၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းလာနီညာကြောင့်အ အေးပိုမည်
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၁၅ ရက်) မိုးလေဝသနှင့် ဇလဗေဒ ဌာနမှ တိုင်းတာချက်အရ

(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော လာနီညာအခြေအနေတွင် ရှိနေပါသည်။
နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင်
ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။
Source by မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှုဦးစီးဌာန
Zawgyi
၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလႏွင့္ ေဖေဖာ္ဝါရီလအတြင္းလာနီညာေၾကာင့္အ ေအးပိုမည္
(၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ၁၅ ရက္) မိုးေလ၀သႏွင့္ ဇလေဗဒ ဌာနမွ တိုင္းတာခ်က္အရ
(က) အီေကြတာအနီးရွိ အပူပိုင္းပစိဖိတ္သမုဒၵရာ (Tropical Pacific Ocean)၏ ပင္လယ္ေရ မ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားအရ လက္ရွိတြင္ အားအသင့္အတင့္ရွိေသာ လာနီညာအေျခအေနတြင္ ရွိေနပါသည္။

နိုင္ငံတကာ မိုးေလဝသဌာနမ်ား၏ သခၤ်ာပုံစံျပဳ ေမာ္ဒယ္မ်ား ခန႔္မွန္းခ်က္အရ ဇန္နဝါရီလအတြင္း အားအသင့္အတင့္ရွိေသာ လာနီညာ အဆင့္တြင္ ဆက္လက္တည္ရွိနိုင္ၿပီး၊ ေဖေဖာ္ဝါရီလတြင္ အားအနည္းငယ္ရွိေသာ လာနီညာ အဆင့္သို့ ေရာက္ရွိနိုင္သည္ဟု ခန႔္မွန္းရပါသည္။
(ခ) လာနီညာျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္ အက်ိဳးသက္ေရာက္မွုမွာ ေယဘုယ်အားျဖင့္ အေရွ႕ေျမာက္မုတ္သုံေလ အားေကာင္းမွုေၾကာင့္ ျမန္မာနိုင္ငံတြင္

ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလွိုင္းမ်ား တိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုးရြာသြန္းမွုျဖစ္စဥ္မ်ား ျဖစ္ေပၚျခင္းစသည့္ ရာသီဉတုျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့ရွိပါသည္။
(ဂ) လာနီညာျဖစ္ေပၚမွုႏွင့္ ပတ္သက္သည့္ အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ ေပးပို့သြားမည္ ျဖစ္ပါသည္။
Source by မိုးေလ၀သႏွင့္ ဇလေဗဒ ၫႊန္ၾကားေရးမႈဦးစီးဌာန