အစားအစာများကို စားသုံးတဲ့အခါ ဘေးအန္တရာယ်ကင်းအောင်စားသုံးနည်းများ

အစားအစာများကို စားသုံးတဲ့အခါ ဘေးအန္တရာယ်ကင်းအောင်စားသုံးနည်းများ

၁။ လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင်လက်ဖက်သုပ်စားပြီး၁၅မိနစ်ခန့်ကြာရင်လျှက်ဆား၊ကိုးပါးဆေး၊မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ဗမာဆေးတစ်ခုခုကို အနည်းငယ်လျှက်ပေးလိုက်ရင်အဆင်ပြေပါပြီ။

၂။ လက်ဖက်သုပ်၊ဂျင်းသုပ်စတဲ့အသုပ်စုံတို့ကိုစားတဲ့အခါကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်း ကိုက်လေ့ရှိကြတယ်။တစ်ချို့ကပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာအရင်ဖယ်ထား။

စားပြီးတာနဲ့ မြေပဲကိုဝါးပြီးပါးစပ်ထဲ၁မိနစ်ခန့်ငုံထား။ကြက်သွန်ဖြူ၊ကြက်သွန်နီစတဲ့အနံ့ တွေကို မြေပဲက စုပ်ယူနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ချက်ချင်းအနံ့ပျောက်တယ်။

၃။ငှက်ပျောသီးအလွန်ကြိုက်သူတွေတစ်ဖီးကုန်အောင်စားနိုင်တယ်တဲ့။စားပြီးလျှင်အချိုကြောင့်ဗိုက်နာတယ်။ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာတို့ပြီးစား။လုံးဝဗိုက်မနာတော့ဘူး။

၄။ငရုတ်သီးကြိုက်သူတွေ၊ အစပ်များများစားချင်သူတွေအတွက် ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်းအကြောင်းရင်းကတော့ငရုတ်သီးကိုအပူပေးပြီးမှစားခြင်းဖြစ်ပါတယ်။ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ပြုတ်၊ဖုတ်၊အဲလိုအပူပေးပြီးမှကြိုက်သလောက်စား။သံပုရာသီးလေးညှစ်ထည့်၊ပြီးမှစား။ဗိုက်မနာတော့ဘူး။

၅။ အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံမုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့်အစား အစာတို့ကိုမစားမီရှေးဦးစွာသံပုရာသီးတစ်စိတ်အရင်ကိုက်စားလိုက်ပါ။သို့မဟုတ်ဇွန်းထဲတွင်အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၆။ လက်ဖက်ကိုဘေးဥပဒ်ဖြစ်စေနိုင်သည့် အခါးဓါတ်ကိုလျော့ရန်အတွက်ပထမဦးစွာဆား၊သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီးအလွန်ပြင်းထန်သောအခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်းလေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။

၇။ အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ပူဒီနာ(ပုစီနံ)ရွက်များကိုအရင်ဝါးစားပြီးမှထမင်းစားပါ။ အဆိပ်အတောက်ကင်းပါသည်။

၈။ အဆိပ်အတောက်များသောမျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေကအန္တရာယ်ကင်းပါသည်။စိတ်မခိုင်၍စားလိုပါကမျှစ်ချဉ်ထဲသို့သံပုရာရည် အနှံ့ ညှစ်ချပြီးနာနာနယ်၍ ရေဆေးပြီးစစ်ထားပါ။

ပြီးမှမိမိစိတ်ကြိုက်ချက်စားပါ။သို့မဟုတ် မျှစ်ချဉ်ချက်ထဲသို့သံပုရာရည်ညှစ်ချပြီး မွှေနှောက်ကာဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။အဆိပ်အတောက်နည်းသွားပါသည်။

၉။ ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကိုအပေါ်မှအပွေးခွံညို ညစ်ညစ်များကို ခြစ်ထုတ်ပြီးအစိမ်းရောင်မန်ကျည်းသီးသားများကိုသာ ထောင်း၍ချက်စားသင့်ပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာနေ ထိုင်နိုင်ကြပါစေ…မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

အစားအစာမ်ားကို စားသုံးတဲ့အခါ ေဘးအႏၲရာယ္ကင္းေအာင္စားသုံးနည္းမ်ား(Zawgyi)

၁။ လက္ဖက္ကို အၿမဲႏိုင္တာ လွ်က္ဆားျဖစ္ပါတယ္။ အစာမေၾက၊ ေလပြ၊ ရင္ျပည့္ရင္ကယ္မျဖစ္ေအာင္လက္ဖက္သုပ္စားၿပီး၁၅မိနစ္ခန႔္ၾကာရင္လွ်က္ဆား၊ကိုးပါးေဆး၊မဟာေျဖေဆး စတဲ့ ေလနဲ႔ဆိုင္တဲ့ဗမာေဆးတစ္ခုခုကို အနည္းငယ္လွ်က္ေပးလိုက္ရင္အဆင္ေျပပါၿပီ။

၂။ လက္ဖက္သုပ္၊ဂ်င္းသုပ္စတဲ့အသုပ္စုံတို႔ကိုစားတဲ့အခါၾကက္သြန္ျဖဴနဲ႔င႐ုတ္သီးစိမ္း ကိုက္ေလ့ရွိၾကတယ္။တစ္ခ်ိဳ႕ကပါးစပ္နံမွာစိုးရိမ္ၿပီး စားခ်င္လွ်က္နဲ႔ မစားဘူး။ဘာမွမပူနဲ႔ စားသာစား။ မစားခင္ေလးမွာ ေျမပဲေစ့ ၄၊ ၅ ေစ့ကိုသာအရင္ဖယ္ထား။စားၿပီးတာနဲ႔ ေျမပဲကိုဝါးၿပီးပါးစပ္ထဲ၁မိနစ္ခန႔္ငုံထား။ၾကက္သြန္ျဖဴ၊ၾကက္သြန္နီစတဲ့အနံ႔ ေတြကို ေျမပဲက စုပ္ယူႏိုင္တဲ့အစြမ္းသတၱိရွိပါတယ္။ခ်က္ခ်င္းအနံ႔ေပ်ာက္တယ္။

၃။ငွက္ေပ်ာသီးအလြန္ႀကိဳက္သူေတြတစ္ဖီးကုန္ေအာင္စားႏိုင္တယ္တဲ့။စားၿပီးလွ်င္အခ်ိဳေၾကာင့္ဗိုက္နာတယ္။ဘာမွမပူနဲ႔ ဆားအနည္းငယ္နဲ႔သာတို႔ၿပီးစား။လုံး၀ဗိုက္မနာေတာ့ဘူး။

၄။င႐ုတ္သီးႀကိဳက္သူေတြ၊ အစပ္မ်ားမ်ားစားခ်င္သူေတြအတြက္ ရခိုင္တို႔ရဲ႕အစပ္စားႏိုင္ျခင္းအေၾကာင္းရင္းကေတာ့င႐ုတ္သီးကိုအပူေပးၿပီးမွစားျခင္းျဖစ္ပါတယ္။င႐ုတ္သီးကို အစိမ္းလိုက္ ဘယ္ေတာ့မွ မစားနဲ႔။ ေလွာ္၊ ေၾကာ္၊ျပဳတ္၊ဖုတ္၊အဲလိုအပူေပးၿပီးမွႀကိဳက္သေလာက္စား။သံပုရာသီးေလးညႇစ္ထည့္၊ၿပီးမွစား။ဗိုက္မနာေတာ့ဘူး။

၅။ အုန္းႏို႔ေခါက္ဆြဲ၊ မုန႔္တီ၊ အသုပ္မ်ိဳးစုံမုန္းဟင္းခါးစတဲ့ အဆီအဆိမ့္မ်ားသည့့္အစား အစာတို႔ကိုမစားမီေရွးဦးစြာသံပုရာသီးတစ္စိတ္အရင္ကိုက္စားလိုက္ပါ။သို႔မဟုတ္ဇြန္းထဲတြင္အရည္ညႇစ္၍ ေသာက္ခ်ၿပီးမွ မုန႔္မ်ားကို စားပါ။ အႏၲရာယ္ကင္းေသာ မုန႔္စားနည္း ျဖစ္ပါသည္။

၆။ လက္ဖက္ကိုေဘးဥပဒ္ျဖစ္ေစႏိုင္သည့္ အခါးဓါတ္ကိုေလ်ာ့ရန္အတြက္ပထမဦးစြာဆား၊သံပုရာရည္တို႔ျဖင့္ နာနာပြတ္နယ္၍ ေရေဆးၿပီးအလြန္ျပင္းထန္ေသာအခါးဓါတ္ေလွ်ာ့ခ်ၿပီးမွ သုပ္စားလွ်င္ အႏၲရာယ္ကင္းပါသည္။ အစာမေၾကျခင္းေလေအာင့္ျဖစ္ေစျခင္းတို႔မွလည္း ေလွ်ာ့နည္းေစပါသည္။

၇။ အဆီအဆိမ့္မ်ားလြန္းေသာ ဒံေပါက္ထမင္း၊ ေထာပတ္ထမင္း၊ ၾကက္ဆီထမင္းတို႔ကိုမစားမီ အနားမွာ ခ်ေပးထားတဲ့ပူဒီနာ(ပုစီနံ)႐ြက္မ်ားကိုအရင္ဝါးစားၿပီးမွထမင္းစားပါ။ အဆိပ္အေတာက္ကင္းပါသည္။

၈။ အဆိပ္အေတာက္မ်ားေသာမွ်စ္ခ်ဥ္၊ အသည္းပ်က္တတ္ေသာ မွ်စ္ခ်ဥ္ကို လုံးဝမစားဘဲေနကအႏၲရာယ္ကင္းပါသည္။စိတ္မခိုင္၍စားလိုပါကမွ်စ္ခ်ဥ္ထဲသို႔သံပုရာရည္ အႏွံ႔ ညႇစ္ခ်ၿပီးနာနာနယ္၍ ေရေဆးၿပီးစစ္ထားပါ။ၿပီးမွမိမိစိတ္ႀကိဳက္ခ်က္စားပါ။သို႔မဟုတ္ မွ်စ္ခ်ဥ္ခ်က္ထဲသို႔သံပုရာရည္ညႇစ္ခ်ၿပီး ေမႊေႏွာက္ကာဟင္းအိုးကို မီးဖိုမွခ်၍ သုံးေဆာင္ပါ။အဆိပ္အေတာက္နည္းသြားပါသည္။

၉။ ရင္က်ပ္ေရာဂါ မျဖစ္ႏိုင္ေအာင္ မန္က်ည္းသီးစိမ္းကိုအေပၚမွအေပြးခြံညိဳ ညစ္ညစ္မ်ားကို ျခစ္ထုတ္ၿပီးအစိမ္းေရာင္မန္က်ည္းသီးသားမ်ားကိုသာ ေထာင္း၍ခ်က္စားသင့္ပါသည္။အသက္ကို ဉာဏ္ေစာင့္၍ က်န္းမာ႐ႊင္လန္းစြာေန ထိုင္ႏိုင္ၾကပါေစ…

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ Credit ေပးပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *