ကိုဗစ်-၁၉ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ရေခဲမုန့်ဗူးများထဲတွင်တွေ့ရှိ
တရုတ်နိုင်ငံမှာ ရေခဲမုန့်ဗူးများထဲတွင် ကိုရိုနာဗိုင်းရပ်စ်များ ပါနေသည်ကို စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံမှာရေခဲမုန့်ဗူးများထဲတွင်ကိုဗစ်-၁၉ ဖြစ်စေသည့်ကိုရိုနာဗိုင်းရပ်စ်ပိုးများပါနေသည်ကိုစစ်ဆေးတွေ့ရှိရ၍တရုတ် အာဏာပိုင်များက ကိုဗစ် ကူးစက်ခံရနိုင်ချေရှိသည့် လူများအား ခြေရာခံ စုံစမ်းနေကြောင်း ဒေးလီးမေးလ် သတင်းအရသိရသည်။

တရုတ်နိုင်ငံတီယန်ကျင်းမြို့ရှိဒေသတွင်းကုမ္ပဏီတစ်ခုမှထုတ်လုပ်သည့် ရေခဲမုန့်ဗူးနမူနာ (၃) ခုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများပါနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီးယင်းကုမ္ပဏီမှ မကြာသေးမီကာလအတွင်း ထုတ်လုပ်ခဲ့သည့် ရေခဲမုန့်ဗူး (၅၀၀၀) နီးပါးအား သိမ်းဆည်းရန် တရုတ်အာဏာပိုင်များပြင်ဆင်လျက်ရှိသည်။

လောလောဆယ်တွင် ရေခဲမုန့် ၂၀၈၉ ဗူးကို တံဆိပ်ခတ်သိုလှောင်ထားပြီဖြစ်ပြီး နောက်ထပ်ရေခဲမုန့် ၁၈၁၂ ဗူးကိုမူအခြားပြည်နယ်များသို့ တင်ပို့ခဲ့ပြီးဖြစ်ကာ ၉၃၅ ဗူးမှာ တီယန်ကျင်းမြို့ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်သည်။
China Daily တရုတ်သတင်းဌာန၏ ဖော်ပြချက်အရဒေသတွင်း ဈေးကွက်ထဲ ဖြန့်ဝေထားသော ရေခဲမုန့်ဗူးများထဲမှ ရေခဲမုန့် ၆၅ ဗူးသာ ရောင်းချရသေးသည် ဟုလည်းသိရသည်။

တစ်ဆက်တည်းမှာပင် ယင်းရေခဲမုန့် ကုမ္ပဏီမှ ဝန်ထမ်းပေါင်း ၁၆၆၂ ဦးအား သောကြာနေ့မှ စတင်၍ ကွာရန်တင်း ဝင်စေပြီး ကိုဗစ် စစ်ဆေးမှုများ လုပ်နေပြီ ဖြစ်သည်။
Zawgyi
ကိုဗစ္-၁၉ ျဖစ္ေစသည့္ ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ား ေရခဲမုန္႕ဗူးမ်ားထဲတြင္ေတြ႕ရွိ
တ႐ုတ္ႏိုင္ငံမွာ ေရခဲမုန႔္ဗူးမ်ားထဲတြင္ ကို႐ိုနာဗိုင္းရပ္စ္မ်ား ပါေနသည္ကို စစ္ေဆးေတြ႕ရွိ
တ႐ုတ္ႏိုင္ငံမွာေရခဲမုန႔္ဗူးမ်ားထဲတြင္ကိုဗစ္-၁၉ ျဖစ္ေစသည့္ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ားပါေနသည္ကိုစစ္ေဆးေတြ႕ရွိရ၍တ႐ုတ္ အာဏာပိုင္မ်ားက ကိုဗစ္ ကူးစက္ခံရႏိုင္ေခ်ရွိသည့္ လူမ်ားအား ေျခရာခံ စုံစမ္းေနေၾကာင္း ေဒးလီးေမးလ္ သတင္းအရသိရသည္။

တ႐ုတ္ႏိုင္ငံတီယန္က်င္းၿမိဳ႕ရွိေဒသတြင္းကုမၸဏီတစ္ခုမွထုတ္လုပ္သည့္ ေရခဲမုန႔္ဗူးနမူနာ (၃) ခုတြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ားပါေနသည္ကို စစ္ေဆးေတြ႕ရွိခဲ့ရၿပီးယင္းကုမၸဏီမွ မၾကာေသးမီကာလအတြင္း ထုတ္လုပ္ခဲ့သည့္ ေရခဲမုန႔္ဗူး (၅၀၀၀) နီးပါးအား သိမ္းဆည္းရန္ တ႐ုတ္အာဏာပိုင္မ်ားျပင္ဆင္လ်က္ရွိသည္။
ေလာေလာဆယ္တြင္ ေရခဲမုန႔္ ၂၀၈၉ ဗူးကို တံဆိပ္ခတ္သိုေလွာင္ထားၿပီျဖစ္ၿပီး ေနာက္ထပ္ေရခဲမုန႔္ ၁၈၁၂ ဗူးကိုမူအျခားျပည္နယ္မ်ားသို႔ တင္ပို႔ခဲ့ၿပီးျဖစ္ကာ ၉၃၅ ဗူးမွာ တီယန္က်င္းၿမိဳ႕ ေဈးကြက္အတြင္းသို႔ ျဖန႔္ျဖဴးေရာင္းခ်ေနၿပီ ျဖစ္သည္။

China Daily တ႐ုတ္သတင္းဌာန၏ ေဖာ္ျပခ်က္အရေဒသတြင္း ေဈးကြက္ထဲ ျဖန႔္ေဝထားေသာ ေရခဲမုန႔္ဗူးမ်ားထဲမွ ေရခဲမုန႔္ ၆၅ ဗူးသာ ေရာင္းခ်ရေသးသည္ ဟုလည္းသိရသည္။
တစ္ဆက္တည္းမွာပင္ ယင္းေရခဲမုန႔္ ကုမၸဏီမွ ဝန္ထမ္းေပါင္း ၁၆၆၂ ဦးအား ေသာၾကာေန႔မွ စတင္၍ ကြာရန္တင္း ဝင္ေစၿပီး ကိုဗစ္ စစ္ေဆးမႈမ်ား လုပ္ေနၿပီ ျဖစ္သည္။