မြွေဆိပ်အားလုံးကိုနိင်ရုံသာမက တစ်ခြားသောရောဂါတွေပါပျောက်ကင်းစေတဲ့ သခွပ်ပင်၏အစွမ်းပကားများ

ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက်ဟင်းဂုတ်ပင် ဟင်းခတ်ပင်ဟုခေါ်ကြသည်။တစ်နိုင်ငံလုံးပေါက်သည်နှစ်ရှည်ပင်ကြီးပင်စည်တွင်အခေါက်အပွေးမရှိအရွက်အနည်းငယ်ဝိုင်းအပွင့်အဖြူရောင်ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်အသီးမှာသေးသေးရှည်ရှည်နှစ်ပေခန့်ရှိ။
အခေါက်၏ဆေးဘက်ဝင်နည်းများ

၁။မြွေပွေးမြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင်အဆိပ်မရှိတော့ပါငန်းတော်ကျားငန်းမြွေအပါအဝင်ပါမြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ။
၂။အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။
၃။မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါမကျည်းခေါက်လိုအပွေးမရှိ။
၄။ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။
အပွင့်၏ဆေးဘက်ဝင်နည်းများ

၁။ရှေးကတည်းကကလေးတွေကိုရောဂါကင်းကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်။
၂။အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်ြကေရင်ပြုတ်ရသည်။အခြောက်အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။
၃။ဘီပိုး စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။
၄။ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည် တို့စားစရာအဖြစ်လည်းသုံးသည်။
အရွက်၏ဆေးဘက်ဝင်နည်းများ

၁။အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။
၂။ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။
၃။တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၎င်းကလေးများကျန်းမာရေးအတွက်၎င်းအရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။
၄။ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်မျက်လုံးပိတ်ငါးရက်ခန့်ကြာမှကောင်းသော်လည်း အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။မြွေပွေး၊မြွဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။

တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စားအရွက်နှင့်စည်းထားခဲ့သည်။သစ်ကြီးပိမြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည့်ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။
မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်စားရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမလုပ်ရဟုဆိုလိုခြင်းမဟုတ်ပါ။အိမ်လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲနေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါသည်။

မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါလက်ရှိအသုံးပြုနေပုံများသက်ကြီးစကားကြားများအတွေ့အကြုံများအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။
Credit
မေတ္တာဖြင့်ပြန်လည်ပြီးကူးယူပုံများနှင့်တကွ ဗဟုသုတမျှဝေပါတယ်။
Zawgyi
ေႁမြဆိပ္အားလုံးကိုနိင္႐ုံသာမက တစ္ျခားေသာေရာဂါေတြပါေပ်ာက္ကင္းေစတဲ့ သခြပ္ပင္၏အစြမ္းပကားမ်ား
ဟင္းငုတ္ပင္(ခ)သခြပ္ပင္ကိုေဒသအလိုက္ဟင္းဂုတ္ပင္ ဟင္းခတ္ပင္ဟုေခၚၾကသည္။တစ္ႏိုင္ငံလုံးေပါက္သည္ႏွစ္ရွည္ပင္ႀကီးပင္စည္တြင္အေခါက္အေပြးမရွိအ႐ြက္အနည္းငယ္ဝိုင္းအပြင့္အျဖဴေရာင္ပဒိုင္းပြင့္ႏွင့္တူသည္။တန္ခူးမွဝါဆိုလအထိပြင့္သည္အသီးမွာေသးေသးရွည္ရွည္ႏွစ္ေပခန႔္ရွိ။
အေခါက္၏ေဆးဘက္၀င္နည္းမ်ား
၁။ေႁမြေပြးေႁမြေဟာက္ကိုက္ခံရပါကအေခါက္ကိုအျမန္ဝါးစားလိုက္ပါလွ်င္အဆိပ္မရွိေတာ့ပါငန္းေတာ္က်ားငန္းေႁမြအပါအဝင္ပါေႁမြေပြးႏွင္ေႁမြေဟာက္သာအကိုက္ခံသူရွိ၍ဦးစားေပးေဖၚျပရျခင္းပါ။
၂။အဆိပ္ရွိ သတၱဝါေလးမ်ားကိုက္လွ်င္လည္းအေခါက္ဝါးးစားပါ။
၃။မ်က္ေစ့နာပါကအေခါက္ေသြးၿပီးမ်က္လုံးကြင္းလိမ္းပါမက်ည္းေခါက္လိုအေပြးမရွိ။
၄။ကိုယ္လက္ကိုက္ခဲပါက အေခါက္ျပဳတ္ေရ ခ်ိဳးပါ။
အပြင့္၏ေဆးဘက္၀င္နည္းမ်ား
၁။ေရွးကတည္းကကေလးေတြကိုေရာဂါကင္းကိုယ္တြင္းအဆိပ္ကင္းသည္ဆိုကာသုပ္ေကြၽးသည္။
၂။အပြင့္ကိုေရေႏြးေဖ်ာ႐ုံျဖင့္က်က္သည္ျေကရင္ျပဳတ္ရသည္။အေျခာက္အေရာင္မဲေနသည္မွလြဲ၍အရသာမေျပာင္းပါ။

၃။ဘီပိုး စီပိုး ေပ်ာက္သည္ဆိုကာေတာ္ေတာ္မ်ားမ်ားအပြင့္သုပ္စားေနၾကသည္။
၄။ေဈးတြင္ဟင္း႐ြက္တန္း၌ေရာင္းခ်ေနၾကပါသည္ တို႔စားစရာအျဖစ္လည္းသုံးသည္။
အ႐ြက္၏ေဆးဘက္၀င္နည္းမ်ား
၁။အ႐ြက္ႏုကိုဟင္းခါးခ်က္ေသာက္ၾကသည္။
၂။ကေလးမ်ားေရေက်ာက္ေပါက္လွ်င္ အ႐ြက္ျပဳတ္တိုက္သည္။
၃။တကိုယ္လုံးေညာင္းညာကိုက္ခဲလွ်င္၎ကေလးမ်ားက်န္းမာေရးအတြက္၎အ႐ြက္ျပဳတ္ေရ ျဖင့္ေရခ်ိဳးၾကသည္။

၄။ဆိတ္ကို ေႁမြစိမ္းၿမီးေျခာက္ကိုက္လွ်င္ ေခါင္းတခုလုံးေရာင္မ်က္လုံးပိတ္ငါးရက္ခန႔္ၾကာမွေကာင္းေသာ္လည္း အ႐ြက္ေကြၽးပါကတရက္ႏွင့္ေပ်ာက္သည္။ေႁမြေပြး၊ႁမြေဟာက္ကိုက္ခံရသူမ်ားအေခါက္စားသြားသျဖင့္ေဆး႐ုံေရာက္သည့္အခါအဆိပ္မရွိေတာ့။
တဦးကလက္သန္းေႁမြေပြးကိုက္ရာေႁမြပါအစြယ္ႏွင့္ခ်ိတ္ပါလာသည္။သူကေတာ့ေဆး႐ုံမသြားေတာ့ဘဲအေခါက္စားအ႐ြက္ႏွင့္စည္းထားခဲ့သည္။သစ္ႀကီးပိေႁမြႀကီးကိုက္ ဆိုလွ်င္အႏၲရာယ္ႀကီးလြန္းသည့္ေျခသလုံးအထက္ႀကီးသည့္ေႁမြအ႐ြယ္ဆိုလိုပါသည္။
ေႁမြႀကီးေတာ့အဆိပ္အလြန္မ်ားေတာ့ အျမန္ဆုံးအေခါက္စားရန္လိုပါမည္။ေရွးဦးသူႏုာျပဳနည္းမလုပ္ရဟုဆိုလိုျခင္းမဟုတ္ပါ။အိမ္လယ္ယာ အနီးရွိဟင္းငုတ္ပင္မ်ားအားခုတ္ျခင္းမျပဳဘဲေနရာရွိလွ်င္စိုက္ထားသင့္သည့္အပင္ျဖစ္ပါသည္။
မိမိတြင္႐ုကၡေဗဒစာအုပ္မ်ားမရွိပါလက္ရွိအသုံးျပဳေနပုံမ်ားသက္ႀကီးစကားၾကားမ်ားအေတြ႕အႀကဳံမ်ားအားေဖၚျပထားျခင္းျဖစ္ပါေၾကာင္း။
Credit
ေမတၱာျဖင့္ျပန္လည္ၿပီးကူးယူပုံမ်ားႏွင့္တကြ ဗဟုသုတမွ်ေဝပါတယ္။