ခြေဖနောင့်မကွဲအောင်ကာကွယ်နည်းနှင့် ကွဲနေသောခြေဖနောင့်ကို အသဘာဝပစ္စည်းများဖြင့် အမြန်ဆုံးသက်သာအောင်ကုသနည်း

ခြေဖနောင့်မကွဲအောင်ကာကွယ်နည်းနှင့် ကွဲနေသောခြေဖနောင့်ကို အသဘာဝပစ္စည်းများဖြင့် အမြန်ဆုံးသက်သာအောင်ကုသနည်း

ဆောင်းတွင်းမှာ ခြေဖနောင့်ကွဲခြင်းကို ကာကွယ် ကုသရန်

နိုဝင်ဘာလကုန်ရင် ခရစ္စမတ်ရာသီထဲလည်း ဝင်တော့မယ်။ ဆောင်းရာသီလို ရာသီဥတု အေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။

ဖနောင့်ကွဲတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရတဲ့အပြင် အသားမာကြီးတက်ပြီး ခြေထောက်အလှကို ပျက်ဆီးစေနိုင်ပါတယ်။မိန်းကလေးတွေဆို တစ်ကိုယ်လုံးလန်းအောင် ဘယ်လောက်ပြင်ထား၊ ပြင်ထားခြေညှပ်ဖိနပ်စီးမိတဲ့နေ့မှာ ခြေဖနောင့်ကအက်ကွဲနေရင်အလှပျက်ပါတယ်။

ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ ဖနောင့်ကွဲခြင်းကိုကုစားနိုင်တဲ့သဘာဝကုထုံးလေး တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆင့် (၁) ရေနွေးကုထုံး

အရင်ဆုံးကြက်သီးနွေးရုံလောက်ရေနွေးတစ်အိုးရယ်၊မုန့်ဖုတ်ရာမှာသုံးတဲ့မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းရယ်၊ချေးတွန်းကျောက်လို့လူသိများကြတဲ့ရေမြှုပ်ကျောက်ရယ်၊ဆား (၂) ဇွန်းရယ်လိုအပ်ပါတယ်။

ကြွေဇလုံ(သို့)စတီးလ်ဇလုံထဲမှာကြက်သီးနွေးရုံလောက်ရေနွေးကိုထည့်လိုက်ပါ။ရေနွေးထဲမှာမုန့်ဖုတ်ဆိုဒါနဲ့ဆားနည်းနည်းရောလိုက်ပါ။ပြီးရင်သမအောင်ရောမွှေလိုက်ပါ။

သမသွားပြီဆိုရင်ခြေထောက်ကို ရေထဲမှာနှစ်ပြီး (၁၅) မိနစ်လောက် စိမ်ပေးလိုက်ပါ။(၁၅)မိနစ်ကြာအောင် စိမ်ပြီးရင် ခြေထောက်ကိုရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့ အရေပြားဆဲလ်သေလွှာတွေ ကွာကျသွားအောင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

အဆင့် (၂)ချေးချွတ်ခြင်း

ဆဲလ်သေတွေကိုဖယ်ရှားပြီးပြီဆိုရင်တော့ချေးချွတ်လို့ရပါပြီ။ချေးချွတ်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့ဆီ (၂)ဇွန်းနဲ့သကြားအနည်းငယ်ဖြစ်ပါတယ်။

အရင်ဆုံးကြွေဇလုံတစ်လုံးထဲမှာဆီ(၂)ဇွန်းနဲ့ သကြား(၁)ဇွန်းကိုထည့်လိုက်ပါ။သမအောင်မွှေပြီးရင်တော့ သဘာဝချေးချွတ်ဆေး (scrub) လေးက အဆင်သင့်ဖြစ်သွားပါပြီ။

အဲဒီ ချေးချွတ်ဆေး (scrub)လေးနဲ့ ခြေထောက်နဲ့ဖနောင့်ကို (၅)မိနစ်ခန့် ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။ပြီးရင်တော့ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ

အဆင့် (၃)အစိုဓာတ်ထိန်းသိမ်းခြင်း

ချေးချွတ်ပြီးပြီဆိုရင်တော့အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း (moisturizer) သုံးဖို့လိုအပ်လာပါပြီ။မိမိနှစ်သက်ရာ moisturizer တစ်မျိုးမျိုးကို သုံးပြီး အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းလို့ ရပါတယ်။

Moisturizer သုံးမယ်ဆိုရင် ခရင်မ်ကို ခြေဖဝါးတစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရမှာဖြစ်ပြီး ပြီးရင် ခြေအိတ်အပါးလေးနဲ့ ခဏလောက် စွပ်ထားပေးလိုက်ပါ။ ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။

ကွဲနေ သော ခြေမနောင့် အမြန်ကုသနည်း

ရာသီဥတုပူပြင်းခြင်း၊အေးလွန်းခြင်းနှင့်ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ကွဲခြင်းတို့ဖြစ်တတ်ကြပါသည်။အကျိုးဆက်ကဖိနပ်လည်းမစီးနိုင်သလိုလမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ချေ။

အိမ်တွင်းသုံးကုထုံးနည်းလေးဖြင့်ယုံယုံကြည်ကြည်စမ်းသပ်ကြည့်ပါအံ့ဖွယ်သက်သာပျောက်ကင်းစေပါသည်နည်းလမ်းလေးမှာ

ညအိပ်ရာဝင်ချိန်တွင်ခြေထောက်ကိုသန့်စင်အောင်ဆေးပြီးမန်ကျည်းမှည့်အနှစ်အနည်းငယ်နှင့်ကွမ်းရွက်အနည်းငယ်ကိုကြိတ်ပြီးခြေဖဝါးကွဲဒဏ်ရာအားသုတ်လိမ်းပေးပါ။သက်သာပျောက်ကင်းသွားပါလိမ့်မည်။ (ဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်းလေးဖြစ်ပါသည်။)

တစ်ခြားသူများလည်းသိရအောင် ပြန်လည်မျှဝေပေးသွားကြပါနော်။

ခရက်ဒစ်ရဲမျိုးသူ(ဗောဓိမြိုင်)
မေတ္တာဖြင့်

Zawgyi

ေျခဖေနာင့္မကြဲေအာင္ကာကြယ္နည္းႏွင့္ ကြဲေနေသာေျခဖေနာင့္ကို အသဘာ၀ပစၥည္းမ်ားျဖင့္ အျမန္ဆုံးသက္သာေအာင္ကုသနည္း

ေဆာင္းတြင္းမွာ ေျခဖေနာင့္ကြဲျခင္းကို ကာကြယ္ ကုသရန္

ႏိုဝင္ဘာလကုန္ရင္ ခရစၥမတ္ရာသီထဲလည္း ဝင္ေတာ့မယ္။ ေဆာင္းရာသီလို ရာသီဥတု ေအးတဲ့အခ်ိန္မွာ အေရျပားဆဲလ္ေသေတြ ဖေနာင့္မွာစုပုံၿပီး ဖေနာင့္ကြဲတတ္ပါတယ္။

ဖေနာင့္ကြဲတဲ့အခါ နာက်င္မႈေဝဒနာကို ခံစားရတဲ့အျပင္ အသားမာႀကီးတက္ၿပီး ေျခေထာက္အလွကို ပ်က္ဆီးေစႏိုင္ပါတယ္။မိန္းကေလးေတြဆို တစ္ကိုယ္လုံးလန္းေအာင္ ဘယ္ေလာက္ျပင္ထား၊ ျပင္ထားေျခညႇပ္ဖိနပ္စီးမိတဲ့ေန႔မွာ ေျခဖေနာင့္ကအက္ကြဲေနရင္အလွပ်က္ပါတယ္။

ဒီလိုအျဖစ္မ်ိဳးေတြကို ေရွာင္ရွားႏိုင္ဖို႔ ဖေနာင့္ကြဲျခင္းကိုကုစားႏိုင္တဲ့သဘာဝကုထုံးေလး တစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အဆင့္ (၁) ေရေႏြးကုထုံး

အရင္ဆုံးၾကက္သီးေႏြး႐ုံေလာက္ေရေႏြးတစ္အိုးရယ္၊မုန႔္ဖုတ္ရာမွာသုံးတဲ့မုန႔္ဖုတ္ဆိုဒါ (၂) ဇြန္းရယ္၊ေခ်းတြန္းေက်ာက္လို႔လူသိမ်ားၾကတဲ့ေရျမႇဳပ္ေက်ာက္ရယ္၊ဆား (၂) ဇြန္းရယ္လိုအပ္ပါတယ္။

ေျကြဇလုံ(သို႔)စတီးလ္ဇလုံထဲမွာၾကက္သီးေႏြး႐ုံေလာက္ေရေႏြးကိုထည့္လိုက္ပါ။ေရေႏြးထဲမွာမုန႔္ဖုတ္ဆိုဒါနဲ႔ဆားနည္းနည္းေရာလိုက္ပါ။ၿပီးရင္သမေအာင္ေရာေမႊလိုက္ပါ။

သမသြားၿပီဆိုရင္ေျခေထာက္ကို ေရထဲမွာႏွစ္ၿပီး (၁၅) မိနစ္ေလာက္ စိမ္ေပးလိုက္ပါ။(၁၅)မိနစ္ၾကာေအာင္ စိမ္ၿပီးရင္ ေျခေထာက္ကိုေရစင္ေအာင္ျပန္သုတ္ၿပီး ေခ်းတြန္းေက်ာက္နဲ႔ အေရျပားဆဲလ္ေသလႊာေတြ ကြာက်သြားေအာင္ ညင္သာစြာ ပြတ္တိုက္ေပးလိုက္ပါ။

အဆင့္ (၂)ေခ်းခြၽတ္ျခင္း

ဆဲလ္ေသေတြကိုဖယ္ရွားၿပီးၿပီဆိုရင္ေတာ့ေခ်းခြၽတ္လို႔ရပါၿပီ။ေခ်းခြၽတ္မယ္ဆိုရင္ လိုအပ္တဲ့ပစၥည္းေတြကေတာ့ဆီ (၂)ဇြန္းနဲ႔သၾကားအနည္းငယ္ျဖစ္ပါတယ္။

အရင္ဆုံးေျကြဇလုံတစ္လုံးထဲမွာဆီ(၂)ဇြန္းနဲ႔ သၾကား(၁)ဇြန္းကိုထည့္လိုက္ပါ။သမေအာင္ေမႊၿပီးရင္ေတာ့ သဘာဝေခ်းခြၽတ္ေဆး (scrub) ေလးက အဆင္သင့္ျဖစ္သြားပါၿပီ။

အဲဒီ ေခ်းခြၽတ္ေဆး (scrub)ေလးနဲ႔ ေျခေထာက္နဲ႔ဖေနာင့္ကို (၅)မိနစ္ခန႔္ ညင္သာစြာပြတ္တိုက္ေပးလိုက္ပါ။ၿပီးရင္ေတာ့ေရေအးေအးေလးနဲ႔ ျပန္လည္ေဆးေၾကာေပးလိုက္ပါ

အဆင့္ (၃)အစိုဓာတ္ထိန္းသိမ္းျခင္း

ေခ်းခြၽတ္ၿပီးၿပီဆိုရင္ေတာ့အေရျပားအစိုဓာတ္ျပန္လည္ထိန္းသိမ္းျခင္း (moisturizer) သုံးဖို႔လိုအပ္လာပါၿပီ။မိမိႏွစ္သက္ရာ moisturizer တစ္မ်ိဳးမ်ိဳးကို သုံးၿပီး အေရျပားအစိုဓာတ္ကို ျပန္လည္ထိန္းသိမ္းလို႔ ရပါတယ္။

Moisturizer သုံးမယ္ဆိုရင္ ခရင္မ္ကို ေျခဖဝါးတစ္ခုလုံး ႏွံ႔စပ္ေအာင္ လိမ္းေပးရမွာျဖစ္ၿပီး ၿပီးရင္ ေျခအိတ္အပါးေလးနဲ႔ ခဏေလာက္ စြပ္ထားေပးလိုက္ပါ။ ခဏၾကာရင္ေတာ့ ေျခအိတ္ျပန္ခြၽတ္ႏိုင္ပါၿပီ။ေျခဖေနာင့္ အက္ကြဲတဲ့အခါတိုင္း ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးႏိုင္ပါတယ္။

ကြဲေန ေသာ ေျခမေနာင့္ အျမန္ကုသနည္း

ရာသီဥတုပူျပင္းျခင္း၊ေအးလြန္းျခင္းႏွင့္ေျခေထာက္မွ ေျခဆီမျပန္ျခင္းတို႔ေၾကာင့္ ေျခဖဝါးနာျခင္း၊ကြဲျခင္းတို႔ျဖစ္တတ္ၾကပါသည္။အက်ိဳးဆက္ကဖိနပ္လည္းမစီးႏိုင္သလိုလမ္းလည္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့ေခ်။

အိမ္တြင္းသုံးကုထုံးနည္းေလးျဖင့္ယုံယုံၾကည္ၾကည္စမ္းသပ္ၾကည့္ပါအံ့ဖြယ္သက္သာေပ်ာက္ကင္းေစပါသည္နည္းလမ္းေလးမွာ

ညအိပ္ရာဝင္ခ်ိန္တြင္ေျခေထာက္ကိုသန႔္စင္ေအာင္ေဆးၿပီးမန္က်ည္းမွည့္အႏွစ္အနည္းငယ္ႏွင့္ကြမ္း႐ြက္အနည္းငယ္ကိုႀကိတ္ၿပီးေျခဖဝါးကြဲဒဏ္ရာအားသုတ္လိမ္းေပးပါ။သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။ (ေဘးထြက္ဆိုးက်ိဳးမရွိေသာျမန္မာနည္းေလးျဖစ္ပါသည္။)

တစ္ျခားသူမ်ားလည္းသိရေအာင္ ျပန္လည္မွ်ေ၀ေပးသြားၾကပါေနာ္။

ခရက္ဒစ္ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
ေမတၱာျဖင့္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *