ဘုရင်မုန့်ဖာတွေသိန်းနဲ့ချီရောင်းရလို့အရမ်းပျော်တယ်လို့ပြောလာတဲ့ထက်ထက်မိုဦး

ပရိသတ်ကြီးရေကြော်ငြာ မင်းသမီးလဲဖြစ် အကယ်ဒမီနှစ်ဆုရှင်လဲဖြစ် ပရိသတ်အချစ်တွေကို အမြဲရရှိနေသူလဲဖြစ်တဲ့သူဆိုတာအနုပညာလောကမှာထက်ထက်မိုးဦးပဲရှိမယ်ထင်တယ်။
ဝေဖန်ခံရနိုင်တဲ့ကိစ္စတွေဖြစ်ခဲ့ရင်တောင်မဝေဖန်ခံရပဲမျက်နှာမြင်တာနဲ့တင်ပိုပိုအချစ်ခံလာရသူပါ။ အနုပညာလောကမှပျောက်လိုက်ပေါ်လိုက်ဖြစ်နေပေမယ့်လည်းပရိသတ်တိုင်းရဲ့ရင်မှာထက်ထက်မိုးဦးကအမြဲအချစ်တော်ကြီးဖြစ်နေခဲ့တယ်ဆိုတာအခုတလောသူမ ကြော်ငြာပြီးရောင်းပေးနေတဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေကသက်သေပါပဲ။

ဘယ်သူနဲ့မှမတူတဲ့သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ ကြည့်ရှုနှုန်းအားတွေကဘယ်ဆယ်လီဘယ်အနုပညာရှင်တွေကမှလိုက်မမှီတာအမှန်ပါပဲနော်။ဒီနေ့မှာလည်း ”ထက်ကတော့ဘုရင်ဘီစကစ်မှာမုန့်ဖာတွေကိုလေသိန်းနဲ့ချီပြီးရောင်းခဲ့ပြီးသောင်း နဲ့ချီအားပေးကြတဲ့အနယ်နယ်အရပ်ရပ်ကချစ်ရသူတွေအားလုံးကိုလည်းချစ်တယ်မေတ္တာတွေလည်းပို့ပေးနေပါတယ်။

ဒီနေ့ညမှာလည်းချစ်ရသူတွေနဲ့အတူတူလှူခဲ့ရတယ်။အရမ်းပျော်တယ်”ဆိုတဲ့စာလေးနဲ့ပျော်ရွှင်စရာသတင်းလေးကိုဝေမျှခဲ့တာပါ။
ကားတွေ အိမ်တွေသာအရောင်းသွက်တာမဟုတ်ဘဲဘာရောင်းရောင်းကိုပရိသတ်တွေကအားပေးဝန်းရံနေတာပါပဲနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source :HtetHtetMoeOo
Credit – CeleKhitThit
Zawgyi


Source :HtetHtetMoeOo
Credit – CeleKhitThit