လူကြိုက်များတဲ့အားဖြည့်အချိုရည်အတုထုတ်လုပ်ရောင်းချနေသူကိုဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့မှာဖမ်းမိ

လူကြိုက်များတဲ့အားဖြည့်အချိုရည်အတုထုတ်လုပ်ရောင်းချနေသူကိုဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့မှာဖမ်းမိ

လူကြိုက်များတဲ့ အားဖြည့်အချိုရည်အတုလုပ် ရောင်းချနေသူတွေကို မိပြီ

မန္တလေးမြို့၌အားဖြည့်အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအားတွေ့ရှိသိမ်းဆည်းရမိမန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ နေအိမ်၌

အားဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်း သတင်းအရဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တ လေး)မှ တာဝန်ရှိသူများနှင့်

ရပ်ကွက်အုပ်ချုပ်ရေး တာဝန်များက ဝင်ရောက်စစ်ဆေးရာအားဖြည့်အချိုရည်အတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဦးပီကူးမား၏ နေအိမ် အပေါ်ထပ် ၄ လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့်အချိုရည်အတု ပြုလုပ်ရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi







Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *