MRTV-4 မှာ”မမှီဝဲနဲ့ကင်းအောင်နေ ” ဇာတ်လမ်းတွဲနဲ့ ပရိတ်ရင်ကို လှုပ်ခတ်သွားစေတဲ့ “‘ဒိုက်” ကာရိုက်တာနဲ့ သာထက်ဉာဏ်ဇော်

ပရိသတ်ကြီးရေ ဒါရိုက်တာ ဟိန်းစိုးရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးကတော့မနေ့ကဇန်နဝါရီလ(၁၁)ရက်နေ့မှာဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ပညာပေးဒရမ်မာဇာတ်ကားလေးဖြစ်တဲ့အပြင်ဘဝအသိတွေများစွာကိုလည် ပေးစွမ်းနိုင်ခဲ့တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးကပရိသတ်တွေကြားမှာ အောင်မြင်တာထက်ပိုတဲ့အတိုင်းအတာတစ်ခုကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။

အထူးသဖြင့် အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့သာထက်ဉာဏ်ဇော်ကတော့ပရိသတ်တွေရဲ့အားပေးမှုကိုအတိုင်းထက်အလွန်ရရှိခဲ့ပြီဖြစ်ပြီးသူ့အနေနဲ့လည်းဇာတ်လမ်းတွဲဇာတ်သိမ်းပိုင်းမှာကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်လာတာတွေ့ရပါတယ်။
”မမှီဝဲနဲ့ကင်းအောင်နေ” ကို တစ်နိုင်ငံလုံးမှ များကြီးကြည့်ရှုအားပေးကြသော ချစ်ပရိသတ်တွေ အားလုံးကို ပထမဆုံးအနေနဲ့ ကျေးဇူးများကြီးတင်ရှိပါတယ်ဗျ။

” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်နေ ရာကို ယုံကြည်စွာရွေးချယ်ပြီး အခွင့်အရေးပေးခဲ့ကြသော ကျွန်တော်တို့ Forever Groupရဲ့သက်ဆိုင်ရာလူကြီးများနှင့်ဆရာသမားများအားလုံးကိုဂါရဝပြုကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိသားစုလိုရင်းနှီးရပါသော ကျွန်တော် အရမ်းချစ်ရသော Producer ဆရာ ဦးသီ နှင့် မချွင်းမ ချန် စေတနာအပြည့်ဖြင့် သင်ကြားပေးသော Director ဆရာ ဦးဟိန်းစိုး တို့ကို ထပ်မံ၍ ကျေးဇူး များကြီးတင်ပြီး ဂါရဝပြုပါတယ်။
မမှီဝဲနဲ့ကင်းအောင်နေမှာ ” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်ကိုအဖက်ဖက်မှာပေါ်လွင်အောင်စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ရရင်ရသလိုသင်ကြားပေးသောအဖေ ” ဦးဗေဒါ ” ဆိုတဲ့ သဘာဝမင်းသားကြီး ကိုထူးခန့်ကျော်နှင့်ကိုဝေလု ” ဦးထွန်းသက် ” အစ်ကိုဆိုရင်

ရိုက်ကူးရေးအချိန် ရော အပြင် personal ကိစ္စတွေကအစ အကြီးတစ်ယောက်ပီသစွာ ယနေ့ထိကူညီ စောင့်ရှော က် ပေးတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်။
ဇာတ်လမ်းတွဲထဲတွင် ပါဝင်သော အနုပညာရှင် သရုပ်ဆောင်များအားလုံးကို ဂါရဝပြု ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျား” ဆိုပြီး ကျေးဇူးတင် စကားပြောလာပါတယ်။
သာထက်ဉာဏ်ဇော်ကတော့ သူ့ရဲ့ ကာရိုက်တာအပေါ် စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး ကြိုးစားသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း သာထက်ဉာဏ်ဇော်ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Thar Htet Nyan Zaw’s fb
credit cele connections
Zawgyi


