ကံကောင်းခြင်းတွေကိုယူဆောင်လာမယ့် မှဲ့ပိုင်ရှင်မျာ

ကံကောင်းခြင်းတွေကိုယူဆောင်လာမယ့် မှဲ့ပိုင်ရှင်များ

မှဲ့ နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိကြပါတယ်။မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ် တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။ခန္ဓာကိုယ်ရဲ့နေရာအမျိုးမျိုးမှာမှဲ့တွေရှိနိုင်ပြီးအခုဖော်ပြမယ့်နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကိုပေးနိုင်ပါတယ်တဲ့။

နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့

နှုတ်ခမ်း၏အပေါ်ဘက်မှာမှဲ့ရှိပါက အရမ်းကို ကောင်းတဲ့ မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက်ငွေကြေး၊အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။

ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်း ကို မြန်မြန် ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ်။

နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့ပိုင်ရှင်

နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာ မှဲ့ရှိနေမယ်ဆိုသေချောပေါက် ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ဒါပေမဲ့အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်းဒါမှမဟုတ် အိမ်ထောင်ကျပြီးမှရရှိတတ်ပါတယ်။

ညာဘက်ပါးပြင်ပေါ်ကမှဲ့ ရှိသူ

ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ် ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ်။

မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့ ရှိသူ

မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ဘဝမှာတောင့်တစရာမလိုဘဲငွေကြေးပြည့်ပြည့် စုံစုံနဲ့နေရတတ်ပါတယ်။

ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့ဟာဆို

ကံကောင်းခြင်းနဲ့ကံဆိုးခြင်းရောနှစ်မျိုးစလုံးဖြစ်စေနိုင်ပါတယ် ။ဥစ္စာပစ္စည်း ပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။

ညာဘက်လက်ဝါးပြင်မှာမှဲ့ရှိရင်

ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ကံကောင်းမယ့်အချိန်ကလက်ဝါးပြင်ပေါ်ကမှဲ့ရဲ့တည်နေရာအပေါ်မှာမူတည်ပါတယ်။မှဲ့ကလက်ဝါးရဲ့အပေါ်ပိုင်းမှာရှိမယ်ဆိုရင်ငယ်ရွယ်တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီး လက်ဝါးရဲ့အောက်ပိုင်းမှာရှိမယ်ဆိုရင်အသက်ရလာတဲ့အချိန်မှာမှစည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။

ရင်ဘတ်ရဲ့ညာဘက်အခြမ်းမှာရှိတဲ့မှဲ့

ရင်ဘက်ညာဘက်ခြင်းမှာမှဲ့ရှိပါကစည်းစိမ်ဥစ္စာအများအပြားပိုင်ဆိုင်စေပြီးဘဝကိုအေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။

မေးစေ့ပေါ်မှာရှိတဲ့မှဲ့

မေးစေ့ပေါ်မှာ ရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အား နည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ် ။

Zawgyi

ကံေကာင္းျခင္းေတြကိုယူေဆာင္လာမယ့္ မွဲ႕ပိုင္ရွင္မ်ား

မွဲ႔ နဲ႔ပတ္သက္ၿပီး အယူအဆအမ်ိဳးမ်ိဳး ရွိၾကပါတယ္။မွဲ႔တစ္ခုစီတိုင္းမွာ ဘဝနဲ႔ ပတ္သက္ၿပီး ဖုံးကြယ္ထားတဲ့ မက္ေဆ့ခ်္ တစ္ခုစီ ရွိပါတယ္လို႔ မွဲ႔ပညာရွင္ေတြက ဆိုၾကပါတယ္။ခႏၶာကိုယ္ရဲ႕ေနရာအမ်ိဳးမ်ိဳးမွာမွဲ႔ေတြရွိႏိုင္ၿပီးအခုေဖာ္ျပမယ့္ေနရာေတြမွာရွိတဲ့မွဲ႔ေတြကေတာ့ကံေကာင္းျခင္းနဲ႔ စည္းစိမ္ဥစၥာႂကြယ္ဝျခင္းကိုေပးႏိုင္ပါတယ္တဲ့။

ႏႈတ္ခမ္းအေပၚဘက္မွာရွိတဲ့မွဲ႔

ႏႈတ္ခမ္း၏အေပၚဘက္မွာမွဲ႕ရွိပါက အရမ္းကို ေကာင္းတဲ့ မွဲ႔တစ္မ်ိဳးျဖစ္ၿပီး ႐ြယ္တူတန္းတူေတြထက္ေငြေၾကး၊ေအာင္ျမင္မႈ ပိုမိုရရွိတတ္တဲ့မွဲ႔လို႔ ဆိုႏိုင္ပါတယ္ ။

ဒီလိုမွဲ႔ပိုင္ရွင္ေတြက ေခါင္းနည္းနည္းမာတဲ့ သဘာဝရွိေပမဲ့ ဘာပဲလုပ္လုပ္အရမ္း ကို ျမန္ျမန္ ဆန္ဆန္ေအာင္ျမင္တတ္တဲ့သူေတြ ျဖစ္ပါတယ္။

ႏွာေခါင္းေပၚမွာရွိတဲ့ မွဲ႕ပိုင္ရွင္

ႏွာေခါင္းရဲ႕တစ္ဘက္တစ္ခ်က္မွာ မွဲ႔ရွိေနမယ္ဆိုေသေခ်ာေပါက္ ခ်မ္းသာမယ္ဆိုတဲ့ လကၡဏာျဖစ္ပါတယ္။ဒါေပမဲ့ေအာင္ျမင္မႈနဲ႔ ေငြေၾကးႏွစ္ခုစလုံးက အသက္ ၃၀ ေနာက္ပိုင္းဒါမွမဟုတ္ အိမ္ေထာင္က်ၿပီးမွရရွိတတ္ပါတယ္။

ညာဘက္ပါးျပင္ေပၚကမွဲ႔ ရွိသူ

ညာဘက္ပါးေပၚမွာ ထင္ရွားၿပီး ျပတ္သားတိက်တဲ့ မွဲ႔တစ္လုံးရွိမယ္ဆိုရင္ အိမ္ ေထာင္ျပဳၿပီးေနာက္မွာ အရမ္းကို ခ်မ္းသာႂကြယ္ဝလာမယ္လို႔ သိႏိုင္ပါတယ္။

မ်က္ခုံး/မ်က္လုံးႏွစ္ခုၾကားကမွဲ႔ ရွိသူ

မ်က္ခုံးႏွစ္ခုၾကားမွာျဖစ္ျဖစ္၊ မ်က္လုံးႏွစ္လုံးၾကားမွာျဖစ္ျဖစ္ မွဲ႔တစ္လုံး ရွိမယ္ဆိုရင္ ခ်မ္းသာၿပီး ဘဝတစ္ခုကို သာသာယာယာနဲ႔ အေျခခ်ႏိုင္မယ့္ သူတစ္ဦးျဖစ္ပါလိမ့္မယ္။ဘဝမွာေတာင့္တစရာမလိုဘဲေငြေၾကးျပည့္ျပည့္ စုံစုံနဲ႔ေနရတတ္ပါတယ္။

ခါးရဲ႕ေဘးတစ္ဖက္တစ္ခ်က္မွာရွိတဲ့ မွဲ႕ဟာဆို

ကံေကာင္းျခင္းနဲ႕ကံဆိုးျခင္းေရာႏွစ္မ်ိဳးစလုံးျဖစ္ေစႏိုင္ပါတယ္ ။ဥစၥာပစၥည္း ျပည့္စုံႂကြယ္ဝၿပီး ႀကီးပြားတိုးတက္မွာ ျဖစ္ေပမဲ့ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဝမ္းနည္းစရာ၊ စိတ္မခ်မ္းေျမ့စရာေတြႀကဳံရမွာ ျဖစ္ပါတယ္။

ညာဘက္လက္ဝါးျပင္မွာမွဲ႔ရွိရင္

ဘဝမွာ ေအာင္ျမင္မႈနဲ႔ ႂကြယ္ဝမႈႏွစ္မ်ိဳးလုံး ရႏိုင္ပါတယ္။ ဒါေပမဲ့ကံေကာင္းမယ့္အခ်ိန္ကလက္ဝါးျပင္ေပၚကမွဲ႔ရဲ႕တည္ေနရာအေပၚမွာမူတည္ပါတယ္။မွဲ႔ကလက္ဝါးရဲ႕အေပၚပိုင္းမွာရွိမယ္ဆိုရင္ငယ္႐ြယ္တဲ့အခ်ိန္ကစၿပီး ေအာင္ျမင္ျပည့္စုံမွာျဖစ္ၿပီး လက္ဝါးရဲ႕ေအာက္ပိုင္းမွာရွိမယ္ဆိုရင္အသက္ရလာတဲ့အခ်ိန္မွာမွစည္းစိမ္ဥစၥာနဲ႔ ေအာင္ျမင္မႈေတြရရွိႏိုင္မွာပါ။

ရင္ဘတ္ရဲ႕ညာဘက္အျခမ္းမွာရွိတဲ့မွဲ႔

ရင္ဘက္ညာဘက္ျခင္းမွာမွဲ႕ရွိပါကစည္းစိမ္ဥစၥာအမ်ားအျပားပိုင္ဆိုင္ေစၿပီးဘဝကိုေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ျဖတ္သန္းႏိုင္ျခင္းကို ျပတဲ့မွဲ႔ျဖစ္ပါတယ္။

ေမးေစ့ေပၚမွာရွိတဲ့မွဲ႔

ေမးေစ့ေပၚမွာ ရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာနဲ႔ ပတ္သက္ရင္ ကံေကာင္းျခင္းကို ျပေပမဲ့ လူမႈဆက္ဆံေရးနဲ႔ ပတ္သက္ရင္ အား နည္းၿပီး အထီးက်န္ေနရတတ္တဲ့သူေတြျဖစ္ပါတယ္ ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *