လေယာဉ်စီးရသကဲ့စီးရမယ့် ရန်ကုန်မြို့ပတ်ရထားလမ်းတည်ဆောက်မှု ပြီးစီးရန် ရက်အနည်းငယ်သာလို
ရန်ကုန်-ကြည့်မြင်တိုင်နှင့်ရေကူး-တာမွေလမ်းပိုင်း မြို့ပတ်ရထားလမ်းအစုန်အဆန်လမ်း ပြုပြင်ပြီးဖြစ်ကြောင်းမြန်မာ့မီးရထားအမှတ်(၇)တိုင်း(ရန်ကုန်)ကသိရပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုအနောက်ခြမ်းနှင့်အရှေ့ခြမ်းဟူ၍ (၂)ပိုင်းခွဲပြီးမြန်မာ့မီးရထားမှဆောင်ရွက်ခဲ့ရာတွင်အနောက်ခြမ်းကို (A-1) ကုမ္ပဏီက

၂၀၁၈ခုနှစ်ဖေဖော်ဝါရီလ (၂၁)ရက်မှစ၍တညင်းကုန်း-အင်းစိန် (၃ ဒသမ ၇၅)မိုင်၊ အင်းစိန်-ကြည့်မြင်တိုင် (၅ ဒသမ ၅)မိုင်၊ကြည့်မြင်တိုင်-ဘုရားလမ်း(၃)မိုင်ဟူ၍စုစုပေါင်း (၁၂ ဒသမ ၂၅)မိုင်ကို အပိုင်း(၃)ပိုင်းခွဲ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ယင်းတွင်နောက်ဆုံးကျန်ရှိနေသည့် ကြည့်မြင်တိုင်-ဘုရားလမ်း၊ အတွင်းလမ်းမှ ပြီးစီး သွားသဖြင့် အစုန်အဆန် ရထားများ ပုံမှန်အတိုင်း သွားလာနိုင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မြို့ပတ်အရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီ မှ၂၀၁၈ခုနှစ်ဒီဇင်ဘာလ (၂၁) ရက်ကစ၍တညင်းကုန်း- ပုရွက်ဆိတ်ကုန်း (၇ ဒသမ ၂၅) မိုင်၊ ပုရွက်ဆိတ်ကုန်း- ပုဇွန်တောင် (၈ ဒသမ ၅)မိုင် ၊စုစုပေါင်း(၁၅ ဒသမ ၇၅)မိုင်ကို

အပိုင်း(၂)ပိုင်းခွဲ၍ဆောင်ရွက်ခဲ့ကြောင်း ၊ယခုအခါရေကူး-တာမွေအပြင်လမ်းကို ဖွင့်လှစ်ခဲ့သဖြင့်တညင်းကုန်းဘူတာ မှ တာမွေဘူတာအထိ အစုန်အဆန် (အတွင်းလမ်း၊အပြင်လမ်း) ၂ခုလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
တာမွေ- ပုဇွန်တောင်လမ်းပိုင်းမှာအပြင်လမ်း ပြုပြင်ထားပြီးအတွင်းလမ်းသာ ကျန်ရှိတော့ကြောင်းနှင့် ပြုပြင်ရန် ကျန်ရှိနေသည့် တာမွေ- ပုဇွန်တောင် အတွင်းလမ်းပိုင်းကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ ကိုဗစ် ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့် မြို့ပတ်ရထားပြေးဆွဲမှုကို ရထားတွဲဆိုင်း (၃)ဆိုင်း ဖြင့်သာ နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများကို ပြေးဆွဲ ပေးလျက်ရှိပြီးပျမ်းမျှအားဖြင့် ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင် ခရီးသည် ၃၇၀၀ ဦးခန့်နှင့် ရုံးပိတ်ရက်များတွင် ၃၁၀၀ ဦးခန့် စီးနင်း လျက်ရှိကြောင်း သိရပါတယ်။
Zawgyi
၂၀၂၁ ႏွစ္ဦးပိုင္းမွာ ေလယာဥ္စီးရသကဲ့စီးရမယ့္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း
ရန္ကုန္-ၾကည့္ျမင္တိုင္ႏွင့္ေရကူး-တာေမြလမ္းပိုင္း ၿမိဳ႕ပတ္ရထားလမ္းအစုန္အဆန္လမ္း ျပဳျပင္ၿပီးျဖစ္ေၾကာင္းျမန္မာ့မီးရထားအမွတ္(၇)တိုင္း(ရန္ကုန္)ကသိရပါတယ္။
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကိုအေနာက္ျခမ္းႏွင့္အေရွ႕ျခမ္းဟူ၍ (၂)ပိုင္းခြဲၿပီးျမန္မာ့မီးရထားမွေဆာင္႐ြက္ခဲ့ရာတြင္အေနာက္ျခမ္းကို (A-1) ကုမၸဏီက

၂၀၁၈ခုႏွစ္ေဖေဖာ္ဝါရီလ (၂၁)ရက္မွစ၍တညင္းကုန္း-အင္းစိန္ (၃ ဒသမ ၇၅)မိုင္၊ အင္းစိန္-ၾကည့္ျမင္တိုင္ (၅ ဒသမ ၅)မိုင္၊ၾကည့္ျမင္တိုင္-ဘုရားလမ္း(၃)မိုင္ဟူ၍စုစုေပါင္း (၁၂ ဒသမ ၂၅)မိုင္ကို အပိုင္း(၃)ပိုင္းခြဲ၍ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
ယင္းတြင္ေနာက္ဆုံးက်န္ရွိေနသည့္ ၾကည့္ျမင္တိုင္-ဘုရားလမ္း၊ အတြင္းလမ္းမွ ၿပီးစီး သြားသျဖင့္ အစုန္အဆန္ ရထားမ်ား ပုံမွန္အတိုင္း သြားလာႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း သိရပါတယ္။
ရန္ကုန္ၿမိဳ႕ပတ္အေရွ႕ျခမ္းကို ေ႐ႊေတာင္ကုမၸဏီ မွ၂၀၁၈ခုႏွစ္ဒီဇင္ဘာလ (၂၁) ရက္ကစ၍တညင္းကုန္း- ပု႐ြက္ဆိတ္ကုန္း (၇ ဒသမ ၂၅) မိုင္၊ ပု႐ြက္ဆိတ္ကုန္း- ပုဇြန္ေတာင္ (၈ ဒသမ ၅)မိုင္ ၊စုစုေပါင္း(၁၅ ဒသမ ၇၅)မိုင္ကို

အပိုင္း(၂)ပိုင္းခြဲ၍ေဆာင္႐ြက္ခဲ့ေၾကာင္း ၊ယခုအခါေရကူး-တာေမြအျပင္လမ္းကို ဖြင့္လွစ္ခဲ့သျဖင့္တညင္းကုန္းဘူတာ မွ တာေမြဘူတာအထိ အစုန္အဆန္ (အတြင္းလမ္း၊အျပင္လမ္း) ၂ခုလုံး ၿပီးစီးသြားၿပီ ျဖစ္ေၾကာင္း သိရပါတယ္။
တာေမြ- ပုဇြန္ေတာင္လမ္းပိုင္းမွာအျပင္လမ္း ျပဳျပင္ထားၿပီးအတြင္းလမ္းသာ က်န္ရွိေတာ့ေၾကာင္းႏွင့္ ျပဳျပင္ရန္ က်န္ရွိေနသည့္ တာေမြ- ပုဇြန္ေတာင္ အတြင္းလမ္းပိုင္းကို လာမည့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကုန္တြင္ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရပါတယ္။
ယခုအခါ ကိုဗစ္ ေရာဂါျဖစ္ပြားေနသည့္ကာလ ျဖစ္သျဖင့္ ၿမိဳ႕ပတ္ရထားေျပးဆြဲမႈကို ရထားတြဲဆိုင္း (၃)ဆိုင္း ျဖင့္သာ နံနက္ပိုင္းႏွင့္ ညေနပိုင္း ႐ုံးခ်ိန္ရထားမ်ားကို ေျပးဆြဲ ေပးလ်က္ရွိၿပီးပ်မ္းမွ်အားျဖင့္ ႐ုံးဖြင့္ရက္မ်ားတြင္ တစ္ေန႔လွ်င္ ခရီးသည္ ၃၇၀၀ ဦးခန႔္ႏွင့္ ႐ုံးပိတ္ရက္မ်ားတြင္ ၃၁၀၀ ဦးခန႔္ စီးနင္း လ်က္ရွိေၾကာင္း သိရပါတယ္။