ဇက်ကြောတက် လက်ပြင်ငုတ်အုံးလွဲနေသူများအတွက်နာရီပိုင်းအတွင်း သက်သာစေမည့်နည်းလမ်း

အဆင့် (၁)
ခြေစုံရပ်ခါးကိုမတ်မတ်ထားလက်နှစ်ဖက်ကိုနဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၂)
ခြေစုံရပ်ခါးကိုမတ်မတ်ထားလက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။၁၀ စက္ကန့်ရေပြီး ပြည့်ရင်ဖြည်းဖြည်းလွှတ်ပါ။
အဆင့် (၃)

ခြေစုံရပ်ခါးကိုမတ်မတ်ထားဘယ်ဘက်လက်ကိုခါးထောက်ထားပြီးညာဘက်လက်က ဦးခေါင်းကိုအပေါ်ကနေညာဘက်ပါနိုင်သလောက်ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၄)
ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင်ဖြည်းဖြည်းလွှတ်ပါ။

အဆင့် (၅)
ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကိုခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကိုဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိတွန်းလှည့်ထားပါ။ဘယ်ဘက်ပုခုံးရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။
အဆင့် (၆)
ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကို ညာဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။ညာဘက်ပုခုံးကရှေ့ကိုတိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။

စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ်မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါ။
Zawgyi
ဇက္ေၾကာတက္ လက္ျပင္ငုတ္အုံးလြဲေနသူမ်ားအတြက္နာရီပိုင္းအတြင္း သက္သာေစမည့္နည္းလမ္း
အဆင့္ (၁)
ေျခစုံရပ္ခါးကိုမတ္မတ္ထားလက္ႏွစ္ဖက္ကိုနဖူးေပၚတင္ ေခါင္းကို ေနာက္လွန္ႏိုင္သေလာက္ လွန္ဖိထားပါ။ ခါးမပါသြားပါေစနဲ႔။ ၁၀ စကၠန႔္ေရၿပီး ျပည့္ရင္ ျဖည္းျဖည္း လႊတ္ပါ။
အဆင့္ (၂)
ေျခစုံရပ္ခါးကိုမတ္မတ္ထားလက္ႏွစ္ဖက္ကို ေနာက္ေစ့မွာကပ္ၿပီး ေခါင္းကို ေရွ႕ဖိႏိုင္သေလာက္ ဖိပါ။ ခါးကုန္းမသြားပါေစနဲ႔။၁၀ စကၠန႔္ေရၿပီး ျပည့္ရင္ျဖည္းျဖည္းလႊတ္ပါ။

အဆင့္ (၃)
ေျခစုံရပ္ခါးကိုမတ္မတ္ထားဘယ္ဘက္လက္ကိုခါးေထာက္ထားၿပီးညာဘက္လက္က ဦးေခါင္းကိုအေပၚကေနညာဘက္ပါႏိုင္သေလာက္ဆြဲဖိထားပါ။ ခါးမပါေစနဲ႔။ ၁၀ စကၠန႔္ေရၿပီး ျပည့္ရင္ ျဖည္းျဖည္း လႊတ္ပါ။
အဆင့္ (၄)
ေျခစုံရပ္ ခါးကို မတ္မတ္ထား ညာဘက္လက္ကို ခါးေထာက္ထားၿပီး ဘယ္ဘက္လက္က ဦးေခါင္းကို အေပၚကေန ဘယ္ဘက္ပါႏိုင္သေလာက္ ဆြဲဖိထားပါ။ ခါးမပါေစနဲ႔။ ၁၀ စကၠန႔္ေရၿပီး ျပည့္ရင္ျဖည္းျဖည္းလႊတ္ပါ။
အဆင့္ (၅)
ေျခစုံရပ္ ခါးကို မတ္မတ္ထား ဘယ္ဘက္လက္ကိုခါးေထာက္ထားၿပီး ညာဘက္လက္က ေမးေစ့ကိုဘယ္ဘက္ပုခုံးနဲ႔ ထိႏိုင္သေလာက္ထိတြန္းလွည့္ထားပါ။ဘယ္ဘက္ပုခုံးေရွ႕ကို တိုးမလာပါေစနဲ႔ ေမးေစ့ကပဲ ပုခုံးေပၚေရာက္ႏိုင္သေလာက္ ေရာက္ေအာင္ လွည့္တင္ထားပါ။ စကၠန႔္ေရၿပီး ျပည့္ရင္ ျဖည္းျဖည္း လႊတ္ပါ။

အဆင့္ (၆)
ေျခစုံရပ္ ခါးကို မတ္မတ္ထား ညာဘက္လက္ကို ခါးေထာက္ထားၿပီး ဘယ္ဘက္လက္က ေမးေစ့ကို ညာဘက္ပုခုံးနဲ႔ ထိႏိုင္သေလာက္ထိ တြန္းလွည့္ထားပါ။ညာဘက္ပုခုံးကေရွ႕ကိုတိုးမလာပါေစနဲ႔ ေမးေစ့ကပဲ ပုခုံးေပၚေရာက္ႏိုင္သေလာက္ ေရာက္ေအာင္ လွည့္တင္ထားပါ။
စကၠန႔္ေရၿပီး ျပည့္ရင္ ျဖည္းျဖည္း လႊတ္ပါ။ဒီနည္းအတိုင္း အႀကိမ္ေရ အကန႔္အသတ္မရွိ နားနားၿပီး လုပ္ေပးပါ။ မ်ားမ်ားလုပ္ေပးႏိုင္ေလ ျမန္ျမန္ေပ်ာက္ကင္းေလပါ။