COVID -19 ရောဂါပိုးတွေ့လူနာတွေ လျော့ကျလာ၍ ကိုဗစ်စင်တာများ ဖြည်းဖြည်းချင်း ပိတ်သိမ်းတော့မည်

COVID -19 ရောဂါပိုးတွေ့လူနာတွေ လျော့ကျလာ၍ ကိုဗစ်စင်တာများ ဖြည်းဖြည်းချင်း ပိတ်သိမ်းတော့မည်

ရန်ကုန်တိုင်းမှာ COVID-19 ရောဂါပိုးတွေ့ လူနာတွေ လျော့ကျလာတဲ့ အတွက် ကိုဗစ် ကုသရေး စင်တာတွေကို Standby အနေအထားနဲ့ ဖြည်းဖြည်းချင်း ပိတ်သိမ်း သွားမှာ ဖြစ်ပြီးနောက်ဆုံး အနေနဲ့ ဝေဘာဂီ ဆေးရုံတစ်ခုထဲမှာပဲထားရှိကုသသွားမှာဖြစ်တယ်လို့

Covid-19 ကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုဥက္ကဌပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။လတ်တလော ရန်ကုန်တိုင်းမှာ နေ့စဉ် ပိုးတွေ့ လူနာ(၁၀၀)အောက်ကျလာပြီ ဖြစ်သလို ဆေးရုံတွေမှာလူနာတွေလျော့ကျလာပြီလို့လည်း ဒေါက်တာဇော်ဝေစိုးကအခုလိုပြောပါတယ်။

“ကိုဗစ်စင်တာ (၆)ခုထဲမှာလည်းပဲ လျော့ချပြီးတော့ ကုသမှု ပေးလျက် ရှိပါတယ်။ လျော့ချတယ် ဆိုတာက ဥပမာ-ဧရာစင်တာလိုမျိုး ကုသရေး စင်တာတွေမှာလူနာ (၆၀၀) လောက် ဆံ့ပေမယ့် အခု ဆိုရင် လူနာ(၃၀၀) လောက် နဲ့ပဲ ကုသမှု ပေးနေတာ ဖြစ်ပါတယ်။

Standby အနေအထားနဲ့ပိတ်သိမ်းနေခြင်းဖြစ်ပါတယ်။တကယ်လို့များ ပြန်လိုအပ်လို့ ရှိရင် ပြန်လည် ပြီးတော့ ပြုစု ကုသနိုင်အောင် ကျွန်တော်တို့ စီစဉ် ဆောင်ရွက် ထားရှိ ပါတယ်။

နောက်ဆုံး အနေနဲ့ ဆိုရင်တော့ တဖြည်းဖြည်း လျော့ကျလာရင်တော့ကူးစက်ဆေးရုံဖြစ်တဲ့ ဝေဘာဂီဆေးရုံမှာပဲယခင်တုန်းကအတိုင်းထားရှိပြီးကုသပေးမှာဖြစ်ပါတယ်”လို့ ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ COVID အတွင်း လူနာ(၇၀) ကျော် ရှိခဲ့ရာကနေ (၃၀) ကျော်လောက်သာကျန်ရှိတော့သလိုတပ် မတော်ကုသရေးစင်တာတွေမှာလည်းအရပ်ဖက်ကကုသဖို့ ပေးပို့တဲ့လူနာတွေမရှိတော့ပါဘူး။

ရန်ကုန်တိုင်းမှာရှိတဲ့ကိုဗစ်စင်တာတွေမှာအရင်ကကိုဗစ်လူနာကိုးထောင်၊တစ်သောင်းဝန်းကျင်ကုသပေးခဲ့ရပေမယ့်အခုချိန် မှာတော့ကုသနေရတဲ့ကိုဗစ်လူနာ(၉၉၀)ပဲကျန်ရှိတော့သလိုရန်ကုန်တိုင်းထဲကဆေးရုံတွေမှာလည်းကိုဗစ်လူနာ(၂၂၇) ဦးပဲ ကျန်တော့တယ်လို့ ပါမောက္ခဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *