မြန်မာနိုင်ငံဘက် ဦးတည်လာနေတဲ့ ဖိလစ်ပိုင် တိုင်ဖုန်းမုန်တိုင်း VAMCO ရဲ့အခြေအနေ

မြန်မာနိုင်ငံဘက် ဦးတည်လာနေတဲ့ ဖိလစ်ပိုင် တိုင်ဖုန်းမုန်တိုင်း VAMCO ရဲ့အခြေအနေ

တိုင်ဖုန်းမုန်တိုင်း “VAMCO ” လမ်းကြောင်းကတော့ ဖိလစ်ပိုင်ကိုဖြတ်ကျော်ကာမိုးများစွာရွာသွန်းခဲ့ပြီယနေ့မှာ တောင်တရုပ်ပင်လယ်ပြင်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အဆိုပါ မုန်တိုင်းဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ မြန်မာ စံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်မှာ မုန်တိုင်းရဲ့အမြင့်


ဆုံးလေတိုက်နှုန်း ၁ နာရီ ၄၀ မိုင်နှုန်းနဲ့ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး ဗီယက်နမ်ကိုမိုးများစွာ ထပ်မံရွာသွန်းအုံးမယ်လို့ခန့်မှန်းပါတယ်။ယခု ဖြစ်ပေါ်နေသော အပူပိုင်းတိုင်ဖုန်း မုန်တိုင်း”VAMCO ” ရဲ့ အခြေအနေကတော့…ယနေ့ 06UTC အချိန်ထိုင်းမိုးလေဝသဌာနရဲ့တိုင်းထွာချက်များအရ Center pressureမှာ”980hpa”ဖြစ်ပြီး အနောက်ဘက်ကို၁ နာရီ ၁၄ မိုင်နှုန်းရွေ့လျား

နေပြီးမြန်မာနိုင်ငံဘက်ကိုဦးတည်နေပါတယ်။လက် ရှိမုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီ ၆၀ မိုင်နှုန်းဖြစ်ပြီ မနက်ဖြန် နိုဝင်ဘာလ ၁၃ရက်နေ့06UTCအချိန်တွင် ၁ နာရီ ၈၀ မိုင်နှုန်းအထိ အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းပါတယ် ခင်ဗျာ။ အဆိုပါ မုန်တိုင်းအရှိုန်ကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်


နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကွက်ကျားမှနေရာကျဲကျဲ မိုးရွာသွန်းနိုင်လာပါတယ်။ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာတော့ အားကောင်းလွန်းလှတဲ့ ဆောင်းလေအေးကြောင့် အကျိုးသက်ရောက်မှု မရှိသလောက်နည်ပြီး တိမ်အသင့်အတင့်လောက်သာဖြစ်ထွန်းနိုင်တယ်လို့

ခန့်မှန်းပါတယ်။မိုးမလိုအပ်သူများအတွက်တော့ ဆောင်းလေက ကယ်တင်ရှင်ကြီးပေါ့ မိုးလိုအပ်သူများအတွက်တော့ ဆောင်းလေက မျှော်လင့်ချက်ကို ရိုက်ချိုးဖျက်စီးသူကြီးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ကြိုသိတော့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်အောင်တင် ပေးခြင်းသာဖြစ်ပါတယ်။ ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *