ဖရဲသီးပုံတစ်ပါးကျောင်းဆောင်များ ပဲခူးဆယ်မိုင်းကုန်းအနီးသာသနာ့ရိပ်သာတွင်တည်ဆောက်ရန်စီစဉ်နေ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဆယ်မိုင်ကုန်းအနီးတွင်ရှိသည့်လုမ္ဗိနီဓမ္မဥယျာဉ်သာသနာ့ရိပ်သာတွင်ဖရဲသီးပုံစံတစ်ပါးကျောင်းဆောင်များတည်ဆောက်သွားရန်စတင်စီစဉ်နေပြီ ဖြစ်ကြောင်းလုမ္ဗိနီဓမ္မ ဥယျာဉ်သာသနာ့ရိပ်သာဆရာတော်၊အမေရိကန်နိုင်ငံဗားဂျီနီးယားပြည်နယ်၊ Richmond မြို့သို့ ခေတ္တရောက်ရှိနေသည့် အရှင်နာဂသေနက ဇန်နဝါရီလ ၁၈ ရက်က မိန့်ကြားသည်။

အဆိုပါ ဖရဲသီးတစ်ပါးကျောင်း ဆောင်များကို ပဲခူးဆယ်မိုင်ကုန်း၊ ကျောက် တန်းစံပြကျေးရွာတွင် ရှိသည့် လက်ရှိ ရိပ်သာဝင်း အတွင်း တည်ဆောက်သွားမှာ ဖြစ်ပြီးအကောင်အထည်ဖော်တည်ဆောက်ရန်မြေနေရာနှင့်တည်ဆောက်မှုကုန်ကျငွေ ကျောင်းဆောင်တစ်ခုချင်းစီအတွက် အလှူရှင်များလှူဒါန်းနိုင်ရန်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
“တည်ဆောက်ခြင်းလုပ်ငန်းကတော့မစသေးဘူးပေါ့။ အဲဒါတွေကိုစဖို့ကအလှူရှင်တွေစုဆည်းနေတာပါ။ဖရဲသီးတစ်ပါးကျောင်းလေးတွေပါ။ဆောက်မှာက မြေနေရာလမ်းဟိုဘက်ဒီဘက်ကိုအခြေအနေကြည့်ပြီ၁၀လုံးကျော်ကျော်လောက် ဆောက်ဖို့မှန်းထားပါတယ်။

၂၀၂၁နှစ်အတွင်းမှာပဲအပြီးဆောက်မှာပါ။ တစ်ဆောင်ကိုကျပ်သိန်း၈၀ကုန်ကျပါမယ်။ဒီဇိုင်းပုံစံလေးတွေကအင်ဂျင်နီယာဆွဲပေးထားတာပါ။ရိပ်သာမှာတရားအားထုတ်နေထိုင်တဲ့အဆောက်အအုံပုံစံမျိုးစုံရှိတာကဘုန်းဘုန်းကတခြားနိုင်ငံတွေကိုသာသနာပြုလုပ်ငန်းတွေကြွလေ့ရှိတော့မြင်ရတဲ့အမြင်အပေါ် ကိုယ့်ရိပ်သာကသာသနာပြုလုပ်ငန်းတွေမှာ ပြန်လည် ဖန်တီး စိတ်ကူး ပုံဖော်တာပါ။
မြန်မာပြည်က ရိပ်သာမှာ လုပ်ငန်းတွေ လုပ်ဖို့က ဘုန်းဘုန်းက အခု အမေရိက ရောက်နေလို့ပါ။နောက်ထပ် နာယက ဆရာတော် တစ်ပါးကလည်း သြစီ ရောက်နေလို့ပါ။ မြန်မာပြည် ပြန်ကြွဖို့က ကိုဗစ်ကြောင့် ပြန်မကြွနိုင် သေးတာပါ။
အမေရိကမှာလည်း ကျောင်းဆောက် သာသနာပြု လုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဆရာတော် အရှင်နွယ်သာကီက မိန့်ကြားသည်။လက်ရှိတွင် လုမ္ဗိနီဓမ္မ ဥယျာဉ် သာသနာ့ရိပ်သာ အနေဖြင့် ကိုဗစ်ကာလအချိန် ဖြစ်ခြင်းကြောင့်ရိပ်သာအတွင်းရိပ်သာဖွင့်ခြင်းကိုယာယီပိတ်ထားပြီးကိုဗစ်ကာလ အလွန်တွင်

ပြန်လည် ဖွင့်လှစ်ရန် စိတ်သန့်စင်ရေး စင်တာများလည်း ပြင်ဆင် ဆောင်ရွက် ထားဖြစ်ကြောင်းနှင့်လက်ရှိ အချိန်တွင် အမေရိကန်နိုင်ငံ ဗားဂျီးယား ပြည်နယ်၊ Richmond မြို့တွင်ဖွင့်လှစ်ထားကာတနင်္ဂနွေနေ့ရက်များ၌ ရိပ်သာတွင် တရားအားထုတ် ကြသူ အနည်းငယ် ရှိကြောင်း သိရပြီး
ဆရာတော်မှ မြန်မာနိုင်ငံသားများ အတွက် Covid-19 ကာကွယ် ဆေးအလှူ ထောက်ပံ့ပေးနိုင်ရန် ဗားဂျီးနီးယားရောက် ဆရာတော်များက အလှူရှင်များ လှူဒါန်းမှုကို တိုက်တွန်းလုပ်ဆောင် ပေးနေကြောင်း သိရသည်။

Zawgyi
ဖရဲသီးပုံတစ္ပါးေက်ာင္းေဆာင္မ်ား ပဲခူးဆယ္မိုင္းကုန္းအနီးသာသနာ့ရိပ္သာတြင္တည္ေဆာက္ရန္စီစဥ္ေန
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးဆယ္မိုင္ကုန္းအနီးတြင္ရွိသည့္လုမၺိနီဓမၼဥယ်ာဥ္သာသနာ့ရိပ္သာတြင္ဖရဲသီးပုံစံတစ္ပါးေက်ာင္းေဆာင္မ်ားတည္ေဆာက္သြားရန္စတင္စီစဥ္ေနၿပီ ျဖစ္ေၾကာင္းလုမၺိနီဓမၼ ဥယ်ာဥ္သာသနာ့ရိပ္သာဆရာေတာ္၊အေမရိကန္ႏိုင္ငံဗားဂ်ီနီးယားျပည္နယ္၊ Richmond ၿမိဳ႕သို႔ ေခတၱေရာက္ရွိေနသည့္ အရွင္နာဂေသနက ဇန္နဝါရီလ ၁၈ ရက္က မိန႔္ၾကားသည္။
အဆိုပါ ဖရဲသီးတစ္ပါးေက်ာင္း ေဆာင္မ်ားကို ပဲခူးဆယ္မိုင္ကုန္း၊ ေက်ာက္ တန္းစံျပေက်း႐ြာတြင္ ရွိသည့္ လက္ရွိ ရိပ္သာဝင္း အတြင္း တည္ေဆာက္သြားမွာ ျဖစ္ျပီးအေကာင္အထည္ေဖာ္တည္ေဆာက္ရန္ေျမေနရာႏွင့္တည္ေဆာက္မႈကုန္က်ေငြ ေက်ာင္းေဆာင္တစ္ခုခ်င္းစီအတြက္ အလႉရွင္မ်ားလႉဒါန္းႏိုင္ရန္စတင္လုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

“တည္ေဆာက္ျခင္းလုပ္ငန္းကေတာ့မစေသးဘူးေပါ့။ အဲဒါေတြကိုစဖို႔ကအလႉရွင္ေတြစုဆည္းေနတာပါ။ဖရဲသီးတစ္ပါးေက်ာင္းေလးေတြပါ။ေဆာက္မွာက ေျမေနရာလမ္းဟိုဘက္ဒီဘက္ကိုအေျခအေနၾကည့္ၿပီ၁၀လုံးေက်ာ္ေက်ာ္ေလာက္ ေဆာက္ဖို႔မွန္းထားပါတယ္။
၂၀၂၁ႏွစ္အတြင္းမွာပဲအၿပီးေဆာက္မွာပါ။ တစ္ေဆာင္ကိုက်ပ္သိန္း၈၀ကုန္က်ပါမယ္။ဒီဇိုင္းပုံစံေလးေတြကအင္ဂ်င္နီယာဆြဲေပးထားတာပါ။ရိပ္သာမွာတရားအားထုတ္ေနထိုင္တဲ့အေဆာက္အအုံပုံစံမ်ိဳးစုံရွိတာကဘုန္းဘုန္းကတျခားႏိုင္ငံေတြကိုသာသနာျပဳလုပ္ငန္းေတြျကြေလ့ရွိေတာ့ျမင္ရတဲ့အျမင္အေပၚ ကိုယ့္ရိပ္သာကသာသနာျပဳလုပ္ငန္းေတြမွာ ျပန္လည္ ဖန္တီး စိတ္ကူး ပုံေဖာ္တာပါ။

ျမန္မာျပည္က ရိပ္သာမွာ လုပ္ငန္းေတြ လုပ္ဖို႔က ဘုန္းဘုန္းက အခု အေမရိက ေရာက္ေနလို႔ပါ။ေနာက္ထပ္ နာယက ဆရာေတာ္ တစ္ပါးကလည္း ၾသစီ ေရာက္ေနလို႔ပါ။ ျမန္မာျပည္ ျပန္ႂကြဖို႔က ကိုဗစ္ေၾကာင့္ ျပန္မႂကြနိုင္ ေသးတာပါ။
အေမရိကမွာလည္း ေက်ာင္းေဆာက္ သာသနာျပဳ လုပ္ငန္းေတြ လုပ္ဖို႔ ေဆာင္႐ြက္ေနပါတယ္” ဟု ဆရာေတာ္ အရွင္ႏြယ္သာကီက မိန႔္ၾကားသည္။လက္ရွိတြင္ လုမၺိနီဓမၼ ဥယ်ာဥ္ သာသနာ့ရိပ္သာ အေနျဖင့္ ကိုဗစ္ကာလအခ်ိန္ ျဖစ္ျခင္းေၾကာင့္ရိပ္သာအတြင္းရိပ္သာဖြင့္ျခင္းကိုယာယီပိတ္ထားၿပီးကိုဗစ္ကာလ အလြန္တြင္

ျပန္လည္ ဖြင့္လွစ္ရန္ စိတ္သန႔္စင္ေရး စင္တာမ်ားလည္း ျပင္ဆင္ ေဆာင္႐ြက္ ထားျဖစ္ေၾကာင္းႏွင့္လက္ရွိ အခ်ိန္တြင္ အေမရိကန္ႏိုင္ငံ ဗားဂ်ီးယား ျပည္နယ္၊ Richmond ၿမိဳ႕တြင္ဖြင့္လွစ္ထားကာတနဂၤေႏြေန႔ရက္မ်ား၌ ရိပ္သာတြင္ တရားအားထုတ္ ျကသူ အနည္းငယ္ ရွိေၾကာင္း သိရၿပီး
ဆရာေတာ္မွ ျမန္မာႏိုင္ငံသားမ်ား အတြက္ Covid-19 ကာကြယ္ ေဆးအလႉ ေထာက္ပံ့ေပးႏိုင္ရန္ ဗားဂ်ီးနီးယားေရာက္ ဆရာေတာ္မ်ားက အလႉရွင္မ်ား လႉဒါန္းမႈကို တိုက္တြန္းလုပ္ေဆာင္ ေပးေနေၾကာင္း သိရသည္။