အင်္ဂါသားသမီးများအတွက် 2021 ခုနှစ် တစ်နှစ်စာဟောစာတမ်း

ဒီနှစ်မှာ အင်္ဂါသားသမီးတွေအနေနဲ့ မိမိကြိုးစားထားသမျှတွေကို ပြန်လည်ခံစားရမယ့်နှစ်ပါ။မနှစ်ကအပင်ပန်းခံခဲ့တာတွေ၊ ရင်းနှီးမြုပ်နှံခဲ့တာတွေ၊ အနစ်နာခံကြိုးစားခဲ့တာတွေ ရှိကြတဲ့သူအတွက်ဒီနှစ်ဟာ ကောင်းကျိုးကို ပိုမိုဖြစ်ထွန်းစေပါ့မယ်။
စီးပွားရေး
အလုပ်သစ်၊ဝန်းကျင်သစ်တွင် ကြိုးစားရသော အချိန်ကာလဖြစ်၍ ကြိုးစားသလောက် အခွင့် ထူးရရှိပါလိမ့်မယ်။သွားလေရာ မျက်နှာပွင့်သော်လည်း ရန်သူများနေတတ်သည်။တစ်ခုသိထားရမှာက မိသားစု အတွင်း ညီအကိုမောင်နှမများသူတွေ၊ ယောက်ဖ၊ယောင်းမတွေနဲ့ အတူယှဉ်တွဲ နေထိုင် ကြရတဲ့သူတွေ အိမ်တွင်းရေး အပူရှိပါလိမ့်မယ်။

မိသားစုအတွင်းစိတ်သောကရောက်စရာ တွေကြုံနေရတတ် ပါတယ်။ ဒါကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါ။ ဆီလုပ်ငန်း၊ စိန်ထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့နှင့် အကျိုးပေးမည်။
မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အလုပ်အကိုင်များ ချဲ့ထွင်ရမည်။ ဒါမှမဟုတ်မိသားစုစီးပွားရေးတွေ ကွဲထွက် သွားနိုင်သည်။ဝန်ထမ်းလခစား အလုပ်များ အလုပ်ပြောင်း၊ ဋ္ဌာနပြောင်းတာမျိုးကတော့ လူနည်းစုလောက်သာ ကောင်း နိုင်ပါတယ်။
မလို အပ်ဘဲ အလုပ်ထွက်တာ၊အလုပ်နေရာပြောင်းတာမျိုးတွေမလုပ်စေချင်ပါဘူး။ဤနှစ်အတွင်း အပြင်မိတ် ကောင်း၊ ဆွေကောင်းများနှင့်တိုင်ပင်ပြီး လုပ်ငန်းများလုပ်ခြင်းဖြင့်အောင်မြင် လာလိမ့်မည်။
လုပ်ငန်းသစ်၊ စီးပွားသစ်စချင်တဲ့ သူတွေကိုတော့ အထူးအားပေးပါတယ်။ဒီနှစ်ကစတင်အရှိန်ယူရမယ့်နှစ်မျိုးဖြစ်နေလို့ပါ။ တစ်ခုခုကိုလုပ်ချင်စိတ်ရှိ နေတယ်ဆိုရင်ငွေအများကြီးမရှိတောင် မြေစမ်းခရမ်းပျိုးလုပ်ကြည့်သင့်တဲ့နှစ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။
ဒါအပြင် ပင်မ အလုပ်တစ်ခုခုလုပ်နေရင်းကနေ အချိန်ပိုလေးတွေကို တစ်ခုခုfreelancerလုပ်ကိုင်တာမျိုးက မထင်မှတ်လောက်အောင် တိုးတတ်မှုကိုရစေပါလိမ့်မယ်။နိုင်ငံခြားခရီးသွားလာခြင်းများကြုံတွေ့လာရတတ်သည်။
ပြည်တွင်းပြည့်ပ ဆက်သွယ်ရေး လုပ်ငန်း များလုပ် ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများ ဆောင်ရွက်ခြင်းများကောင်းသည်။ပန်းဖြေစခန်းဖွင့်ခြင်း၊အလုပ်သစ်များစတင်ထူထောင်ခြင်းများအထူးအကျိုးပေးမည်။

လုပ်ငန်းကိစ္စများတွင် ကြာသပတေး၊ စနေသားသမီးများနှင့်ဆောင်ရွက်ခြင်းများအထူးရှောင်ကြဉ်ရမည်။တနင်္ဂနွေ၊ အင်္ဂါသားသမီးတို့နှင့်အကျိုးပေးမည်။ မငြိမ်းချမ်းသော နေရာဒေသများသို့ခရီးသွားလာခြင်းများ အထူးရှောင်ကြဉ်ရမည်။ အိမ်၊ ခြံ ၊မြေ၊ ကား၊ တိုက်ခန်း အပြောင်းအလဲ ရှိ မည်။
အိုးအိမ်သစ်ဝယ်လို့ကောင်းတဲ့နှစ်ပါပဲ။ ရှိတဲ့ငွေလေးနဲ့ ခြံလေး၊မြေလေး ဝယ်ချင်တယ်ဆိုရင်တော့ ဒီနှစ်မှာ ဝယ် ထား လိုက်စေချင်ပါတယ်။စီးပွားဖက်များ၊ လုပ်ဖော်ကိုင်ဖက်များက ပေးထားသောကတိများ ပျက်ပြယ်ခြင်းများကြောင့် မိမိဆောင်ရွက် ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ဘယ်သူပြောတဲ့နှုတ်ကတိကိုမှအကြွင်းမဲ့ မယုံကြည်သင့်ပါဘူး။ဖုန်းနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်းရှိသည်။
ပညာရေး

ပညာရေးတွင် ဉာဏ်ရည်ထက်မြက်ကြီးမားလိမ့်မည်။ အတတ်ပညာကို အခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျှင် အထူးအောင်မြင်မည်။ပညာ တစ်ခု ခုကို အဆုံးထိသင်ပါ။ သင်တန်းတက်လိုက် တစ်လလောက်လိုက်လုပ်လိုက်ပြီးရင် မေ့ထားလိုက် ဆိုတာမျိုး ဖြစ်နေတတ်လို့ပါ။ပညာရေးနဲ့ စီးပွားရှာတဲ့အလုပ်တွေကတော့ထင်သလောက် အကျိုးမပေးတာကို တွေ့ရပါ တယ်။
ကျန်းမာရေး

ကျန်းမာရေးတွင် သတိထားရမှာက အရမ်းအထိုင်များလွန်းတာပဲဖြစ်ဖြစ်၊အမြဲတမ်းမတ်တပ် ရပ်နေ ရတဲ့ အလုပ်မျိုး လုပ်နေရသူတွေအထူးသတိထားပါ။ ဒါအပြင်ဆီးဝမ်းသွေးလေ မှန်အောင်နေပါ။ ဝမ်းချုပ်မခံသင့်သလို၊ မိန်းကလေးများလဲ ဓမ္မတာမှန်အောင် ဂရုစိုက်ပါ။ချောင်းဆိုးရောဂါ၊ အဆုတ်နှင့်ပတ်သက်သောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မီးယပ်ရောဂါများ၊ အကြောအဆစ် ရောင်ရမ်း သော ဝေဒနာများကို ခံစားရမည်။ကျန်းမာရေးကိစ္စရပ်များညံ့လာပါကစနစ်တကျကုသမှုခံယူသင့် သည်။ လူမှုရေးတွင်လည်း ကောင်းမွန်သောအချိန် အခါဖြစ်မည်။
အချစ်ရေး အိမ်ထောင်ရေး

ပျိုရွယ်သူများ မိမိမေတ္တာရေးအပေါ်၌ လေးလေး နက်နက် တန်ဖိုးထားသောသူများနှင့် တွေ့ကြုံရတတ်သည်။ ခရီးသွားလာရာတွင်လည်းကောင်း ချစ်သူ၊ ရည်းစား အဖြစ် တွေ့ဆုံသွားရတတ်သည်။ချစ်သူရှိပြီးသူများ အချစ်ရေးတွင် နားလည်မှုမလွဲမှားစေရန် ကြိုးစားရသောအချိန် ကာလဖြစ်သည်။ အိမ်ထောင်ရေးကို သာယာညီညွတ်အောင် ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။
အိမ်ထောင်ဘက်နဲ့ အနည်း ငယ်သဘောထားမတိုက်ဆိုင်တာများနေတတ်ပါတယ်။ အိမ်ထောင်ရေး သာယာချင်တယ် ဆိုရင်တော့ ဘာလုပ်လုပ် အိမ်ထောင်ဘက်ကိုတိုင်ပင်ပါ။ကိုယ့်သဘောဆန္ဒတစ်ခုထဲလုပ်လိုက်ရာက ပြဿနာပေါ်ပြီး အိမ်ထောင်ရေး အကြီး အကျယ် ပြဿနာ တတ်သွားနိုင်လို့ပါပဲ။

အကျိုးပေးဂဏန်း-၂၊၄၊၆၊၉
အကျိုးပေးအက္ခရ-စ၊ပ၊က၊ခ
အကျိုးပေးအရောင်- .ကြက်သွေးရောင်၊ ဖက်ဖူးရောင်၊မီးခိုးရောင်
တစ်နှစ်စာယတြာ-သန့်ရှင်းရေးကုသိုလ်ယူပါ။ ထွေးခံ၊အမှိုက်တောင်း၊ သွားတိုက်ဆေး၊ဆပ်ပြာ စတာတွေကိုနီးစပ် သူတွေကို လှူဒါန်းပေးပါ။ဒီနှစ်အတွင်း အဖက်ဖက်က အဆင်ပြေကံကောင်းမှုတွေရရှိပါစေ။
ဆရာငြိမ်းအေးလူ
လက်ဆန်းဗေဒင်သုတေသီ
Zawgyi
အဂၤါသားသမီးမ်ားအတြက္ 2021 ခုႏွစ္ တစ္ႏွစ္စာေဟာစာတမ္း

ဒီႏွစ္မွာ အဂၤါသားသမီးေတြအေနနဲ႔ မိမိႀကိဳးစားထားသမွ်ေတြကို ျပန္လည္ခံစားရမယ့္ႏွစ္ပါ။မႏွစ္ကအပင္ပန္းခံခဲ့တာေတြ၊ ရင္းႏွီးျမဳပ္ႏွံခဲ့တာေတြ၊ အနစ္နာခံႀကိဳးစားခဲ့တာေတြ ရွိၾကတဲ့သူအတြက္ဒီႏွစ္ဟာ ေကာင္းက်ိဳးကို ပိုမိုျဖစ္ထြန္းေစပါ့မယ္။
စီးပြားေရး
အလုပ္သစ္၊ဝန္းက်င္သစ္တြင္ ႀကိဳးစားရေသာ အခ်ိန္ကာလျဖစ္၍ ႀကိဳးစားသေလာက္ အခြင့္ ထူးရရွိပါလိမ့္မယ္။သြားေလရာ မ်က္ႏွာပြင့္ေသာ္လည္း ရန္သူမ်ားေနတတ္သည္။တစ္ခုသိထားရမွာက မိသားစု အတြင္း ညီအကိုေမာင္ႏွမမ်ားသူေတြ၊ ေယာက္ဖ၊ေယာင္းမေတြနဲ႔ အတူယွဥ္တြဲ ေနထိုင္ ၾကရတဲ့သူေတြ အိမ္တြင္းေရး အပူရွိပါလိမ့္မယ္။
မိသားစုအတြင္းစိတ္ေသာကေရာက္စရာ ေတြႀကဳံေနရတတ္ ပါတယ္။ ဒါကိုေတာ့ ေရွာင္လႊဲလို႔ မရႏိုင္ပါ။ ဆီလုပ္ငန္း၊ စိန္ထည္လုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္းတို႔ႏွင့္ အက်ိဳးေပးမည္။
မိသားစုစီးပြားေရးႏွင့္ပတ္သက္၍ အလုပ္အကိုင္မ်ား ခ်ဲ႕ထြင္ရမည္။ ဒါမွမဟုတ္မိသားစုစီးပြားေရးေတြ ကြဲထြက္ သြားႏိုင္သည္။ဝန္ထမ္းလခစား အလုပ္မ်ား အလုပ္ေျပာင္း၊ ႒ာနေျပာင္းတာမ်ိဳးကေတာ့ လူနည္းစုေလာက္သာ ေကာင္း ႏိုင္ပါတယ္။
မလို အပ္ဘဲ အလုပ္ထြက္တာ၊အလုပ္ေနရာေျပာင္းတာမ်ိဳးေတြမလုပ္ေစခ်င္ပါဘူး။ဤႏွစ္အတြင္း အျပင္မိတ္ ေကာင္း၊ ေဆြေကာင္းမ်ားႏွင့္တိုင္ပင္ၿပီး လုပ္ငန္းမ်ားလုပ္ျခင္းျဖင့္ေအာင္ျမင္ လာလိမ့္မည္။
လုပ္ငန္းသစ္၊ စီးပြားသစ္စခ်င္တဲ့ သူေတြကိုေတာ့ အထူးအားေပးပါတယ္။ဒီႏွစ္ကစတင္အရွိန္ယူရမယ့္ႏွစ္မ်ိဳးျဖစ္ေနလို႔ပါ။ တစ္ခုခုကိုလုပ္ခ်င္စိတ္ရွိ ေနတယ္ဆိုရင္ေငြအမ်ားႀကီးမရွိေတာင္ ေျမစမ္းခရမ္းပ်ိဳးလုပ္ၾကည့္သင့္တဲ့ႏွစ္တစ္ခုပဲျဖစ္ပါလိမ့္မယ္။
ဒါအျပင္ ပင္မ အလုပ္တစ္ခုခုလုပ္ေနရင္းကေန အခ်ိန္ပိုေလးေတြကို တစ္ခုခုfreelancerလုပ္ကိုင္တာမ်ိဳးက မထင္မွတ္ေလာက္ေအာင္ တိုးတတ္မႈကိုရေစပါလိမ့္မယ္။ႏိုင္ငံျခားခရီးသြားလာျခင္းမ်ားႀကဳံေတြ႕လာရတတ္သည္။
ျပည္တြင္းျပည့္ပ ဆက္သြယ္ေရး လုပ္ငန္း မ်ားလုပ္ ျခင္း၊ ကြန္ပ်ဴတာႏွင့္ တီထြင္ပညာမ်ား ေဆာင္႐ြက္ျခင္းမ်ားေကာင္းသည္။ပန္းေျဖစခန္းဖြင့္ျခင္း၊အလုပ္သစ္မ်ားစတင္ထူေထာင္ျခင္းမ်ားအထူးအက်ိဳးေပးမည္။
လုပ္ငန္းကိစၥမ်ားတြင္ ၾကာသပေတး၊ စေနသားသမီးမ်ားႏွင့္ေဆာင္႐ြက္ျခင္းမ်ားအထူးေရွာင္ၾကဥ္ရမည္။တနဂၤေႏြ၊ အဂၤါသားသမီးတို႔ႏွင့္အက်ိဳးေပးမည္။ မၿငိမ္းခ်မ္းေသာ ေနရာေဒသမ်ားသို႔ခရီးသြားလာျခင္းမ်ား အထူးေရွာင္ၾကဥ္ရမည္။ အိမ္၊ ၿခံ ၊ေျမ၊ ကား၊ တိုက္ခန္း အေျပာင္းအလဲ ရွိ မည္။
အိုးအိမ္သစ္ဝယ္လို႔ေကာင္းတဲ့ႏွစ္ပါပဲ။ ရွိတဲ့ေငြေလးနဲ႔ ၿခံေလး၊ေျမေလး ဝယ္ခ်င္တယ္ဆိုရင္ေတာ့ ဒီႏွစ္မွာ ဝယ္ ထား လိုက္ေစခ်င္ပါတယ္။စီးပြားဖက္မ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားက ေပးထားေသာကတိမ်ား ပ်က္ျပယ္ျခင္းမ်ားေၾကာင့္ မိမိေဆာင္႐ြက္ ထားသမွ် သဲထဲေရသြန္သလို ျဖစ္သြားတတ္သည္။ ဘယ္သူေျပာတဲ့ႏႈတ္ကတိကိုမွအႂကြင္းမဲ့ မယုံၾကည္သင့္ပါဘူး။ဖုန္းႏွင့္ အဖိုးတန္ပစၥည္းမ်ား က်ေပ်ာက္ကိန္းရွိသည္။
ပညာေရး
ပညာေရးတြင္ ဉာဏ္ရည္ထက္ျမက္ႀကီးမားလိမ့္မည္။ အတတ္ပညာကို အေျချပဳ၍ အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးေလ့လာႏိုင္လွ်င္ အထူးေအာင္ျမင္မည္။ပညာ တစ္ခု ခုကို အဆုံးထိသင္ပါ။ သင္တန္းတက္လိုက္ တစ္လေလာက္လိုက္လုပ္လိုက္ျပီးရင္ ေမ့ထားလိုက္ ဆိုတာမ်ိဳး ျဖစ္ေနတတ္လို႔ပါ။ပညာေရးနဲ႔ စီးပြားရွာတဲ့အလုပ္ေတြကေတာ့ထင္သေလာက္ အက်ိဳးမေပးတာကို ေတြ႕ရပါ တယ္။
က်န္းမာေရး
က်န္းမာေရးတြင္ သတိထားရမွာက အရမ္းအထိုင္မ်ားလြန္းတာပဲျဖစ္ျဖစ္၊အၿမဲတမ္းမတ္တပ္ ရပ္ေန ရတဲ့ အလုပ္မ်ိဳး လုပ္ေနရသူေတြအထူးသတိထားပါ။ ဒါအျပင္ဆီးဝမ္းေသြးေလ မွန္ေအာင္ေနပါ။ ဝမ္းခ်ဳပ္မခံသင့္သလို၊ မိန္းကေလးမ်ားလဲ ဓမၼတာမွန္ေအာင္ ဂ႐ုစိုက္ပါ။ေခ်ာင္းဆိုးေရာဂါ၊ အဆုတ္ႏွင့္ပတ္သက္ေသာေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ မီးယပ္ေရာဂါမ်ား၊ အေၾကာအဆစ္ ေရာင္ရမ္း ေသာ ေဝဒနာမ်ားကို ခံစားရမည္။က်န္းမာေရးကိစၥရပ္မ်ားညံ့လာပါကစနစ္တက်ကုသမႈခံယူသင့္ သည္။ လူမႈေရးတြင္လည္း ေကာင္းမြန္ေသာအခ်ိန္ အခါျဖစ္မည္။
အခ်စ္ေရး အိမ္ေထာင္ေရး
ပ်ိဳ႐ြယ္သူမ်ား မိမိေမတၱာေရးအေပၚ၌ ေလးေလး နက္နက္ တန္ဖိုးထားေသာသူမ်ားႏွင့္ ေတြ႕ႀကဳံရတတ္သည္။ ခရီးသြားလာရာတြင္လည္းေကာင္း ခ်စ္သူ၊ ရည္းစား အျဖစ္ ေတြ႕ဆုံသြားရတတ္သည္။ခ်စ္သူရွိၿပီးသူမ်ား အခ်စ္ေရးတြင္ နားလည္မႈမလြဲမွားေစရန္ ႀကိဳးစားရေသာအခ်ိန္ ကာလျဖစ္သည္။ အိမ္ေထာင္ေရးကို သာယာညီၫြတ္ေအာင္ ထိန္းသိမ္းႏိုင္ဖို႔လိုပါတယ္။
အိမ္ေထာင္ဘက္နဲ႔ အနည္း ငယ္သေဘာထားမတိုက္ဆိုင္တာမ်ားေနတတ္ပါတယ္။ အိမ္ေထာင္ေရး သာယာခ်င္တယ္ ဆိုရင္ေတာ့ ဘာလုပ္လုပ္ အိမ္ေထာင္ဘက္ကိုတိုင္ပင္ပါ။ကိုယ့္သေဘာဆႏၵတစ္ခုထဲလုပ္လိုက္ရာက ျပႆနာေပၚၿပီး အိမ္ေထာင္ေရး အႀကီး အက်ယ္ ျပႆနာ တတ္သြားႏိုင္လို႔ပါပဲ။
အက်ိဳးေပးဂဏန္း -၂၊၄၊၆၊၉ /အက်ိဳးေပးအကၡရာ-စ၊ပ၊က၊ခ /အက်ိဳးေပးအေရာင္ -ၾကက္ေသြးေရာင္၊ ဖက္ဖူးေရာင္၊မီးခိုးေရာင္
တစ္ႏွစ္စာယၾတာ .သန႔္ရွင္းေရးကုသိုလ္ယူပါ။ ေထြးခံ၊အမႈိက္ေတာင္း၊ သြားတိုက္ေဆး၊ဆပ္ျပာ စတာေတြကိုနီးစပ္ သူေတြကို လႉဒါန္းေပးပါ။ဒီႏွစ္အတြင္း အဖက္ဖက္က အဆင္ေျပကံေကာင္းမႈေတြရရွိပါေစ။
ဆရာၿငိမ္းေအးလူ
လက္ဆန္းေဗဒင္သုေတသီ