ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးရင် စားသုံးသင့်သောအစားအစာများ
၁။ ကြက်သား ဒါမှမဟုတ် အမဲသား ညှပ်ပေါင်မုန့် Sandwich -ဖျားပြီး ကိုယ်လက် ကိုက်နေရင်ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာဖြစ်တဲ့အဆီမပါဝင်တဲ့အသားကိုစားဖို့လိုအပ်ပါတယ်။

အစာကို စားချင်စိတ် မရှိသော်လည်း ဒီအစာကိုစားသုံးတာကြောင့် ရောဂါကို တွန်းလှန်နိုင်ဖို့ စွမ်းအင် ရရှိနိုင်ပါတယ်။
၂။ ဟင်းသီးဟင်းရွက် ဖျော်ရည် -အဖျားရှိခါစမှဟင်းရွက်သုတ်တွေကိုစားချင်စိတ်မရှိရင် ဟင်းသီးဟင်းရွက်aဖျာ်ရည်ကို သောက်ပေးပါ။သူတို့မှာပါဝင်တဲ့များစွာသောဓာတ်တိုးပစ္စည်းမျိုးစုံကြောင့်ခုခံအားစနစ်မြင့်တက်လာနိုင်ပါတယ်။

၃။ ကြက်စွပ်ပြုတ်ရည် – သူ့ကြောင့်အာဟာရရရှိနိုင်သလိုအရည်ဓာတ်လည်းရရှိနိုင်ပါတယ်။ရောဂါအမြန်ပျောက်ကင်းဖို့လည်းကူညီနိုင်ပါတယ်။

ကြက်စွပ်ပြုတ်ရည်ပူပူ နွေးနွေးကိုသောက်တာကနှာခေါင်းမှအမွေးအမှင်တွေကဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကိုတိုက်ထုတ်ဖို့ကူညီနိုင်ပါတယ်။
၄။ ကြက်သွန်ဖြူ – ကြက်သွန်ဖြူက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

၅။ ချင်း- ချင်းက ပျို့တာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာကိုသက်သာနိုင်ပါတယ်။ရောင်ရမ်းမှုကိုလည်းလျော့ကျနိုင်ပါတယ်။
၆။ လက်ဖက်ရည်ကြမ်းပူပူ -ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ရေနွေးကြမ်း၊လက်ဖက်ရည်၊ Oolong လက်ဖက်ရည် သောက်ပါ။နှာပိတ်တာ သက်သာအောင် ရေနွေးကြမ်းက အငွေ့ကို ရှူပါ။

လည်ချောင်းနာတာ သက်သာအောင် ရေနွေးကြမ်းထဲ ပျားရည်နဲ့ ရှောက်ရည် ထည့်သောက်ပါ။
၇။ ငှက်ပျောသီး – သူက အစာကြေလွယ်တဲ့အစားအစာပါ။ပျို့တာ၊အန်တာနဲ့ ဝမ်းပျက် ဝမ်းလျော ဖြစ်သူတွေ စားသင့် ပါတယ်။

၈။ ပေါင်မုန့်ကင် -ဖျားနာတာကိုတွန်းလှန်နိုင်ဖို့ ပေါင်မုန့်ကင်ဒါမှမဟုတ်ခရက်ကာတွေကို စားသုံးနိုင်ပါတယ်။အစာသိပ်မဝင်တဲ့အချိန်မှာဒီအစာတွေကိုကြက်စွပ်ပြုတ်နဲ့ အတူတူ စားပါ။

၉။ အားဖြည့်ဖျော်ရည်များ -နလံပြန်ထခါစမှာအာဟရနဲ့ကယ်လိုရီအပြည့်အဝရရှိအောင် မိုင်လို၊အိုဗာတင်းနဲ့ အင်ရှူးဝါးလိုမျိုး ဖျော်ရည်တွေသောက်ပါ။

ပရိုတင်းအနည်းဆုံး၆ ဂရမ်ပါပြီးသကြားပါဝင်မှုနည်းကာလက်တို့စ်မပါဝင်တဲ့ညဖျော်ရည် ဖြစ်ရပါမယ်။
၁၀။ ရေခဲချောင်း -လည်ချောင်းနာနေရင်၊ရောင်ရမ်းနေရင်ဒါမှမဟုတ်ခြောက်သွေ့နေရင် ရေခဲချောင်း စားတာက ဒီဝေဒနာတွေကို သက်သာ နိုင်ပါတယ်။ ရေခဲချောင်း စားတာက တုပ်ကွေး ရောဂါကို တွန်းလှန်ဖို့အဓိကအချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝမှုကို ရရှိစေနိုင်ပါတယ်။

ရေများများရရှိတာကြောင့် သလိပ်ပျော်ဝင်နိုင်ပြီးနှာပိတ်တာ၊ရင်ကျပ်တာသက်သာနိုင်ပါတယ်။အာဟာရအပြည့်အဝရရှိဖို့သစ်သီး၁၀၀% ပါဝင်တဲ့ ရေခဲချောင်း ပြုလုပ်ပြီးစားပါ။
ခရေက်ဒစ် ဒါက်တာ ခင်မိုးမိုး