သွေးတိုးရောဂါအတွက် လက်တွေ့ပျောက်တဲ့ သဘာဝဆေးနည်း
သွေးတိုးရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….လက်တွေ့ပျောက်လို့ မျှဝေပေးလိုက်ပါတယ် ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ခဲ့ပြီးဆေးရုံဆေးခန်းတွေသွားကုတယ်မပျောက်ပါ ငွေကုန်လူပန်း ဖြစ်ပြီးအိပ်ရာထဲမှာဘုံးဘုံးလဲပြီး သူကိုယ်သူ(သေ) စာရင်းသွင်းထားတဲ့လူကို ကျွန်တော်တွေ့လို့ဒီဆေးမြီးတိုလေးပေးခဲ့ပါတယ်

လူနာကမယုံမှာကြောက်လို့ လူနာကိုမှာခဲ့သေးတယ်။ဒီဆေးကိုနေ့စဉ်တစ်လတိတိသေက်ရန်နဲ့ အကယ်၍မပျောက်ခဲ့သော် ဆေးဘိုးကုန်ကျငွေများကို ပြန်လျော်ပေးမည့် ဂတိလဲပေးခဲ့ပါတယ် နောက်တစ်လအကြာမှာ တစ်မိုင်လောက်ဝေးတဲ့လူနာကို သွားကြည့်တော့ လူနာကလူကောင်းဖြစ်လို့. ဝလို့. စိုလို့.
အဲဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့ နှစ်(၂)လောက်ကပါ ၂၀၁၆ ခုကသွေးတိုးရောဂါကျွန်တော်မှာဖြစ်တယ် သွေးချိန်ကြည့်တော့အောက်သွေး(၁၂၀)အပေါ်သွေး(၁၉၀) ပါဆရာမကဂရုစိုက်ကုဘို့ပြောပြီး သွေးကျဆေးပေးခဲ့တယ်။အဲဒီအချိန်ကတရားစခန်းပွဲကျင်းပနေတဲ့အချိန် တရားစခန်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဆိုတော့ ဆေးဖော်ဘို့အချိန်ကမရနဲ့. တရားစခန်းပွဲလဲပြီး အောက်ဖော်ပြမည့် ဆေးမီးတိုကို.(၁၃)ရက်နေ့စဉ်သောက်လိုက်တာ ခုတော့ဗျာ မုန့်ဟင်းခါး ဝက်သားကြိုက်တာစား ယ္ခုစာရေးနေချိန်အထိ(ဒေါင်ဒေါင်လန်.)ဘဲဗျာ

ကဲဆေးနည်းကလွယ်လွယ်လေး(၁)နွားနို့စစ်စစ် ၁. ပိသာ (၂)ဥတစ်လုံးကြက်သွန်ဖြူ၇လုံး။ နွားနို့ကိုဆူအောင်ကြိုပါ …ပွက်ပွက်ဆူပြီဆိုရင်အခွန်နွှာထားတဲ့ကြက်သွန်ဖြူ(၇)လုံးကိုထည့်ပါကြက်သွန်ဖြူထည့်ပြီးနာရီကိုကြည့်ပါ(၁၀)မိနစ်ကြာရင်မီးဖိုပေါ်ကချပါပြီးရင်သောက်လို့ရတဲ့အချိန်ကနေတနေကုန်မကုန်မခြင်းနားနားပြီးသောက်ပါ

ရောဂါနုလျင်(၁၃ )ရက် သေလု့ဆဲဆဲလူဆိုလျင်ရက်(၃၀)၊ ကျွန်တော်ကတော့ဗျာ ဒီဆေးနည်းလေးကို အများသူငါသိအောင် ဆက်ပြီးဖြန့်ဝေစေချင်ပါတယ် ဒီဆေးနည်းလေးကို ဦးနေဝင်းလက်ထက်… လုပ်သားပြည်သူနေ့စဉ်သတင်းစာထဲမှာတွေ့လို့ရောဂါဖြစ်နေသူတွေကို တွေ့တိုင်းပေးပါတယ် …..ခက်တာကတချို့ကပြောသလို မလုပ်ကြတာတွေလဲတွေ့ခဲ့ရပါတယ်.။ ကိုင်းဒီစာကိုတွေ့တဲ့ ရောဂါပျောက်လိုသူအပေါင်း လိုက်နာဆောင်ရွက်နိုင်ကြပါစေကုရခက်နေတဲ့ သွေးတိုးရောဂါလဲ အမြန်ပျောက်ကင်း၍ အမျိုးဘာသာသာသနာကို ကာကွယ်ဆောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ. ဗျာ
မူရငျးပိုဈ အား ခရကျဒဈပေးပါတယ်