အောင်မဲညိုနဲ့ အသဲ(အသည်း) ကင်ဆာ
အောင်မဲညိုသောက်သုံးသူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပေးပါနော်မြန်မာတစ်ပြည်လုံးကို အသည်းကင်ဆာဖြန့်ဖြူးနေတဲ့ အောင်မဲညိုအပွင့်ခြောက်

အခုနောက်ပိုင်းအွန်လိုင်းပေါ်မှာကော၊ဈေးတွေမှာပါ အောင်မဲညိုပန်းပွင့်အခြောက်တွေကို အတော်များများရောင်းလာကြတာတွေ့ရပါတယ်။အောင်မဲညိုအပွင့်ခြောက်တွေကို တစ်ချို့က ဟင်းချက်စားကြတယ်။

တစ်ချို့က ရေနွေးကြမ်းထဲကို ခပ်ထည့်ပြီးသောက်ကြတယ်။တကယ်တော့ အောင်မဲညိုနဲ့ ပက်သက်ပြီးတော့ အသည်းအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဝင်းရဲ့ သတိပေးစကားအစီအစဉ်လေးကိုကြည့်လိုက်ရတော့မှ အောင်မဲညိုကို စနစ်တကျ ပြုပြင်မှ သုံးစွဲမှ အကျိုးရှိတယ်ဆိုတာ သိလိုက်ရပါတယ်။

သိပ္ပံနည်းကျ ပေါင်းခံပြီး အဆိပ်အတောက်တွေကို မဖယ်ထုတ်ပဲ ဒီအတိုင်း သုံးစွဲမယ်ဆိုရင် အကျိုးကျေးဇူးမရှိရုံတင်မက အသည်းကင်ဆာပါ မုချကျိန်းသေဖြစ်ပါလိမ့်မယ်။
ပထမဦးဆုံး ကျွန်တော်တို့ အောင်မဲညို(Butterfly pea flower)လို့ ခေါ်နေကြတဲ့ ပန်းပင်ရဲ့ မူရင်းမျိုးစိတ်က မြန်မာပြည်က မဟုတ်ပါဘူး။ မူရင်းမျိုးစိတ်က တောင်အာဖရိကကလာတာပါ။

အပင်ရဲ့ မျိုးစိတ်ရင်းစွဲနာမည်က “Fabaceae” လို့ခေါ်ပါတယ်။ လူကို အဓိက ဒုက္ခပေးတာကတော့ သူ့အပွင့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေပါပဲ။ အဲ့ဒီဓာတ်ပေါင်းတွေကို စနစ်တကျခွဲထုတ်ပြီးတော့မှ အန္တရာယ်ကင်းကင်းနဲ့ အောင်မဲညိုအပွင့်ကို သုံးစွဲလို့ရတာပါ။
ဒီလိုမှ မဟုတ်ပဲ အောင်မဲညိုအပွင့်ကို နေလှမ်းအခြောက်ခံပြီး သုံးမယ်ဆိုရင် ကိုယ့်သေတွင်းကို တူးနေသလိုပါပဲ။အောင်မဲညို အပွင့်ကို နေလှမ်းလိုက်ခြင်းအားဖြင့် အပွင့်ထဲမှာပါဝင်တဲ့ ရေဓာတ်တွေကို ခမ်းခြောက်စေပြီး(Dehydration)လုပ်လိုက်သလိုဖြစ်သွားပြီး အထဲမှာ Benzeneဓာတ်တွေ ကျန်ခဲ့ပါလိမ့်မယ်။

အဲ့ဒီ ဘင်ဇင်းဓာတ်ကပဲ လူတွေကို အဓိက ကင်ဆာဖြစ်စေတာပါ။ နိုင်ငံကြီးတွေမှာ အောင်မဲညိုအရွက်ကို ဒီအတိုင်းသုံးစွဲခွင့် မပြုပါဘူး။ ဆေးကုမ္ပဏီကြီးတွေက နှစ်နဲ့ချီ သုတေသနပြုပြီး စနစ်တကျနဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပြီးတော့မှ ဈေးကွက်မှာ ဖြန့်ချိရောင်းချတာပါ။
လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တွေကို ခေတ်မီစက်ကိရိယာကြီးတွေနဲ့ အဆင့်ဆင့်ဖယ်ရှားရတာပါ။ဥပမာ – မြန်မာနိုင်ငံမှာဆိုရင် Fame Pharmacy လိုမျိုး ခေတ်မီပြီး စနစ်ကျတဲ့ ဆေးကုမ္ပဏီကြီးတွေလိုမျိုးပေါ့။

FDAထောက်ခံချက်ရှိပြီးတော့ အာမခံချက်ရှိတဲ့ ဆေးတွေကိုပဲ ဝယ်ယူသုံးစွဲသင့်ပါတယ်။အခုနောက်ပိုင်း ရန်ကုန်ဆေးရုံကြီးရဲ့ ကင်ဆာဌာနမှာ တစ်နေ့ကို လူနာပေါင်းထောင်ကျော်အထိ ကျိတ်ကျိတ်တိုး ကုသခံနေရတဲ့အထဲမှာ အသည်းကင်ဆာလူနာတွေနဲ့ သားအိမ်ကင်ဆာလူနာတွေက အများဆုံးပါပဲ။
အောင်မဲညိုကို ဒီအတိုင်းသုံးမယ်ဆိုရင် စစချင်းမှာ သူ့အပွင့်ထဲမှာပါတဲ့ Caffeine ဓာတ်ကြောင့် နေလို့ထိုင်လို့ ကောင်းသလိုလိုခံစားရပါလိမ့်မယ်။ဒါကကျန်းမာရေးအတွက် မကောင်းပါဘူး။

Caffeineဓာတ်က ကော်ဖီထဲမှာလည်း ပါပါတယ်။ ကော်ဖီကမှ လူအတွက် ပိုပြီးအကျိုးရှိပါသေးတယ်။နောက်ပိုင်း အောင်မဲညိုအရွက်ကို ရေနွေးထဲမှာ ခတ်သောက်တာ ကြာလာရင် ကနဦး ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ ပျို့အန်တတ်ခြင်း(Nausea)စတင်ဖြစ်ပေါ်လာပါလိမ့်မယ်။
အဲ့ဒီဘာဖြစ်လို့လဲဆိုတော့ သင့်ရဲအသည်းထဲမှာ အောင်မဲညိုအရွက်ရဲ့ အဆိပ်အတောက်တွေက စုပုံပြီး အနည်ထိုင်စ ပြုနေပါပြီ။ တစ်နှစ်ခွဲ နှစ်နှစ်လောက် သောက်မယ်ဆိုရင် အသည်းကင်ဆာဖြစ်ဖို့က တစ်ဝက်လောက်သေချာနေပါပြီ။

အကောင်းဆုံးကတော့ အောင်မဲညိုအရွက်တို့ ဓညင်းသီးတို့ကို ရှောင်တာက အကောင်းဆုံးပါပဲ။အစားတစ်လုပ်နဲ့ ကင်ဆာရောဂါနဲ့ မလဲကြပါနဲ့။
ကင်ဆာရောဂါခံစားရရင် မိမိကိုယ်တိုင်ကော မိသားစုကိုကော အချိန်ကုန်၊ လူပန်းပြီး ငွေကြေးကုန်ကျများစေပါတယ်။ အားလုံးပဲဘုရားသခင်ကောင်းကြီးပေးပါစေ။
Credit – ဒေါက်တာဂျိုးဇက်စော(ခေတ္တနယူးယောက်)