အမြန်လမ်း အသုံးပြုသွားလာနေသော ကုန်တင်ကားကြီးများ ဒီလကုန်တွင် ရပ်ဆိုင်းမည်ဟုသိရ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ကုန်တင်မော်တော်ယာဉ်ကြီးများယာယီဖြတ်သန်းသွားလာရန် ခွင့်ပြုပေးထားမှုကိုနိုဝင်ဘာလလကုန်တွင်ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်းသိရှိရပါတယ်။(၁၄)ဘီးအထက်မော်တော်ယာဉ်များကို နိုဝင်ဘာ(၃၀)ရက်
ည(၁၂)နာရီမှ စတင်ကာအမြန်လမ်းပေါ်မှဖြတ်သန်းသွားလာမောင်းနှင်ခြင်းခွင့်ပြုတော့မည် မဟုတ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပြီး(၁၄)ဘီးအောက် ကုန်တင်ယာဉ်များကိုမူ ဆက်လက်ဖြတ်သန်း မောင်းနှင်ခွင့်ပြုဖွယ်

ရှိသည်။ကိုဗစ်၁၉ဖြစ်ပွားနေစဉ်ကာလအတွင်းကုန်စည်စီးဆင်းမှုအဆင်ပြေ ချောမွေ့စေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကုန်တင်ယာဉ်များကိုအောက်တိုဘာ(၅)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိနှစ်လကြာ အမြန်လမ်းပေါ်မှယာယီဖြတ်သန်းမောင်းနှင်ရန် ခွင့်ပြုပေးခဲ့ပြီးနောက်အထက်ပါအတိုင်းဖြတ်သန်းခွင့်
ပြန်လည်ပိတ်သိမ်းရန် စီစဉ်ခြင်း ဖြစ်သည်။ကုန်တင်ယာဉ်များကိုကျန်းမာရေးဆိုင်ရာစံလမ်းညွှန်ချက်များနှင့်အညီရန်ကုန်-မန္တလေးလမ်းဟောင်းမှပြန်လည်သွားလာမောင်းနှင်ရန်စီစဉ်ထားကြောင်းသိရပါတယ်။ကုန်တင်ယာဉ်ကြီးများ

အမြန်လမ်းအသုံးပြုခွင့်ရပ်ဆိုင်းသော်လည်းလမ်းဟောင်း၌ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကိုကျန်းမာရေးစစ်ဆေးမှုများမြန်မြန်ဆန်ဆန်ပြုလုပ်ပေးမည်ဆိုပါက အခက်အခဲမရှိနိုင်ကြောင်းအဝေးပြေးကုန်တင်ယာဉ်အသင်းမှ ယာဥ်လိုင်းပိုင်ရှင်တစ်ဦးမှပြောကြားတယ်လို့လည်း သိရှိရပါတယ်။