မြန်မာနိုင်ငံမှာပထမဦးဆုံးစတင်ဖွင့်လှစ်လိုက်တဲ့ ကျွန်းအခြေပြု CBT တစ်ခုတနင်္သာရီတိုင်းမှာသတ်မှတ်ဖွင့်ပွဲပြုလုပ်
Unicode

တနင်္သာရီတိုင်းကျွန်းစုမြို့နယ်ဒုံညောင်းမှိုင်းကျေးရွာကိုမြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း CBTတစ်ခုအဖြစ်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ပေးလိုက်ပြီးဖွင့်ပွဲပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊ ဒုံညောင်မှိုင်းကျေးရွာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBT လည်း ဖြစ်လာပြီးမြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBTဖြစ်လာသည့်အတွက်

ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံ၊ ကရင်၊ ဗမာ လူမျိုးတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လူနေမှုဘဝ နေထိုင်မှုပုံစံကို လေ့လာ နိုင်ပြီး၊ ကျွန်းပေါ်တွင်စက်ဘီးစီးခြင်း၊ ကယှက်လှေခတ်ပြီး ဒီရေတောများလေ့လာခြင်း၊

ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းများလေ့လာခြင်းကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝအလှတရားများပြည့်နှက်လျက်ရှိရာတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တိုင်းဒေသကြီးအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊လူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ရေရှည်တည်တံ့ရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံတိုင်းရင်းသားများနှင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းကြရန်လိုအပ်တယ်လို့ဆိုပါတယ်။
Ref : MyanmaPlatform
Zawgyi
ျမန္မာႏိုင္ငံမွာပထမဦးဆုံးစတင္ဖြင့္လွစ္လိုက္တဲ့ ကၽြန္းအေျချပဳ CBT တစ္ခုတနသၤာရီတိုင္းမွာသတ္မွတ္ဖြင့္ပြဲျပဳလုပ္
တနသၤာရီတိုင္းကြၽန္းစုၿမိဳ႕နယ္ဒုံေညာင္းမႈိင္းေက်း႐ြာကိုျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳလူထုအေျချပဳခရီးသြားလုပ္ငန္း CBTတစ္ခုအျဖစ္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က သတ္မွတ္ေပးလိုက္ၿပီးဖြင့္ပြဲျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။

ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္ ၊ ဒုံေညာင္မႈိင္းေက်း႐ြာသည္ ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳ CBT လည္း ျဖစ္လာၿပီးျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳ CBTျဖစ္လာသည့္အတြက္
ဒုံးေညာင္မႈိင္းေက်း႐ြာရွိ ဆလုံ၊ ကရင္၊ ဗမာ လူမ်ိဳးတို႔၏ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားႏွင့္ လူေနမႈဘဝ ေနထိုင္မႈပုံစံကို ေလ့လာ ႏိုင္ၿပီး၊ ကြၽန္းေပၚတြင္စက္ဘီးစီးျခင္း၊ ကယွက္ေလွခတ္ၿပီး ဒီေရေတာမ်ားေလ့လာျခင္း၊
ငါးမွ်ားျခင္း၊ ငါးဖမ္းေလွႏွင့္လိုက္ပါ၍ ငါးဖမ္းလုပ္ငန္းမ်ားေလ့လာျခင္းကိုလည္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။
တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္က တနသၤာရီတိုင္းေဒသႀကီးသည္ သဘာဝအလွတရားမ်ားျပည့္ႏွက္လ်က္ရွိရာတိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္အတူ တိုင္းေဒသႀကီးအတြင္းခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာေစရန္အတြက္ ယခုကဲ့သို႔ လူထုအေျချပဳ ခရီးသြားလုပ္ငန္း(CBT)ကို ဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊
လူထုအေျချပဳ ခရီးသြား လုပ္ငန္း(CBT) ေရရွည္တည္တံ့ေရးႏွင့္ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဒသခံတိုင္းရင္းသားမ်ားႏွင့္ ၿမိတ္ခ႐ိုင္ခရီးသြားလုပ္ငန္းရွင္မ်ား ပူးေပါင္းႀကိဳးပမ္းၾကရန္လိုအပ္တယ္လို႔ဆိုပါတယ္။
Ref : MyanmaPlatform