ဆရာဝန်တွေလက်လျှော့နေရတဲ့ရေဖျဉ်းရောဂါတင်မက ရောဂါတော်တော်များများပျောက်ကင်းစေတဲ့ ရွှေနွယ်ရိုး

နွယ်မြတ်သစ်ပင်ဆေးဖက်ဝင် ၏ ဆရာဝန်တွေလက်လျှော့နေရတဲ့ရေဖျဉ်းရောဂါတင်မက ရောဂါတော်တော်များများပျောက်ကင်းစေတဲ့ ရွှေနွယ်ရိုး

ဒီ အပင်ကိုရှာနေတာ ၃နှစ်၃ မိုးရှိပါပေါ့ဇီးပင်ပေါ်မှာသာပေါက်တဲ့ ရွှေနွယ်ရိုးပင်လေး ထခုန်မိပါသေးအပင်ကို၃ ခွက်၁ ခွက်တင်ကျိူသောက်ရင် ဗိုက်ကြီးပူပြီးရေတွေစုတ်ထုတ်နေရတဲ့တနေ့တစ်သိန်းလောက်ကုန်ပြီးဆရာဝန်တွေလက်လျှော့နေရတဲ့ ရောဂါရေဖျဉ်းရောဂါပျောက်ပါတယ်။

ဆီးချိူသွေးချိူနဲ့ကင်ဆာရောဂါပျောက်ပါတယ်။ အားလုးံကျန်း မာချမ်းသာကြပါစေဂုဏ်နှင့်စွမ်းရည်၎င်းဆေးရွှေနွယ်သည်ချို၏။ထက်မြက်၏။သည်း ခြေနှင့်စပ်လျဉ်းသောရောဂါများကို နိုင်နင်း၏။

၁။ ရောဂါအလိုက်အသုံးပြုပုံ -အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက် ၎င်း ဆေးရွှေနွယ်ကို ပြုတ်၍သောက်ခြင်း။ ဝမ်းဗိုက်ကိုလိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါ များပျောက်ကင်း၏။

အသည်းအားနည်း/အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကိုပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကို၎င်း။အခြားဆေးဘက်များနှင့်၎င်းသောက်မူအသည်းကို များစွာအားပေး၏။

၂။ သွေးဖောက်ပြန်ရောဂါအတွက် ၎င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင်ကျို၍ ၎င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများပျောက်ကင်း၏။

ဝမ်းရောင် ဝမ်းကြောတင်းရောဂါအတွက် ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေလေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက် ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူဖော်ပြပါရောဂါများနှင့်တကွဝမ်းဗိုက်နာကျင်ခြင်းများပျောက်ကင်း၏။

မကျက်နိုင်သောအနာဟောင်းများအတွက် -ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူအသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

ယားနာမျိုးစုံအတွက်-၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲဖျော်၍ ယားနာများကို လိမ်းပေး မူမြန်စွာပျောက်ကင်း၏။အရေပြားလိမ်းဆေး-အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၎င်း မစားသော်၎င်း အဆိုပါရွှေ နွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း။လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

ရေငတ်ရောဂါအတွက်-အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုး ရေ ငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ရေသဘောသောက်မူရေငတ်ရောဂါများ ပျောက်ကင်း၏။

သွေးဆိုးပွားရောဂါ – သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင် ကြယ်စေ၏။

ဝမ်းဗိုက်ထိုးကျင်ခြင်း – အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

Credit: Mindetha

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *