အရေပြားရောဂါ(သို့)အရေပြားမှိုရောဂါအတွက် ပျောက်ကင်းစေသောဆေးနည်း

လက်တင်ဖြင့် Cassia Toraဟုခေါ်ပါသည်။လူအတော်များများ အဖြစ်များကြ၏။ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။မိမိအသားအရောင်ထက်ပို၍ဖြူနေခြင်း၊ပို၍ရင့်နေခြင်းဖြစ်သည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ပွားလာ တတ်လေသည်။ ရင်းဘတ်၊ ပါးပြင်၊ဂုတ်သား၊ ကျောပြင် ၊လက်မောင်း၊လည်ပင်းနေရာအနှံ့ အကွက်အကွက်များ ပျံ့ပွားနေတတ်သည်။ယောက်ျား၊မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့များကြသည်။

ရုပ်လေးတော့ချောပါရဲ့ ညှင်း တွေ ပေါက်နေတာဆိုးတယ် ဒီလိုမျိုးပြောတတ်ကြသည် ကိုး..။ညှင်းရောဂါသည် Mallasseziaဟုခေါ်သောမှို တစ်မျိုး ကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။
နာကျင်မျုမရှိသော်လည်း တစ်ခါတစ်ရံယားယံတတ်ပါသည်။ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန်ခက်ခဲသူတို့ အတွက် ညှင်းကို ပျောက်ကြောင်းဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။

ဆေးနည်း
ဒန်းကျွဲပင်စေ့များကို မြေအိုးတွင်မီးကျွမ်းအောင်လှော်ပြီး အမှုန့်ထောင်းပါ။ ထိုဒန့်ကျွဲမှုန့်နှင့်နှမ်းဆီစစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။

(၁၀)ရက်တိတိဇွဲရှိရှိလေးလိမ်းပေးပါကခန္ဓာကိုယ်ပေါ်မှညှင်းများ ပျောက်ပြီး ပင်ကိုယ်အလှပြန်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။နှမ်းဆီအခက်တွေ့သူတို့ သံပုရာရည်ဖြင့်လိမ်းပါရန်။

ဒန်းကျွဲပင်အား ရွှေမြန်မာတို့အထူးမိတ်ဆက်ရန် မလိုပါ သိပြီးအပင်ဖြစ်ပါသည်။ဒန်းကျွဲပင်(အရှင်နာဂသိန်ပုံပြဆေးကျမ်းအဆို)အစေ့သည်ပူ၍ခါးသက်သောအရသာရှိပါသည်။အရွက်ကို ဟင်းချက်စားခြင်း၊ အစေ့ကို သံပုရာရည်ဖြင့် ကြိတ်ပြီးလိမ်းပါက အရေပြားရောဂါတို့ ပျောက်ပါသည်။

မျက်စိအတွက်အစေ့ကိုသွေး၍ကွင်းခြင်း၊ အစေ့ကို ကျိုပြီးသောက်ပါက မျက်စိပိုးထခြင်း၊ယားခြင်းကို သက်သာစေပါသည်။အနာငန်းလိုက်ကအစေ့ကို သွေးပြီးလိမ်းခြင်း၊သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
Credit: Kyaw Yimon ( HTD )