောင်ရဲ့မိခင်ဟာလည်း မြန်မာနိုင်ငံသူတွေထဲမှာ သင်္ချာပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ ပထမဆုံး ရရှိခဲ့သူပါ။

မြန်မာနိုင်ငံမှာ ရုပ်ဝတ္တုပစ္စည်း မပြည့်မစုံနဲ့ လူလားမြောက်ခဲ့ရတဲ့ဒေါက်တာမိမိအောင်ဟာ ကြယ်စုံတဲ့ကောင်းကင်ကြီးကိုမကြာမကြာ ငေးကြည့်တတ်ပြီးအာကာသထဲမှာငါတို့ လူသားတွေပဲရှိတာလားလို့စဉ်းစားခန်းထုတ်နေတတ်တာပါ။

အင်္ဂလိပ်ကျောင်းအထက်တန်းကျောင်းသူဘဝကတည်းကနေအာကာသသိပ္ပံဘာသာရပ်ကို စိတ်ဝင်စားခဲ့တဲ့ ဒေါက်တာမိမိအောင်ဟာအသက် ၁၆နှစ်အရွယ်မှာတော့သူဝါသနာပါတဲ့ပညာရပ်ကိုဆက်လေ့လာဖို့အတွက်ကို မိသားစုနဲ့ခွဲခွာပြီးအမေရိကန်နိုင်ငံကိုတစ်ယောက်တည်းထွက်လာခဲ့ပါတော့တယ်နော်။

သူဟာ အီလီနွိုက်တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူခဲ့ပြီးတော့ ၁၉၉၀ ပြည့်နှစ်မှာတော့ မာစတာဘွဲ့ရခဲ့ပါတယ်တဲ့။ မာစတာဘွဲ့အတွက် သူ ရေးခဲ့တဲ့ ပါရဂူကျမ်းက ဆက်သွယ်မှုနဲ့ အချက်ပြမှုလုပ်ဆောင်ချက်အကြောင်း ဖြစ်ပါတယ်။

မာစတာဘွဲ့ယူပြီးချိန်မှာ ပါမောက္ခတစ်ယောက်က သူ့ကို Jet Propulsion Laboratory (JPL) ရဲ့အာကာသရဲ့ နက်ရှိုင်းတဲ့နေရာက ရှာဖွေမှုလုပ်ငန်းအကြောင်း ပြောခဲ့တာပါ။ JPL ဟာအာကာသရဲ့နက်ရှိုင်းတဲ့နေရာမသဲမကွဲအချက်ပြမှုတွေကို ရှာဖွေဖမ်းယူနေတာဖြစ်ပါတယ်နော်။

ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ JPL ဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာဖြစ်ပြီးတော့ နာဆာအဖွဲ့ရဲ့ လက်တွေ့ဆောင်ရွက်မှုစင်တာပါ။JPL မှာ အလုပ်လုပ်ခွင့်ရရင် သူနှစ်သက်တဲ့ သင်္ချာပညာရပ်ကို သူစွဲလမ်းနေတဲ့ အာကာသအကြောင်း၊ သူ့ရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ဖို့အခွင့်အရေးပဲလို့ ဒေါက်တာမိမိအောင်က တွက်ဆမိခဲ့ပါတယ်။

စစချင်းမှာတော့ အာကာသယာဉ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ နာဆာအဖွဲ့ အသုံးပြုတဲ့ Deep Space Network မှာ အလုပ်လုပ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ အာကာသယာဉ်သွားလာမှုကို ထိန်းချုပ်တဲ့ GNC(guidance, navigation, and control) စနစ်တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်တဲ့။

၂၀၁၃ ခုနှစ်မှာ JPL က သူ့ကို မောင်းသူမဲ့စနစ်ကဏ္ဍမှာ လက်ထောက်မန်နေဂျာ ခန့်အပ်ခဲ့ပြီး နောက် ၂ နှစ်အကြာမှာပဲ အင်္ဂါဂြိုဟ်ပေါ် ပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ရေးအဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခဲ့တာပါ။လူသားသမိုင်းတစ်လျှောက်တခြားဂြိုဟ်တစ်ခုမှာ ပထမဆုံးပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ဖို့ဆိုတာ အင်ဂျင်နီယာပညာရပ်ရဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်မှုတစ်ခုပါပဲနောိ။

အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆက ကမ္ဘာမြေပေါ်က လေထုသိပ်သည်းဆနဲ့နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူးနော်။ဒီတော့ အင်္ဂါဂြိုဟ်ပေါ် ပျံဝဲမယ့်ရဟတ်ယာဉ်က ပေါ့ပါးပြီးတော့ ရဟတ်ယာဉ်ဒလက်ကလည်း ပုံမှန်ရဟတ်ယာဉ်ဒလက်တွေထက် မြန်မြန်ပိုလည်မှပဲ ပျံဝဲနိုင်မှာပါနော်။

ဒေါက်တာမိမိအောင် ဦးဆောင်တဲ့အဖွဲ့ တီထွင်ထားတဲ့ Ingenuity Mars Helicopter ရဟတ်ယာဉ်ဟာအလေးချိန် ၄ ပေါင်ပဲရှိပြီးတော့ ကာဗွန်ဖိုက်ဘာနဲ့လုပ်ထားတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်နော်။ အဲဒီဒလက်တွေက တစ်မိနစ်ကို အပတ်ရေ ၂၄၀၀ (2400 rpm) အထိ လည်ပတ်နိုင်ပါတယ်နော်။

အဲဒီနှုန်းဟာ ကမ္ဘာပေါ်မှာပျံသန်းနေတဲ့ရဟတ်ယာဉ်တွေရဲ့ ဒလက်လည်နှုန်းထက် ၅ ဆ ပိုမြန်ပါတယ်တဲ့။၂၀၁၉ ခုနှစ် ဇန်နဝါရီလက စမ်းသပ်ပျံသန်းမှု အောင်မြင်ခဲ့လို့ လာမယ့် ဇူလိုင်လ ၃၀ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ ကာနာဗာရယ်လေတပ်စခန်းကနေ နာဆာအဖွဲ့က ဒုံးပျံလွှတ်တင်တဲ့အခါ Mars 2020 Perseverance ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်နဲ့အတူ တင်ဆောင်သွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဂြိုဟ်နီကြီးလို့ လူသိများတဲ့ အင်္ဂါဂြိုဟ်ဆီကို ရောက်ရှိဖို့အတွက် ခန့်မှန်းထားပြီး ကမ္ဘာမြေစခန်းကနေ ညွှန်ကြားချက်အတိုင်း ပျံသန်းမှုလုပ်သွားမှာပါတဲ့။ ဒါဟာ မြန်မာလူမျိုးမိဘနှစ်ပါးကနေမွေးဖွားလာပြီးတော့ မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်လာမှာပါ။

သူ့မိခင်က လက်တွေ့ကျပြီး ယုတ္တိ ရှိ၊ မရှိဆိုတာကို အမြဲမပြတ် ချင့်ချိန်စဉ်းစားသူဖြစ်လို့ငယ်ငယ်ကတည်းက ယုတ္တိကျမှုရဲ့ အရေးပါပုံကို နားလည်ခဲ့တယ်လို့ ဒေါက်တာမိမိအောင်က ပြောပါတယ်။ သင်္ချာတစ်ပုဒ် တွက်မရလို့ သင်္ချာပါရဂူဘွဲ့ရထားတဲ့ မိခင်ကို အကူအညီတောင်းခဲ့တဲ့ ဒေါက်တာမိမိအောင်ဟာ သူ့အမေရဲ့ခရေစေ့တွင်းကျရှင်းပြမှုကို စိတ်မရှည်တော့လို့အဖြေကို မြန်မြန်ပြောပါအမေရယ်လို့ ပြောမိခဲ့ပါတယ်။

အရင်တုန်းက စကားပြောရင် ချိုသာနူးညံ့တဲ့ မိခင်ဟာ ဒီစကားကြားချိန်မှာတော့ အသံခပ်မာမာဖြစ်သွားပြီး နောက်ထပ် ဘယ်တော့မှ အမေ့ကို ဖြတ်လမ်းနည်း လာမမေးနဲ့ သမီး လို့ ပြောခဲ့ပါတယ်တဲ့။မိခင်ရဲ့စကားဟာ ဒေါက်တာမိမိအောင်ကို အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိဘူးဆိုတဲ့အသိ ရိုက်သွင်းပေးနိုင်ခဲ့ပါတယ်တဲ့။

ဒေါက်တာမိမိအောင်ဟာ ၂၀၁၉ ခုနှစ်က ဘီဘီစီသတင်းဌာနရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီးအယောက် ၁၀၀ စာရင်းမှာရွေးချယ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်ထွက် Space Queens ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်မှာလည်း ပါဝင်ခွင့်ရခဲ့သူပါနော်။ သူ့ရဲ့ရည်မှန်းချက်ကတော့ အာကာသအတွင်း စူးစမ်းရှာဖွေမှုလုပ်ငန်းစဉ်တွေမှာ ကျား၊ မ တန်းတူ ရင်ပေါင်တန်းပါဝင်နိုင်ရေးပါပဲတဲ့။

လက်ရှိအချိန်အထိတော့ နာဆာအဖွဲ့ရဲ့သိပ္ပံနဲ့ အင်ဂျင်နီယာအဖွဲ့ဝင်တွေထဲမှာအမျိုးသမီး ၃၀ရာခိုင်နှုန်းပဲပါဝင်ခွင့်ရပါသေးတယ်နော်။ တစ်နေ့ကျရင်တော့ အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေ ခြေချနိုင်မှာဖြစ်သလို ဒေါက်တာမိမိအောင်ရဲ့ ရည်မှန်းချက်လည်း ပြည့်ဝလာမှာ ဖြစ်ပါတယ်နော်။

credit aung lay

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *