သင်တို့သတိမထားမိတဲ့ ချဉ်ပေါင်ပင်မှပေးသော ကျန်းမာရေးအစွမ်းသတ္တိများ

သင်တို့သတိမထားမိတဲ့ ချဉ်ပေါင်ပင်မှပေးသော ကျန်းမာရေးအစွမ်းသတ္တိများ

ရာသီစာချဉ်ပေါင်ဖူးအရွက်ချက်စားကြပါချဉ်ပေါင်ရွက်ကကိုယ်ခံစွမ်းအားမြင့်မားစေတဲ့အတွက်ကြောင့်အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။

ချဉ်ပေါင်ရွက်ကပုံမှန်အားဖြင့်သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို ကုသပေးနိုင်ပါတယ်။တချို့နေရာတွေမှာဆိုရင်ချဉ်ပေါင်ရွက်ကို ထောင်းပြီးညှစ်လိုက်ကာရရှိလာတဲ့အရည်ကိုမျက်စိအတွင်းသာရောင်ရမ်းခြင်းအတွက်အသုံးပြုသလို

နေလှန်းအခြောက်ခံပြီးအမှုန့်ကြိတ်ချေလိုက်တဲ့အခါမှာတော့ ပွန်းပဲ့ဒဏ်ရာများ၊ပြည်တည်နာများအတွက် အသုံးပြုကြပါတယ်။သူ့ရဲ့ အားသာချက်တွေက ဒီမှာတင် ရပ်မသွားပါဘူး။ အခြားကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားလည်း ပေးစွမ်းနိုင်ပါသေးတယ်။

အမျိုးသမီးများအတွက်ဓမ္မတာနာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း-ချဉ်ပေါင်ရွက် စားသုံးခြင်းက ဓမ္မတာစဉ် ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

ထိုအချိန်မှာ အမျိုးသမီးများ ခံစားရလေ့ရှိတဲ့ စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအလွန်အကျွံစားသုံးခြင်း စတဲ့ လက္ခဏာများကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိဟော်မုန်းများ ညီမျှမှုရှိအောင် ကူညီပေးပါတယ်။

ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးခြင်း-ချဉ်ပေါင်ရွက်ကို ကြော်စား၊ ချက်စားရုံသမကာ ဟင်းရည်လုပ်သောက်နိုင်သလို လက်ဖက်ရည်ကဲ့သို့လည်း သောက်သုံးနိုင်ပါသေးတယ်။

ချဉ်ပေါင် လက်ဖက်ရည်မှာဆိုရင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး ထိုဗီတာမင်စီက သင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ခုခံစွမ်းအားမြင့်မားလာအောင်လည်း ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအားမြင့်မားတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။အစာချေစနစ်ကို ကူညီပေးခြင်း-ချဉ်ပေါင်ရွက်စားသုံးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း-သကြားဓာတ်၊ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များတဲ့ အစားအစာများကိုအလွန်အကျွံစားသုံးမိမယ်ဆိုရင် သင့် ခန္ဓာကိုယ်က ဝိတ်တက်လာပါလိမ့်မယ်။

ချဉ်ပေါင်ရွက်ကတော့ ထိုကစီဓာတ်နဲ့ ကလူးကို့စ်ဓာတ် ပါဝင်မှုများကို စုပ်ယူပစ်နိုင်တဲ့အစွမ်းသတ္တများ ပိုင်ဆိုင်ထားတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံအစားအစာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း-ချဉ်ပေါင်ရွက်ထဲမှာ Flavonoids လို့ခေါ်တဲ့ စိတ်ကျရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ထိုဓာတ်က အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပြီး ကိုယ် စိတ်နှလုံး အေးချမ်းတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။

ချဉ်ပေါင်ရွက်တင် ကျန်းမာရေးအတွက်အကျိုးပြုတာမဟုတ်ပါဘူး။ ချဉ်ပေါင်သီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာကြောင့် ယိုထိုးပြီးလည်း စားသုံးနိုင်သလို အရည်ဖျော်သောက်လို့လည်း ရပါတယ်။

Credit

Zawgyi

သင္တို႔သတိမထားမိတဲ့ ခ်ဥ္ေပါင္ပင္မွေပးေသာ က်န္းမာေရးအစြမ္းသတၱိမ်ား

ရာသီစာခ်ဥ္ေပါင္ဖူးအ႐ြက္ခ်က္စားၾကပါခ်ဥ္ေပါင္႐ြက္ကကိုယ္ခံစြမ္းအားျမင့္မားေစတဲ့အတြက္ေၾကာင့္အေအးမိဖ်ားနာျခင္းနဲ႔ တုပ္ေကြးတို႔ရန္မွ ကင္းေဝးပါလိမ့္မယ္။

ခ်ဥ္ေပါင္႐ြက္ကပုံမွန္အားျဖင့္သြားကိုက္ျခင္း၊ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါပိုးဝင္ျခင္းနဲ႔ အရက္နာက်ျခင္းတို႔ကို ကုသေပးႏိုင္ပါတယ္။တခ်ိဳ႕ေနရာေတြမွာဆိုရင္ခ်ဥ္ေပါင္႐ြက္ကို ေထာင္းၿပီးညႇစ္လိုက္ကာရရွိလာတဲ့အရည္ကိုမ်က္စိအတြင္းသာေရာင္ရမ္းျခင္းအတြက္အသုံးျပဳသလို

ေနလွန္းအေျခာက္ခံၿပီးအမႈန႔္ႀကိတ္ေခ်လိုက္တဲ့အခါမွာေတာ့ ပြန္းပဲ့ဒဏ္ရာမ်ား၊ျပည္တည္နာမ်ားအတြက္ အသုံးျပဳၾကပါတယ္။သူ႔ရဲ႕ အားသာခ်က္ေတြက ဒီမွာတင္ ရပ္မသြားပါဘူး။ အျခားက်န္းမာေရးအတြက္ ေကာင္းက်ိဳးအေျမာက္အျမားလည္း ေပးစြမ္းႏိုင္ပါေသးတယ္။

အမ်ိဳးသမီးမ်ားအတြက္ဓမၼတာနာက်င္ကိုက္ခဲျခင္းကို သက္သာေစျခင္း-ခ်ဥ္ေပါင္႐ြက္ စားသုံးျခင္းက ဓမၼတာစဥ္ ႂကြက္သားမ်ားနာက်င္ကိုက္ခဲျခင္းကို သက္သာေစပါတယ္။

ထိုအခ်ိန္မွာ အမ်ိဳးသမီးမ်ား ခံစားရေလ့ရွိတဲ့ စိတ္အေျပာင္းအလဲအတက္အက်ျမန္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အစားအလြန္အကြၽံစားသုံးျခင္း စတဲ့ လကၡဏာမ်ားကို ေလ်ာ့ပါးသက္သာေစၿပီး ခႏၶာကိုယ္တြင္းရွိေဟာ္မုန္းမ်ား ညီမွ်မႈရွိေအာင္ ကူညီေပးပါတယ္။

ဘက္တီးရီးယားမ်ားကို တိုက္ဖ်က္ေပးၿပီး ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးျခင္း-ခ်ဥ္ေပါင္႐ြက္ကို ေၾကာ္စား၊ ခ်က္စား႐ုံသမကာ ဟင္းရည္လုပ္ေသာက္ႏိုင္သလို လက္ဖက္ရည္ကဲ့သို႔လည္း ေသာက္သုံးႏိုင္ပါေသးတယ္။

ခ်ဥ္ေပါင္ လက္ဖက္ရည္မွာဆိုရင္ ဗီတာမင္စီဓာတ္ႂကြယ္ဝစြာပါဝင္ၿပီး ထိုဗီတာမင္စီက သင့္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ကို ပံ့ပိုးေပးတဲ့အျပင္ ခုခံစြမ္းအားျမင့္မားလာေအာင္လည္း ကူညီေပးပါေသးတယ္။

ကိုယ္ခံစြမ္းအားျမင့္မားတဲ့အတြက္ေၾကာင့္ အေအးမိဖ်ားနာျခင္းနဲ႔ တုပ္ေကြးတို႔ရန္မွ ကင္းေဝးပါလိမ့္မယ္။အစာေခ်စနစ္ကို ကူညီေပးျခင္း-ခ်ဥ္ေပါင္႐ြက္စားသုံးျခင္းက ဝမ္းခ်ဳပ္ျခင္းကို သက္သာေစၿပီး အူမႀကီးကင္ဆာ မျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္က်ေစျခင္း-သၾကားဓာတ္၊ ကစီဓာတ္နဲ႔ ကာဘိုဟိုက္ၿဒိဳက္ဓာတ္မ်ားတဲ့ အစားအစာမ်ားကိုအလြန္အကြၽံစားသုံးမိမယ္ဆိုရင္ သင့္ ခႏၶာကိုယ္က ဝိတ္တက္လာပါလိမ့္မယ္။

ခ်ဥ္ေပါင္႐ြက္ကေတာ့ ထိုကစီဓာတ္နဲ႔ ကလူးကို႔စ္ဓာတ္ ပါဝင္မႈမ်ားကို စုပ္ယူပစ္ႏိုင္တဲ့အစြမ္းသတၱမ်ား ပိုင္ဆိုင္ထားတာေၾကာင့္ ဝိတ္က်ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံအစားအစာေတြထဲက တစ္ခုပဲျဖစ္ပါတယ္။

စိတ္က်ေရာဂါကို ကုသေပးႏိုင္ျခင္း-ခ်ဥ္ေပါင္႐ြက္ထဲမွာ Flavonoids လို႔ေခၚတဲ့ စိတ္က်ေရာဂါကို ဆန႔္က်င္တိုက္ဖ်က္ေပးႏိုင္တဲ့ ဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ထိုဓာတ္က အာ႐ုံေၾကာစနစ္ကို ေကာင္းမြန္စြာ အလုပ္လုပ္ေဆာင္ႏိုင္ေအာင္ ကူညီေပးၿပီး ကိုယ္ စိတ္ႏွလုံး ေအးခ်မ္းတည္ၿငိမ္ေအာင္ ကူညီေပးႏိုင္ပါတယ္။

ခ်ဥ္ေပါင္႐ြက္တင္ က်န္းမာေရးအတြက္အက်ိဳးျပဳတာမဟုတ္ပါဘူး။ ခ်ဥ္ေပါင္သီးကလည္း က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေပးစြမ္းတာေၾကာင့္ ယိုထိုးၿပီးလည္း စားသုံးႏိုင္သလို အရည္ေဖ်ာ္ေသာက္လို႔လည္း ရပါတယ္။

Credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *