ဆီးကျောက်တည်ခြင်းအတွက် အိမ်တွင်း ဆေးမီးတို (၅) မျိုး

ဆီးကျောက်တည်ခြင်းအတွက် အိမ်တွင်း ဆေးမီးတို (၅) မျိုး

နည်းလမ်း (၁)

လိုအပ်တဲ့ပစ္စည်း ၂မျိုးက

(၁) စောင်းလျားသီး(၂)လုံး

(၂) ငါးပြေမ(ငါး) (၁၅)ကျပ်သား (သို့မဟုတ်) ငါးပြေမ သေးရင် ၅ကျပ်သားသုံးကောင်နှင့် စောင်းလျားသီးအသေးတစ်လုံးတို့ပဲလိုအပ်ပါတယ်။

ချက်နည်းကတော့

စောင်းလျားသီးကိုအနေတော် ၂လုံးကိုယူပြီး ငါးပြေမ ၁၅ကျပ်သား(တစ်ကောင်)နဲ့ ချက်ပြုတ်ရမှာဖြစ်ပါတယ်။

စောင်းလျားသီး (၂)လုံးကို ရေစင်အောင်ဆေး၊ဓားနဲ့အကွင်းလိုက်လှီး (အစေ့များမထည့်ရ)၊ အဲဒါကိုလှီးပြီး ပုဂံလုံးထဲမှာ ထည့်ထား။သာမန်ဟင်းချက်တဲ့နည်းအတိုင်း ကြက်သွန်ဖြူ / နီကိုထောင်းထားပါ။ငါးပြေမကို အကြေးခွံချွတ်ဗိုက်ခွဲ အူထုတ် ရေဆေး

ဟင်းခတ်မှုန့်၊ ဆား-နနွန်းထည့်ပြီး နှယ် (အကောင်လိုက် ချက်ရန်)ပုံမှန် ဟင်းချက်တဲ့အတိုင်း ဆီသတ်၊ ဆား၊ နနွန်းနှယ်ထားတဲ့ငါးပြေမကိုအကောင်လိုက်ထည့်ရေအနည်းငယ်ရော မွေပြီး အဖုံးအုပ်ထားပါ။ငါးမိနစ်ခန့်နေလျှင် အကွင်းလိုက် လှီးထားတဲ့စောင်းလျားသီးကို ဟင်းအိုးထဲကို ရောထည့်ပြီး အဖုံးအုပ်ထားပေးပါ။ငါးကျက်ခါနီးလျှင်

ဟင်းအိုးကိုအောက်ချပေးပါ။စောင်းလျားသီးအာနိသင်များသည်ငါးပြေမအတွင်းသို့ ရောက်သွားမည်။စောင်းလျားသီး/ငါးပြေမဟင်းကို ထမင်းဖြူနှင့်စားသောက်ပါ။ ၁၂နာရီကျော်တာ နှင့် ဆီးအောင့်ခြင်း၊ဆီးကျင်ခြင်းပျောက်သွားပါလိမ့်မည်။အထက်ပါမြန်မာ ဆေးနည်းကိုတစ်ပတ် ခန့်ချက်စားပါက ဆီးကျောက်ကိုကျစေပါသည်။၎င်းဟင်းကို

စားသုံးခြင်းအားဖြင့်ဘာရောဂါ၊ဘာဝေဒနာ Effect မှ မဖြစ်ပါ။ သာမန် ဟင်းတစ်ခွက်လို ထမင်းစားလျှင် ထမင်းမြိန်ပါသည်။(မှတ်ချက် ထမင်းစားသည့်အခါ ရောဂါမပျောက်ခင် အရိုးစူး နိုင်ပါသည်။ ငါးပြေမငါးသည် အရိုးများသည့်ငါးဖြစ်၍ သတိထားစားရန် လိုအပ်ပါသည်။မျက်စိမှုန်သူများ မျက်မှန် တတ်စားဖို့တော့ အထူးလိုအပ်ပါသည်။

နည်းလမ်း (၂)

ဆီးကျောက်တည်၊ ကျောက်ကပ်ရောင်ရမ်း၊ဆီးကျိတ်၊ ဆီးရောဂါမှန်သမျှပျောက်ကင်းတဲ့ ကိုယ်တွေ့ဆေးနည်းကောင်း။ကိုယ်တိုင်ပျောက်ကင်းသက်သာလို့ မျှဝေပေးပါတယ်။ကျောက်ဖရုံသီး လက်ငါးလုံးခန့် ၂စိတ်ကိုရေဆေးပါ။အစေ့များဖယ်ပြီးသခွားခြစ်ဖြင့်ခြစ်ပါ။သောက်နိုင်ရုံ ရေတစ်ဖန်ခွက်ထည့်၍ blenderကြိတ်စက် ဖြင့်ကြိတ်ပါ။ပြီးလျှင်

ဇကာဖြင့်အရည်စစ်ယူပါ။ ထို့နောက် ရှိန်းခိုငရုတ်ကောင်းစေ့ ၂စေ့စာခန့်ထည့်မွှေပါ။နံနက်စောစောအစာမစားမီ တစ်ပတ်ခန့်သောက်ပါ။ ယူပစ်သလို ပျောက်ပါသည်။ကိုယ်တွေ့ပျောက်ကင်းသက်သာ၍မျှဝေခြင်းပါသည်။ဒီဆေးနည်း

ကအရမ်းလွယ်ကူပါတယ်အနီးအနားဝန်းကျင်မှာရှိတဲ့ဖီးကြမ်းငှက်ပျော၊ရခိုင်ငှက်ပျော စသည်ဖြင့်၎င်းငှက်ပျောပင်စည်အူတိုင်ကို ပါးပါးလှီး၍ဂျင်း(ချင်း)ကြက်သွန်အဖြူ ၊ဆား နှင့်အတူ ရေအနည်းငယ်ဖြင့်ရောစပ်၍ဖျော်ရည်စက်ထဲသို့ထည့်၍ဖျော်ပါ။

နည်းလမ်း (၃)

ငှက်ပျောအူဖျော်ရည်ဖန်ခွက်တစ်ခွက်စာကိုညအိပ်ရာမဝင်မှီသောက်သုံးပေးပါက မနက်မိုးလင်းရင်ဆီးသွားရတာလွယ်ကူပြီးကျောက်ကျစေပါတယ်။သောက်သုံးရန်အနံ့မခံနိုင်ပါကမိမိ၏နှာခေါင်းကိုပိတ်၍သောက်သုံးကြည့်ပါ။

နည်းလမ်း (၄)

ဗေဒါပင်နှင့်ဗေဒါပွင့်သုပ်

အပင်။ ဗေဒါပင် အရင့်တွေ အနည်းငယ်ဖယ်ရှားပြီး သုံးပင်ယူပါ။လက်တစ်လုံးလောက်စီ ကိုဖြတ်ပါ။၎င်းဗေဒါများကို ဝက်သား( ၂၅ )ကျပ်သားဖြင့်စားကောင်းအောင်ဟင်းခတ်အမွှေးအကြိုင်အကုန်ထည့်ပြီး ချက်ပါ။ဝက်သားနူးနပ်သည်အထိချက်ပြီးထမင်းနဲ့ပဲစားစားဒီအတိုင်းထမင်းလွတ်ပဲစားစား ကုန်အောင်စားပေးပါ။ တစ်ခါစားနဲ့ ကျောက်များကြေပြီး ကျပါတယ်။

အပွင့်။ ဆီးကျောက်တည်သူများဆီးစပ်ကိုက်၍ ဆီးအောင့်သူများဝက်သားနဲ့ သုပ်စားပါက လက်တွေ့ပျောက်ကင်းကြောင်းသူငယ်ချင်းလေးငါးယောက်ကကိုယ်တိုင်ပြောဖူးပါတယ်။ ကွမ်းစားသူများဖြစ်တတ်သည်မို့ မကြာခဏစားသုံးသင့်ပါတယ်။အသီးအရွက်များများ

စားခြင်းကလည်း ကျန်းမာရေးကို လုံးဝအထောက်ကူ ဖြစ်ပါတယ်။ဆေးနည်းမှာကျောက်ကြေမကြေ စမ်းချင်သပဆို ဟင်းချက်စမှာ လက်သန်းဖျားလောက် ကျောက်ခဲလေးတစ်လုံးရေစင်အောင်ဆေးပြီး ထည့်ထားပါ။ဟင်းကျက်ရင်အဲဒီကျောက်ခဲဘယ်ရောက်သွားလဲလိုက်ရှာကြည့်ပေါ့နော်။

နည်းလမ်း (၅)

သွေးတိုးကျစေပြီး ၊ကျောက်ကပ်ကျောက်တည်တာကိုကာကွယ်ပေးနိုင်တဲ့ပြောင်းဖူးမွှေး

ပြောင်းဖူးမွှေးကိုပြုတ်ပြီး ပြောင်းဖူးမွှေးပြုတ်ရည်ကိုသောက်ပါ။ သွေးတိုးကျစေပြီး ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒီအပြင်ဆီးကျိတ်ရောင်ရမ်းတာ၊ ဆီးချို၊နှလုံးရောဂါ၊သွေးတိုးတို့ကိုကာကွယ်

ပေးနိုင်ပါတယ်။သွေးတိုးကျစေ- ဒီနေ့ခေတ်မှာ သွေးတိုးကအဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်လာပါပြီ။ပြောင်းဖူးမွှေး ရေနွေးကြမ်းကသွေးတိုးကို ကျစေပါတယ်။ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ပေးပါတယ်။ ပြောင်းဖူးမွှေးက

ဆီးသွားတဲ့နှုန်းကို တိုးစေပြီး ကျောက်ကပ်ထဲမှာကျောက်တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဒါပေမယ့်ကျောက်ကပ်ထဲမှာကျောက်ရှိနေပြီးသား ဆိုရင်တော့ လျော့အောင် မလုပ်ပေးနိုင်ပါဘူး။ ခရစ်ဒစ်မူရင်း

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *