သင့်ကိုထီပေါက်စေမည့် နိမိတ်ပြ အိမ်မက်များ
ထီ ပေါက်မယ့် အိမ်မက်
၁။ အိမ်မက်မြင်မက်ရာတွင်ဝတ်ဖြူစင်ကြယ်နှင့်လူပုဂ္ဂိုလ်ကြီးဖြစ်စေကြွရောက်လာပြီးလျှင်သင်အလိုရှိသောဆန္ဒပြည့်ဝစေပါမည်။

တရားကိုသာအားထုတ်ပါဟုမိန့်ဆိုခဲ့သည်ဖြစ်စေ၊သို့မဟုတ်မည်သည့်ကိစ္စကို ဆောင် ရွက်၍ မည်သို့ပြုလုပ်ပါဟုမှာကြားခဲ့သည်ဖြစ်စေ၊အိမ်မက်တွင်မြင်မက်ရပါကနတ်ကြီး၊ဝိဇ္ဇာကြီးများနှင့်တွေ့ရသော အိမ်မက်သည်။ ထီပေါက်မည့်အိမ်မက်ဖြစ်သည်။
၂။ ရွံဖွယ်အတိဖြစ်သောမစင်များကို ပိုးလောက်တို့နှင့်တကွမြိန်ရှက်စွာသုံးဆောင်ရသည်ဟုမြင်မက်သည်ဖြစ်စေမိမိကိုယ်၌မစင်လိမ်းကျံရခြင်း၊မစင်တွင်းကြီးထဲသို့ကျရောက်ရခြင်းလူတဦးတစ်ယောက်ကမစင်များကို ထုတ်ပေးသည်ဟု မြင်မက်ရခြင်း၊ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ် ကပ်ရောက်သည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်တတ်သောအိမ်မက်များဟုဆိုလိုသည်။

၃။ နေလကြယ်တို့ကို မိမိကိုယ်တိုင်ဆွတ်၍ လက်တွင်းသို့ရောက်သည်ဟု မြင်မက်သည်ဖြစ်စေ၊ဝတ်ဖြူစင်ကြယ်စွာနှင့် ပုဂ္ဂိုလ်ကြီး တစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊နေ၊လ၊ကြယ် နက္ခတ်တို့သည်ကြွေ၍ ကျသည်ဟု မြင်မက်သည်ဖြစ်စေ ထီပေါက်နိုင်သော အိမ်မက်ဟု ဆိုလိုသည်။
၄။မြွေပွေး မြွေဟောက် စသော တိရစ္ဆာန် များသည် တခုသော တောင်ပို့တွင်ဖြစ်စေ၊ကုန်းမြင့်ပေါ်တွင်ဖြစ်စေ၊တစုံတခုသော အိုးခွက် စသည်တို့၌ တည်ရှိနေ၍ ၎င်းမြွေများကိုမိမိကိုယ်တိုင်နှိမ်နင်း၍အတွင်းရှိပစ္စည်းများကိုသုံးဆောင်ရသည်ဟုမြင်မက်ခဲ့သော်ထီပေါက်မည့် အိမ်မက်ဖြစ်သည်။
၅။ အဘိုးအနဂ္ဃထိုက်တန်လှသော ရွှေကြက်ဥကိုဖြစ်စေ၊ဝတ်ဖြူစင်ကြယ်စွာရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လာရောက်၍ ပေးသည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်မည့် အိမ်မက်ဖြစ်သည်။

၆။နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်၎င်း၊လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်၎င်း၊နွားကိုစီး၍ ထင်ရှားကျော်စောသည်ကို မြင်မက်ခဲ့သော် ထီပေါက်တတ်သော အိမ်မက်များ ဟုဆိုလိုသည်။
၇။ ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် ကြီးထံမှ၎င်း၊ရသေ့ရဟန်းထံမှ၎င်း၊မွန်မြတ်သော သစ်သီးတစ်ခုခုကိုရသည်ဟု မြင်မက်သည်ဖြစ်စေ သစ်ပင်တပင်ပေါ်မှသစ်သီးများ ရှိသည့်အနက် ထိုသစ်သီးတို့ကို ဆွတ်ယူ၍ စားရသည်ဟုမြင်မက်သည်ဖြစ်စေ၊အခြား အကူအညီ တစ်ခုခုကြောင့် ဆွတ်ခူး၍ရသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်သည်။
၈။ လူသေကောင်၏ အသားကို စားရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူသေကောင်၌ ပိုးလောက်တို့ ဖြင့် ပြည့်နှက်လျှက် ထိုအသားကို မြိန်ရှက်စွာ စားရသည်ဟု မြင်မက်သော်လည်းကောင်း၊လူ၏အချင်း လူ၏အူတို့ကို စားရသည်ဟု မြင်မက်သော် ထီပေါက်မည့်အိမ်မက်ဖြစ်သည်။

၉။ အဖိုအနဂ္ဃထိုက်တန်လှစွာသော ပတ္တမြား ရတနာကိုဖြစ်စေ မွန်မြတ်သော ဝတ္ထုပစ္စည်းတခုခုကိုဖြစ်စေ၊ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ် ကြီးတဦးကယူဆောင်လာပြီး ၎င်းပစ္စည်းသည် သင့်အဖို့ အကျိုးခံစားပါလော့ဟု ပြောဆို၍ ပျောက်ကွယ်သွားသည်ဟုမြင်မက်ခဲ့သော် ထီပေါက်တတ်သည်။
၁၀။ လူ၏ရင်ကိုခွဲ၍ သွေးကိုသောက်ရခြင်း၊သွေးကိုရေချိုးရခြင်း၊ ဥအမျိုးမျိုးကို စားသုံးရခြင်း၊ငါးအမျိုးမျိုးကို ဖမ်းရခြင်းစသော အိမ်မက်မျိုးသည်လည်း ထီပေါက်နိုင်သော နိမိတ်ပြအိမ်မက်ဟုဆိုသည်၊
၁၁။ကျက်သရေမင်္ဂလာရှိသော ရွှေဥဒေါင်းငှက်သည်အရပ်တခုမှပျံသန်း၍လာပြီးလျှင်မိမိဦးခေါင်းပေါ်သို့ မစင်စွန့်သည်ဟုမြင်မက်သော်လည်းကောင်း တခုခုသောငှက်သတ္တဝါသည် အစာကိုချီ၍ ပျံသန်းလာရာ ထိုအစာကို မိမိ လက်ဝယ်သို့ရသည်ဟု မြင်မက်သော်လည်းကောင်း ထိုသို့အိမ်မက်တို့သည် ထီပေါက်မည့် အိမ်မက်များဖြစ်သည်။

အိမ်မက် မက်ရာတွင် ကုသိုလ်ကံကို အကြောင်းပြုပြီး မက်တဲ့အိမ်မက် သွေးလေခြောက်ခြားပြီးမက်တဲ့ အိမ်မက် ရှေ့ယခင်က ခံစားဖူးတာကို အကြောင်းပြုပြီးမက်တဲ့ အိမ်မက် နတ်တို့လှည့်စားလို၍ မက်တဲ့ အိမ်မက် ဟူ၍ရှိပါသည်။
Credit – ဆရာသာထက်ဆန်း
Zawgyi
သင့္ကိုထီေပါက္ေစမည့္ နိမိတ္ျပ အိမ္မက္မ်ား
ထီ ေပါက္မယ့္ အိမ္မက္
၁။ အိမ္မက္ျမင္မက္ရာတြင္ဝတ္ျဖဴစင္ၾကယ္ႏွင့္လူပုဂၢိဳလ္ႀကီးျဖစ္ေစျကြေရာက္လာၿပီးလွ်င္သင္အလိုရွိေသာဆႏၵျပည့္ဝေစပါမည္။
တရားကိုသာအားထုတ္ပါဟုမိန႔္ဆိုခဲ့သည္ျဖစ္ေစ၊သို႔မဟုတ္မည္သည့္ကိစၥကို ေဆာင္ ႐ြက္၍ မည္သို႔ျပဳလုပ္ပါဟုမွာၾကားခဲ့သည္ျဖစ္ေစ၊အိမ္မက္တြင္ျမင္မက္ရပါကနတ္ႀကီး၊ဝိဇၨာႀကီးမ်ားႏွင့္ေတြ႕ရေသာ အိမ္မက္သည္။ ထီေပါက္မည့္အိမ္မက္ျဖစ္သည္။

၂။ ႐ြံဖြယ္အတိျဖစ္ေသာမစင္မ်ားကို ပိုးေလာက္တို႔ႏွင့္တကြၿမိန္ရွက္စြာသုံးေဆာင္ရသည္ဟုျမင္မက္သည္ျဖစ္ေစမိမိကိုယ္၌မစင္လိမ္းက်ံရျခင္း၊မစင္တြင္းႀကီးထဲသို႔က်ေရာက္ရျခင္းလူတဦးတစ္ေယာက္ကမစင္မ်ားကို ထုတ္ေပးသည္ဟု ျမင္မက္ရျခင္း၊ပိုးေလာက္တို႔သည္ မိမိကိုယ္၌ အထပ္ထပ္ ကပ္ေရာက္သည္ဟု ျမင္မက္ျခင္းတို႔သည္ ထီေပါက္တတ္ေသာအိမ္မက္မ်ားဟုဆိုလိုသည္။
၃။ ေနလၾကယ္တို႔ကို မိမိကိုယ္တိုင္ဆြတ္၍ လက္တြင္းသို႔ေရာက္သည္ဟု ျမင္မက္သည္ျဖစ္ေစ၊ဝတ္ျဖဴစင္ၾကယ္စြာႏွင့္ ပုဂၢိဳလ္ႀကီး တစ္ဦးဦးက ဆြတ္၍ေပးသည္ဟု ျမင္မက္သည္ျဖစ္ေစ၊ေန၊လ၊ၾကယ္ နကၡတ္တို႔သည္ေႂကြ၍ က်သည္ဟု ျမင္မက္သည္ျဖစ္ေစ ထီေပါက္ႏိုင္ေသာ အိမ္မက္ဟု ဆိုလိုသည္။
၄။ေႁမြေပြး ေႁမြေဟာက္ စေသာ တိရစာၦန္ မ်ားသည္ တခုေသာ ေတာင္ပို႔တြင္ျဖစ္ေစ၊ကုန္းျမင့္ေပၚတြင္ျဖစ္ေစ၊တစုံတခုေသာ အိုးခြက္ စသည္တို႔၌ တည္ရွိေန၍ ၎ေႁမြမ်ားကိုမိမိကိုယ္တိုင္ႏွိမ္နင္း၍အတြင္းရွိပစၥည္းမ်ားကိုသုံးေဆာင္ရသည္ဟုျမင္မက္ခဲ့ေသာ္ထီေပါက္မည့္ အိမ္မက္ျဖစ္သည္။
၅။ အဘိုးအနဂၣထိုက္တန္လွေသာ ေ႐ႊၾကက္ဥကိုျဖစ္ေစ၊ဝတ္ျဖဴစင္ၾကယ္စြာရွိေသာ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္က လာေရာက္၍ ေပးသည္ဟု ျမင္မက္ျခင္းတို႔သည္ ထီေပါက္မည့္ အိမ္မက္ျဖစ္သည္။
၆။ႏြားကိုစီး၍ ၿမိဳ႕႐ြာသို႔ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္၎၊လူစည္ကားေသာအရပ္တြင္ မိမိက ႏြားကိုစီး၍ လူအေပါင္းတို႔ႏွင့္ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္၎၊ႏြားကိုစီး၍ ထင္ရွားေက်ာ္ေစာသည္ကို ျမင္မက္ခဲ့ေသာ္ ထီေပါက္တတ္ေသာ အိမ္မက္မ်ား ဟုဆိုလိုသည္။
၇။ ဝတ္ျဖဴစင္ၾကယ္ႏွင့္ လူပုဂၢိဳလ္ ႀကီးထံမွ၎၊ရေသ့ရဟန္းထံမွ၎၊မြန္ျမတ္ေသာ သစ္သီးတစ္ခုခုကိုရသည္ဟု ျမင္မက္သည္ျဖစ္ေစ သစ္ပင္တပင္ေပၚမွသစ္သီးမ်ား ရွိသည့္အနက္ ထိုသစ္သီးတို႔ကို ဆြတ္ယူ၍ စားရသည္ဟုျမင္မက္သည္ျဖစ္ေစ၊အျခား အကူအညီ တစ္ခုခုေၾကာင့္ ဆြတ္ခူး၍ရသည္ဟု ျမင္မက္ခဲ့ေသာ္ ထီေပါက္တတ္သည္။
၈။ လူေသေကာင္၏ အသားကို စားရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊ လူေသေကာင္၌ ပိုးေလာက္တို႔ ျဖင့္ ျပည့္ႏွက္လွ်က္ ထိုအသားကို ၿမိန္ရွက္စြာ စားရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊လူ၏အခ်င္း လူ၏အူတို႔ကို စားရသည္ဟု ျမင္မက္ေသာ္ ထီေပါက္မည့္အိမ္မက္ျဖစ္သည္။

၉။ အဖိုအနဂၣထိုက္တန္လွစြာေသာ ပတၱျမား ရတနာကိုျဖစ္ေစ မြန္ျမတ္ေသာ ဝတၳဳပစၥည္းတခုခုကိုျဖစ္ေစ၊ဝတ္ျဖဴစင္ၾကယ္ႏွင့္ပုဂၢိဳလ္ ႀကီးတဦးကယူေဆာင္လာၿပီး ၎ပစၥည္းသည္ သင့္အဖို႔ အက်ိဳးခံစားပါေလာ့ဟု ေျပာဆို၍ ေပ်ာက္ကြယ္သြားသည္ဟုျမင္မက္ခဲ့ေသာ္ ထီေပါက္တတ္သည္။
၁၀။ လူ၏ရင္ကိုခြဲ၍ ေသြးကိုေသာက္ရျခင္း၊ေသြးကိုေရခ်ိဳးရျခင္း၊ ဥအမ်ိဳးမ်ိဳးကို စားသုံးရျခင္း၊ငါးအမ်ိဳးမ်ိဳးကို ဖမ္းရျခင္းစေသာ အိမ္မက္မ်ိဳးသည္လည္း ထီေပါက္ႏိုင္ေသာ နိမိတ္ျပအိမ္မက္ဟုဆိုသည္၊
၁၁။က်က္သေရမဂၤလာရွိေသာ ေ႐ႊဥေဒါင္းငွက္သည္အရပ္တခုမွပ်ံသန္း၍လာၿပီးလွ်င္မိမိဦးေခါင္းေပၚသို႔ မစင္စြန႔္သည္ဟုျမင္မက္ေသာ္လည္းေကာင္း တခုခုေသာငွက္သတၱဝါသည္ အစာကိုခ်ီ၍ ပ်ံသန္းလာရာ ထိုအစာကို မိမိ လက္ဝယ္သို႔ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း ထိုသို႔အိမ္မက္တို႔သည္ ထီေပါက္မည့္ အိမ္မက္မ်ားျဖစ္သည္။
အိမ္မက္ မက္ရာတြင္ ကုသိုလ္ကံကို အေၾကာင္းျပဳၿပီး မက္တဲ့အိမ္မက္ ေသြးေလေျခာက္ျခားၿပီးမက္တဲ့ အိမ္မက္ ေရွ႕ယခင္က ခံစားဖူးတာကို အေၾကာင္းျပဳၿပီးမက္တဲ့ အိမ္မက္ နတ္တို႔လွည့္စားလို၍ မက္တဲ့ အိမ္မက္ ဟူ၍ရွိပါသည္။
Credit – ဆရာသာထက္ဆန္း