ဒူးမဲ၊တံတောင်မဲနေသူတွေအတွက်(၇)ရက်အတွင်းဖြူသွားစေမယ့် သဘာဝနည်းလမ်း၂သွယ်
Unicode

မိန်းကလေး အများစုမှဒူးမည်းတဲ့ပြဿနာ၊တံတောင်ဆစ်မည်းတဲ့ဲပြဿနာမျိုးတွေ ရှိတတ်ပါတယ်။ဒီလိုဖြစ်နေရင်လက်ပြတ်ဝတ်တဲ့အခါ၊စကတ်တိုဘောင်းဘီတိုဝတ်တဲ့အခါမျိုးမှာအသားမညီဘဲအလွန်ကြည့်ရဆိုးစေပါတယ်။
အခုဒီလိုပြဿနာတွေကို တစ်ပါတ်အတွင်းထိထိရောက်ရောက် ဖြေရှင်းပေးမယ့်အလွယ်ဆုံးနည်းလမ်း၂ခုကို ပြောပြချင်ပါတယ်။
၁။သံပုယိုသီး (Lemon)ပြုလုပ်နည်း
သံပုယိုသီးဟာအသားအရေကို ကြည်လင်ဖြူဝင်းစေတဲ့သဘာဝပစ္စည်း တစ်မျိုးပါ။သံပုယိုသီးမှာပါဝင်တဲ့ citric acid က အသားအရေ မည်းညစ်မှုကို အရောင်ချွတ်ပေးနိုင်ပြီးအသားအရေကို ပိုမိုဖြူဝင်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။

ပြုလုပ်ရန်မှာ ပထမဦးဆုံး သံပုယိုသီးကို နှစ်ခြမ်းခွဲပါ။အအေးခံထားတဲ့သံပုယိုသီးဖြစ်လျှင်ပိုကောင်းပါတယ်။
ပြီးလျှင်သံပုယိုသီးခြမ်းကိုမုန့်ဖုတ်ဆိုဒါ( baking soda)အနည်းငယ်သုတ်၍ မည်းနေသောတံတောင်၊ဒူးပေါ်ကိုတစ်မိနစ်ခန့့်ပွတ်ပေးပါ။

နောက်ထပ် ၁၅မိနစ်ခန့်ကြာလျှင်ရေနွေးနွေးလေးနှင့်ဆေးချပါ။မှတ်ထားရမှာက သံပုယိုရည်ကြောင့် အသားအရေခြောက်သွေ့မှု ဖြစ်စေနိုင်သဖြင့် ရေနွေးဖြင့်ဆေးကြောပြီးလျှင်အစိုဓါတ်ထိမ်းသိမ်းပေးရန်သံလွင်ဆီ(သို့မဟုတ်)အုန်းဆီလိမ်းပေးရန်လိုအပ်ပါသည်။

ထိုနည်းလမ်းအတိုင်း တံတောင်မည်း ၊ ဒူးမည်းခြင်းတို့ သက်သာအထိ ပြုလုပ်ပေးပါ။
၂။ သကြား (Sugar)ဖြင့်ပြုလုပ်နည်း
သကြားသည် အသားအရေကိုအစိုဓါတ်ထိန်းသိမ်းခြင်းနှင့် ဆဲလ်သေများ ဖယ်ရှားပေးခြင်းတို့ကို လုပ်ဆောင် ပေးနိုင်သည့် သဘာဝအစွမ်းထက် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ဆဲလ်သေများကို ဖယ်ရှား ပေးခြင်းအပြင် အသားအရေကြမ်းခြင်းကို ရှင်းလင်း ပေးနိုင်၍ နူးညံပျော့ပြောင်း စေနိုင်သောအစွမ်းသတ္တိလည်းပါဝင်ပါသည်။ နည်းလမ်းကလည်း အလွန်လွယ်ကူပါတယ်။
ပြုလုပ်ရန်မှာသကြားနှင့် သံလွင်ဆီကို ရောစပ်ပြီး သပွတ်အူပေါ်တွင်တင်ကာ မည်းညစ်နေသော နေရာပေါ်သို့ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ကြေးချွတ်ပေးရမှာဖြစ်ပါတယ်။Scrub လုပ်သလိုမျိုးပဲ ဖြစ်ပါတယ်။

သပွတ်အူမရှိလျှင် ရေချိုးရင်းအသုံးပြုလေရှိသော ချေးတွန်းပစ္စည်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ ထိုနည်းလမ်းအတိုင်း နေ့စဉ်ရေမချိုးခင် ပြုလုပ်ပေးပါ ။
ChanLay ( ရွှေအင်းလေး )
Zawgyi
ဒူးမဲ၊တံေတာင္မဲေနသူေတြအတြက္(၇)ရက္အတြင္းျဖဴသြားေစမယ့္ သဘာ၀နည္းလမ္း၂သြယ္
မိန္းကေလး အမ်ားစုမွဒူးမည္းတဲ့ျပႆနာ၊တံေတာင္ဆစ္မည္းတဲ့ဲျပႆနာမ်ိဳးေတြ ရွိတတ္ပါတယ္။ဒီလိုျဖစ္ေနရင္လက္ျပတ္ဝတ္တဲ့အခါ၊စကတ္တိုေဘာင္းဘီတိုဝတ္တဲ့အခါမ်ိဳးမွာအသားမညီဘဲအလြန္ၾကည့္ရဆိုးေစပါတယ္။

အခုဒီလိုျပႆနာေတြကို တစ္ပါတ္အတြင္းထိထိေရာက္ေရာက္ ေျဖရွင္းေပးမယ့္အလြယ္ဆံုးနည္းလမး္၂ခုကို ေျပာျပခ်င္ပါတယ္။
၁။သံပုယိုသီး (Lemon)ျပဳလုပ္နည္း
သံပုယိုသီးဟာအသားအေရကို ၾကည္လင္ျဖဴဝင္းေစတဲ့သဘာဝပစၥည္း တစ္မ်ိဳးပါ။သံပုယိုသီးမွာပါဝင္တဲ့ citric acid က အသားအေရ မည္းညစ္မႈကို အေရာင္ခြ်တ္ေပးနိုင္ျပီးအသားအေရကို ပိုမိုျဖဴဝင္းေစနိုင္တဲ့အစြမ္း ရွိပါတယ္။
ျပဳလုပ္ရန္မွာ ပထမဦးဆံုး သံပုယိုသီးကို နွစ္ျခမ္းခြဲပါ။အေအးခံထားတဲ့သံပုယိုသီးျဖစ္လွ်င္ပိုေကာင္းပါတယ္။
ျပီးလွ်င္သံပုယိုသီးျခမ္းကိုမုန္႔ဖုတ္ဆိုဒါ( baking soda)အနည္းငယ္သုတ္၍ မည္းေနေသာတံေတာင္၊ဒူးေပၚကိုတစ္မိနစ္ခန္႔ ႔ပြတ္ေပးပါ။
ေနာက္ထပ္ ၁၅မိနစ္ခန္႔ၾကာလွ်င္ေရေႏြးေႏြးေလးနွင့္ေဆးခ်ပါ။မွတ္ထားရမွာက သံပုယိုရည္ေၾကာင့္ အသားအေရေျခာက္ေသြ႕မႈ ျဖစ္ေစနိုင္သျဖင့္ ေရေႏြးျဖင့္ေဆးေၾကာျပီးလွ်င္အစိုဓါတ္ထိမ္းသိမ္းေပးရန္သံလြင္ဆီ(သို႔မဟုတ္)အုန္းဆီလိမ္းေပးရန္လိုအပ္ပါသည္။

ထိုနည္းလမ္းအတိုင္း တံေတာင္မည္း ၊ ဒူးမည္းျခင္းတို႔ သက္သာအထိ ျပဳလုပ္ေပးပါ။
၂။ သၾကား (Sugar)ျဖင့္ျပဳလုပ္နည္း
သၾကားသည္ အသားအေရကိုအစိုဓါတ္ထိန္းသိမ္းျခင္းနွင့္ ဆဲလ္ေသမ်ား ဖယ္ရွားေပးျခင္းတို႔ကို လုပ္ေဆာင္ ေပးနိုင္သည့္ သဘာဝအစြမ္းထက္ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။
ဆဲလ္ေသမ်ားကို ဖယ္ရွား ေပးျခင္းအျပင္ အသားအေရၾကမ္းျခင္းကို ရွင္းလင္း ေပးနိုင္၍ နူးညံေပ်ာ့ေျပာင္း ေစနိုင္ေသာအစြမ္းသတၱိလည္းပါဝင္ပါသည္။ နည္းလမ္းကလည္း အလြန္လြယ္ကူပါတယ္။

ျပဳလုပ္ရန္မွာသၾကားနွင့္ သံလြင္ဆီကို ေရာစပ္ျပီး သပြတ္အူေပၚတြင္တင္ကာ မည္းညစ္ေနေသာ ေနရာေပၚသို႔ ၃ မိနစ္မွ ၅ မိနစ္ခန္႔အထိ ေၾကးခြ်တ္ေပးရမွာျဖစ္ပါတယ္။Scrub လုပ္သလိုမ်ိဳးပဲ ျဖစ္ပါတယ္။
သပြတ္အူမရိွလွ်င္ ေရခ်ိဳးရင္းအသံုးျပဳေလရွိေသာ ေခ်းတြန္းပစၥည္းေလးေတြကို အသံုးျပဳနိုင္ပါတယ္။ ထိုနည္းလမ္းအတိုင္း ေန႔စဥ္ေရမခ်ိဳးခင္ ျပဳလုပ္ေပးပါ ။
ChanLay ( ေရႊအင္းေလး )